၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေပေးချေမှုနည်းလမ်းအမျိုးမျိုး အပြန်အလှန်ချိတ်ဆက်ပေးချေနိုင်သော ဒီဂျစ်တယ်ငွေပေးချေမှုစနစ်အား အများပြည်သူများ သိရှိအသုံးပြုမှုများပြားလာစေရေးနှင့် ငွေသားသုံးစွဲမှုလျှော့ချနိုင်ရေး အစဉ်ကြိုးပမ်းလျက်ရှိရာ (၇၅)နှစ်မြောက် စိန်ရတုလွပ်လပ်ရေးနေ့အထိမ်းအမှတ်ကာလအတွင်း အခမ်းအနားကျင်းပရာနေရာများတွင် ဒီဂျစ်တယ်စနစ်ဖြင့်ပေးချေနိုင်ရေးဘဏ်များ၊ ရောင်းချသူကိုယ်စားငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်းများအားဦးဆောင်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
၂။ ယခုအခါ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဦးဆောင်မှုဖြင့် အများပြည်သူများ ဒီဂျစ်တယ်ငွေပေးချေမှုစနစ်ကိုတွင် ကျယ်စွာအသုံးပြုလာနိုင်စေရေး နေပြည်တော်ပြည်ထောင်စုနယ်မြေတွင် (၄-၁-၂၀၂၃) ခုနှစ်မှစတင်ပြီး ရောင်းချသူကိုယ်စားငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် Nature Link Pay Company Limited (Trusty E-Commerce)နှင့် Zego Pay Company Limited (ZegoMoney)တို့မှ (၇၅)နှစ်မြောက် စိန်ရတုလွပ်လပ်ရေးနေ့အထိမ်းအမှတ်ပြပွဲများ ကျင်းပရာနေရာတွင်လည်းကောင်း၊ ဧရာဝတီဘဏ်လီမိတက် (AYA Pay)နှင့် မြန်မာနိုင်ငံသားများဘဏ်(Citizen Pay)တို့မှ စိန်ဒေါင်းစတိုးတွင်လည်းကောင်း၊ မိုဘိုင်းငွေပေးချေမှုလုပ်ငန်းဆောင်ရွက်နေသော ကမ္ဘောဇဘဏ်လီမိတက်(KBZPay)၊ ဧရာဝတီဘဏ်လီမိတက် (AYA Pay)၊ အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ်လီမိတက် (One Pay)၊ ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ် (A+Wallet)၊ မြန်မာနိုင်ငံသားများဘဏ်(Citizen Pay)၊ CB Bank PCL (CB Pay)၊ uab Bank Limited (uab pay)၊ ရွှေ(ကျေးလက်နှင့်မြို့ပြ)ဖွံ့ဖြိုးတိုးတက်ရေးဘဏ်(MoMoney)နှင့် Internet Wallet Myanmar Limited (OK$)တို့မှ Junction Center တွင်လည်းကောင်းလက်ဆောင်များပေးခြင်း(Gift Voucher)၊ အရောင်းမြှင့်တင်ခြင်း(Promotion) များဆောင်ရွက်ခြင်း၊ အသုံးပြုမှုဆိုင်ရာအသိပညာပေးခြင်းတို့အား ဆောင်ရွက်လျက်ရှိပြီး(၈-၁-၂၀၂၃)ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ပြည်သူများအနေဖြင့် ခေတ်မီပြီးလုံခြုံစိတ်ချရ၍ စွမ်းဆောင်ရည်ပြည့်ဝသော ဒီဂျစ်တယ်ငွေပေးချေမှုစနစ်တစ်ရပ် ပိုမိုအသုံးပြုလာနိုင်ပြီးလူမှုရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်