Skip to main content

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဝန်ထမ်းများအား ဂုဏ်ပြုသည့်အခမ်းအနား ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၆

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးရုံးဦးစီးဌာနများ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များနှင့် အနုပညာအထက်တန်းကျောင်းများမှ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုသည့်အခမ်းအနားကို Hotel Max ၌ ယမန်နေ့ ညနေပိုင်းက ကျင်းပခဲ့သည်။

တက်ရောက်အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

ဝန်ထမ်းပေါင်း ၈၅၀ ခန့် ပါဝင်ဆင်နွှဲခဲ့

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ဂုဏ်ပြုပွဲအခမ်းအနားပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနက နိုင်ငံတော်အကျိုးပြုလုပ်ငန်းများကို တစ်ထောင့်တစ်နေရာမှ တာဝန်ယူထမ်းဆောင်မှုများအပေါ် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ကြသော ဝန်ထမ်းများအားလုံး၏ကြိုးစားမှုကို အသိအမှတ်ပြု၍ ဂုဏ်ပြုလိုပါကြောင်း၊ ဖိတ်ကြားရေး၊ ကြိုဆိုနေရာ ချထားရေးနှင့် ဖျော်ဖြေရေးဆပ်ကော်မတီ၊ စာလုံးသရုပ်ဖော်ပြသရေးဆပ်ကော်မတီ၊ ပြန်ကြားရေးနှင့် လူထုလှုံ့ဆော်ရေးဆပ်ကော်မတီ၊ ဝန်ကြီးဌာနကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ ဂုဏ်ပြုယာဉ်ခင်းကျင်း ပြသရေးနှင့်တည်ဆောက်ရေးလုပ်ငန်းအဖွဲ့၊ ဂုဏ်ပြုယာဉ်အမှတ်ပေးလုပ်ငန်းအဖွဲ့၊ အထိမ်းအမှတ်ပြခန်းများ ခင်းကျင်းပြသရေးနှင့် အုပ်ချုပ်စီစဉ်ဆောင်ရွက်ရေးဆပ်ကော်မတီ၊ နိုင်ငံတော်အလံတင်အလေးပြု အခမ်းအနားနှင့် ဂုဏ်ပြုဆောင်ခန်းမတို့၌ တိုင်းရင်းသားတိုင်းရင်းသူအဖွဲ့၊ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် ပေးအပ်ခြင်းအခမ်းအနား (ဗန်းကိုင်၊ ဆိုင်းဝိုင်း)၊ ဖျော်ဖြေရေး၊ လူငယ်နှင့် စာပေအနုပညာပြပွဲနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ပြခန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သော တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအောက်ရှိ ယဉ်ကျေးမှုပြတိုက် ဝန်ထမ်းများအပါအဝင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းပေါင်း ၈၅၀ ခန့် ပါဝင် ဆင်နွှဲခဲ့မှုကိုဂုဏ်ပြုပါကြောင်း။

ယခုအချိန်အထိတပေါင်းကွင်း၌ ဖျော်ဖြေရေး၊ ပန်းချီရေးဆွဲရေး၊ ပန်းပုထုလုပ်ရေးနှင့် ပြခန်းများခင်းကျင်းပြသရေးတို့၌ တာဝန်ယူဆောင်ရွက်နေကြသည့် ဝန်ထမ်းများကိုလည်း ဂုဏ်ပြုပါကြောင်း၊ မိမိဝန်ကြီးဌာန၏ ဂုဏ်သိက္ခာတက်အောင် ဆောင်ရွက်နိုင်ခြင်းနှင့် တာဝန်ကျေပွန်စွာဆောင်ရွက်နိုင်ခြင်းတို့ကြောင့် အထူးပင်ဂုဏ်ယူမိပါကြောင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသူများကို ဂုဏ်ပြုညစာဖြင့် ဧည့်ခံခဲ့ကြောင်း သိရသည်။

သတင်းစဉ်