Skip to main content

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုခြင်းနှင့် ခရစ္စမတ်အကြို ဝန်ထမ်းများနှင့် မိတ်ဆုံစားပွဲကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၈

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုခြင်းနှင့် ခရစ္စမတ်အကြို ဝန်ထမ်းများနှင့် မိတ်ဆုံစားပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုခြင်းနှင့် လွတ်လပ်ရေးနေ့အခမ်းအနားအတွက် ပါဝင်ဆောင်ရွက်နေကြသည့် မိမိတို့ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများကို အားပေးချီးမြှောက်သည့်အနေဖြင့် ယခုကဲ့သို့ စီစဉ်ကျင်းပရခြင်းဖြစ်ပါကြောင်း၊ မကြာမီကာလတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့သို့ ရောက်ရှိတော့မည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အားလုံးပါဝင်ဆောင်ရွက်ကြစေလိုပါကြောင်း။

ထို့ပြင် ခရစ္စမတ်အချိန်ကာလသည် တစ်ဦးနှင့်တစ်ဦး မေတ္တာပြသသည့်အချိန်၊ ငြိမ်းချမ်းသည့်အချိန်ဖြစ်သဖြင့် ဌာနရှိဝန်ထမ်းများကို ခရစ္စမတ်လက်ဆောင်များ ပေးဝေရခြင်းဖြစ်ပါကြောင်း၊ ခရစ္စမတ်အချိန်တွင် အားလုံးအေးချမ်းကြပါစေကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးမိသားစုက ဌာနရှိဝန်ထမ်းများအား ခရစ္စမတ်လက်ဆောင်ကံစမ်းမဲများ ဖောက်ပေးပြီး ဝန်ထမ်းများနှင့်အတူတကွ လက်ရည်တပြင်တည်း ပျော်ပျော်ပါးပါး နေ့လယ်စာသုံးဆောင်ကြကာ ဝန်ထမ်းများက ခရစ္စမတ်တေးသီချင်းများ၊ တိုင်းရင်းသားတေးသီချင်းများ၊ အဆိုအကများဖြင့် သီဆို၊ ကပြဖျော်ဖြေခဲ့ကြရာ ဂုဏ်ပြုဆုငွေများချီးမြှင့်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)