နေပြည်တော် ဒီဇင်ဘာ ၁၅
၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပရေး ကော်မတီ တတိယအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ကော်မတီဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးရဲတင့်၊ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ဒေါက်တာ မိုးဇော်ထွန်း၊ ဦးအောင်ကျော်ထွန်း၊ ဦးထွန်းအုံ၊ ဦးဇော်ဝင်း၊ ဒေါက်တာအေးထွန်း၊ ဦးဝင်းဖေ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်းက (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားသည် နိုင်ငံအတွက် အထွတ်အမြတ် အခမ်းအနားဖြစ်ပါကြောင်း၊ အဆိုပါအခမ်းအနားနှင့် ဆက်စပ်၍ ဂုဏ်ပြုအစီအစဉ် နှင့် ဆက်စပ်အခမ်းအနားများကို ကျင်းပလျက်ရှိပါကြောင်း၊ နေ့ထူးနေ့မြတ် ကြုံတောင့်ကြုံခဲအခမ်း အနားဖြစ်သည့်အတွက် အချိန်နီးကပ်လာသည်နှင့်အမျှ ဆောင်ရွက်ရန် ကိစ္စရပ်များ များပြားပါ ကြောင်း၊ နိုင်ငံတော်၏ အမြင့်ဆုံး အခမ်းအနားဖြစ်သည့်အတွက် မိမိတို့ တာဝန်များကို အကောင်း ဆုံးဖြစ်အောင် စီမံဆောင်ရွက်ကြရန်နှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ၊ အခက်အခဲများနှင့် လိုအပ် ချက်များကို တင်ပြဆွေးနွေး ကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီ ဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်က ဇန်နဝါရီ ၄ ရက်မှ ၈ ရက်အထိ နေပြည်တော် ဥပ္ပါတသန္တိဘုရားအနီး တပေါင်းကွင်းတွင် ဝန်ကြီးဌာနများ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ် ကိုယ်စားပြု ဂုဏ်ပြုယာဉ်များ ထားရှိပြသနိုင်ရေး၊ ယိမ်းအကအဖွဲ့များ၊ ခေတ်ပေါ်တေးဂီတ အဖွဲ့များဖြင့် ဖျော်ဖြေတင်ဆက်နိုင်ရေး၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ အထိမ်းအမှတ်ပြခန်းများ၊ တိုင်းရင်းသား ရိုးရာအစား အသောက်ပြခန်းများ ဆောက် လုပ်ပြီးစီးမှုနှင့် အစားအသောက်များ စုံလင်စွာ ခင်းကျင်းပြသနိုင်ရေး၊ သမိုင်းမှတ်တမ်း ကျန်ရှိစေ ရေးအတွက် မှတ်တမ်းစာအုပ် ဆောင်ရွက်နိုင်ရေးနှင့် အများပြည်သူ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများဖြင့် စည်စည်ကားကားကျင်းပနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြော ကြားသည်။
ယင်းနောက် ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးရဲတင့်က ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်မည့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု ဂုဏ်ပြုယာဉ်များ ပြင်ဆင်ဆောင်ရွက်နေမှု၊ ဖျော်ဖြေမည့် ယိမ်းအဖွဲ့များအတွက် သီချင်းရွေးချယ်ပေးထားမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ထို့နောက် ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီ တွဲဖက်အတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ဂုဏ်ပြုယာဉ်များ ပါဝင်ဆောင်ရွက်မည့် အစီအစဉ်၊ ဂုဏ်ပြုတပ်ခွဲများ ချီတက်စဉ် သီဆိုမည့် တေးသီချင်းများ၊ ဂုဏ်ပြုယာဉ် ဆုချီးမြှင့်မည့် အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီ အဖွဲ့ဝင် ဒုတိယဝန်ကြီးများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ တက်ရောက်လာကြသူများက ဂုဏ်ပြုအခမ်း အနားတွင် ပါဝင်မည့်အဖွဲ့များ လျာထားမှု၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ဆောင်ရွက်ထားရှိမှု၊ အခမ်းအနားပြင်ဆင်မှု၊ ဂုဏ်ပြုယာဉ်များ တည်ဆောက်နေမှု၊ ရိုးရာအစားအသောက်ပြခန်းများ ခင်းကျင်းပြသရန် ဆောင်ရွက်နေမှု၊ တည်ဆောက်ရေးဆိုင်ရာ လျာထားမှု၊ ခွင့်ပြုချက်ရယူရန်နှင့် ပေါင်းစပ်ညှိနှိုင်းပေးရန် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ဂုဏ်ပြုအခမ်း အနားကျင်းပရေးကော်မတီ တွဲဖက်အတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က အစည်းအဝေး ဆုံးဖြတ်ချက်များကို အတည်ပြု ဖတ်ကြားသည်။
ယင်းနောက် ဂုဏ်ပြုအခမ်း အနားကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
သတင်းစဉ်