နေပြည်တော် ဒီဇင်ဘာ ၁၃
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး မစ္စတာ ချုခ်ဘွန်နာကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား အစဉ်အလာအရ ချစ်ကြည်ရင်းနှီးမှုနှင့် မိတ်ဖက်ဆက်ဆံရေးအပေါ် သဘောထားနှင့် လာမည့်နှစ်များအတွင်း နှစ်နိုင်ငံအကြားနှင့် နိုင်ငံတကာ မျက်နှာစာတွင် နီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်သွားရေးတို့အပေါ် ရင်းနှီးစွာ အမြင်ချင်းဖလှယ် ခဲ့ကြသည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီး သည် ကမ္ဘောဒီးယားအစိုးရ၏ မြန်မာနိုင်ငံအပေါ် အပြုသဘောဆောင်သည့် ကဏ္ဍမှပါဝင်၍ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခြင်းအပေါ် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
သတင်းစဉ်