Skip to main content

မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်နှင့် မြန်မာ့သင်္ဘောကျင်းတို့ကို ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ဒီဇင်ဘာ ၆

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်သို့ရောက်ရှိပြီး ဆောင်ရွက်ဆဲနှင့် ဆောင်ရွက် ရန်ကျန်ရှိသည့် လုပ်ငန်းကိစ္စရပ်များကို သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်သွားကြရန်၊ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ သတ်မှတ်တင်ဒါ လုပ်ထုံးလုပ်နည်း၊ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်နှင့် တာဝန်ရှိသူ အဆင့်ဆင့်က အနီးကပ်ကြီးကြပ် ဆောင်ရွက်သွားရန်မှာကြားပြီး ဝန်ထမ်းများအား အစားအသောက်များ ထောက်ပံ့ပေးအပ်သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် စာသင်ခန်းမများ၊ ဘာသာရပ်အလိုက် Lab ခန်းများ၊ Simulator ခန်းများ၊ စာကြည့်တိုက်၊ Reference Room၊ သင်တန်းသားအိပ်ဆောင်နှင့် စားရိပ်သာ၊ Gym ကစားသည့်နေရာ၌ အားကစားပစ္စည်းများထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး စားရိပ်သာ၌ ရေကြောင်းအရာရှိလောင်း သင်တန်းသားများနှင့်အတူ လက်ရည်တစ်ပြင်တည်း ခင်မင်ရင်းနှီးစွာ နေ့လယ်စာသုံးဆောင်သည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မြန်မာ့သင်္ဘောကျင်းလုပ်ငန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက မြန်မာ့သင်္ဘောကျင်းလုပ်ငန်း၏ ရေယာဉ် တည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်းဆိုင်ရာကိစ္စများကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက လိုအပ်သည် များကို ဆွေးနွေးပေါင်းစပ်ညှိနှိုင်းပေးသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် မြန်မာ့သင်္ဘောကျင်းလုပ်ငန်း၏ တန်ချိန် ၁၂၀၀၀ ရေလုံ လွန်းကျင်း၏ ရေတံခါးပြုပြင်ပြီးစီးမှုနှင့် ဆက်စပ်လုပ်ငန်းများ၏အခြေအနေ၊ ရေယာဉ် ပြင်ဆင်ရေး အလုပ်ရုံနှင့် ရေယာဉ်များရေပေါ်ပြင်ဆင်ရေး ပြုလုပ်နိုင်သည့်ရေကန်၏ လက်ရှိရေတံခါးများ အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်