Skip to main content

နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာ

ပြည်သူက တစ်ခဲနက်ရွေးချယ်တင်မြှောက်ခဲ့သော ပြည်သူ့အစိုးရ၏ သက်တမ်းမှာ လေးနှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ လေးနှစ်တာကာလအတွင်း နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးတွင် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ကာ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများကို အားကြိုးမာန်တက်

ဆောင်ရွက်ခဲ့သည့် ပြည်သူ့အစိုးရ၏ ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မှုများမှာ အားလုံးကောင်းမွန်အောင်မြင်ပါသည်ဟူ၍ မဆိုနိုင်သေးသည့်တိုင် သိသာထင်ရှားစွာ မြင်တွေ့ နိုင်သည့် အောင်မြင်မှုများ၊ မမြင်တွေ့နိုင်သည့် အောင်မြင်မှုများ၊ စိန်ခေါ်မှုများနှင့် ရုန်းကန် နေရဆဲလုပ်ငန်းစဉ်များဟူ၍ တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရ၏ စတုတ္ထ(၁)နှစ်တာ ကာလအတွင်း ပြည်သူများအတွက် ကြိုးပမ်းဆောင်ရွက်မှုများကို ဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မှတ်တမ်း ပြုတင်ပြအပ်ပါကြောင်း။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် မြန်မာနိုင်ငံအတွက် လိုအပ်သော အခြေခံအဆောက် အအုံဖြစ်သည့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိသုံးစွဲနိုင် စေရေး၊ ခေတ်စနစ်နှင့်အညီ နိုင်ငံတော်၏ စီးပွားရေးကို

တောင့်တင်းခိုင်မာစေမည့် စွမ်းအင်အရင်းအမြစ်များ ဖော်ထုတ်ရရှိရေးတို့ကို အားသွန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိကာလသည် အစိုးရ၏စတုတ္ထ(၁)နှစ်တာကို ဖြတ်သန်း ကျော်လွန်ပြီးချိန်လည်းဖြစ်သည်။ (၁)နှစ်တာအတွင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြည်သူတို့၏ အကျိုးစီးပွားအတွက် ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးများ ဖြစ်သော ဒေါက်တာထွန်းနိုင်နှင့် ဦးခင်မောင်ဝင်းတို့ကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်များကို ဖော်ပြလိုက်ပါသည် -

ဒေါက်တာထွန်းနိုင် (ဒုတိယဝန်ကြီး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန)

မေး ။ ။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ အစိုးရရဲ့စတုတ္ထ(၁)နှစ်တာကို ဖြတ်သန်း ခဲ့ပြီးချိန် (ယခုကာလမှာ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်တဲ့ ဆောင်ရွက်ထားမှုတွေ ကို သိပါရစေ။

ဖြေ ။ ။ စွမ်းအင်ကဏ္ဍနဲ့ ပတ်သက်ပြီး ယခင်က( ဥပဒေတွေဟာ ခေတ်စနစ်နဲ့ မလျော်ညီတော့ တဲ့အတွက် ၂၀၁၇ ခုနှစ်မှာ ရေနံလက်ယက်တွင်းဆိုင်ရာ ဥပဒေ၊ ရေနံနှင့်ရေနံထွက်ပစ္စည်း ဆိုင်ရာ ဥပဒေနှစ်ခုကို ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။ ဥပဒေတွေနဲ့ လိုက်လျောညီထွေတဲ့ နည်းဥပဒေ တွေကိုလည်းရေးဆွဲပြီး လက်ရှိမှာ ပြည်ထောင်စုရှေ့နေ ချုပ်ရုံးကိုပေးပို့ပြီး သဘောထား မှတ်ချက်တွေ တောင်းခံထားပါတယ်။ ဒါ့အပြင် ရေနံစူးစမ်း ရှာဖွေခြင်း၊ စမ်းသပ်ခြင်းနဲ့ တူးဖော်ထုတ်လုပ်ခြင်းဆိုင်ရာ ဥပဒေမူကြမ်းကိုပြုစုပြီး ပြည်သူ့လွှတ်တော်ကို တင်ပြတဲ့အဆင့် ကို ရောက်ရှိ နေပါပြီ။

မေး ။ ။ စွမ်းအင်ကဏ္ဍမှာ ဆောင်ရွက်နေတဲ့ လုပ်ကွက်တွေနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆောင်ရွက်ချက်တွေကိုလည်း ပြည်သူတွေသိရှိအောင် ရှင်းပြပေးစေလိုပါတယ်။

ဖြေ ။ ။ ကျွန်တော်တို့နိုင်ငံမှာ ကုန်းတွင်းပိုင်း ရေနံလုပ်ကွက်ပေါင်း ၅၃ ကွက်နဲ့ ကမ်းလွန်လုပ်ကွက်ပေါင်း ၅၁ ကွက် စုစုပေါင်း ၁၀၄ ကွက်ရှိပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေနဲ့ ကုန်းတွင်းပိုင်းမှ ၂၅ ကွက်နဲ့ ကမ်းလွန်ပိုင်းမှာ ၃၁ ကွက်ရှိပါတယ်။ စာချုပ် ချုပ်ဆိုထားတဲ့ ကုမ္ပဏီတွေက သူတို့လုပ်ကိုင်ခွင့်ရတဲ့ လုပ်ကွက် တွေအလိုက် ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို စူးစမ်း ရှာဖွေကြရာ မှာ ရလဒ်ကောင်းတွေ ရှိပါတယ်။

၂၀၁၆ - ၂၀၁၇ ခုနှစ်က AD - 7 လုပ်ကွက်ထဲမှာ POSCO d. Woodside moro cozmoel: 0950 ဓာတ်ငွေ့ရှာဖွေတွေ့ရှိပါတယ်။ ၂၀၁၇ - ၂၀၁၈ ခုနှစ်မှာ A - 6 လုပ်ကွက်ကနေ Woodside နဲ့ Total ရယ်၊ မြန်မာကုမ္ပဏီဖြစ် တဲ့ MPRL ကုမ္ပဏီရယ် ပူးပေါင်းပြီး သဘာဝဓာတ်ငွေ့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ၂၀၁၈ - ၂၀၁၉ ခုနှစ်မှာ A- 6လုပ်ကွက်မှာ Woodside, Total နဲ့ MPRL ကုမ္ပဏီတွေကပဲ သဘာဝဓာတ်ငွေ့တွေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ၂၀၁၉ -၂၀၂၀ ပြည့်နှစ်မှာ လည်း ဝမ်းသာစရာကောင်းတာက A-3 လုပ်ကွက်မှာ POsco ကနေပြီး သဘာဝဓာတ်ငွေ့ ရှာဖွေတွေ့ရှိမှုတွေ ဆောင်ရွက်နိုင်ခဲ့ပါတယ်။

အဲဒီလို ဆောင်ရွက်နိုင်ခဲ့သလိုမျိုးပဲ မူလကတွေ့ရှိပြီး စီးပွားဖြစ်ထုတ်လုပ်နေတဲ့ ရဲတံခွန် လုပ်ကွက်တွေ၊ Gold Patrol နဲ့ ကုန်းတွင်းပိုင်းမှာ ရှာဖွေတာ၊ MPRL နဲ့ ကုန်းတွင်းပိုင်းမှာ ရှာဖွေထုတ်လုပ်မှုတွေကို နှစ်စဉ်တိုးတက် ဆောင်ရွက်ခဲ့ပါတယ်။ ဒီလို တိုးတက်ခဲ့တဲ့အတွက် တစ်နှစ်ကို ရေနံစည်(အမေရိကန်စည်) သန်းပေါင်း ၄ သန်းကျော် စဉ်ဆက်မပြတ် ထုတ်လုပ် နိုင်ခဲ့ပါတယ်။

သဘာဝဓာတ်ငွေ့ကို ရတနာ၊ ရဲတံခွန်၊ ရွှေနဲ့ ဇောတိက စတဲ့ကမ်းလွန်လုပ်ကွက်တွေသာမက ကုန်းတွင်းပိုင်းမှာလည်း ထုတ်လုပ်နေပါတယ်။ နှစ်စဉ်ကုဗပေသန်းပေါင်း ၆၀၀၀၀၀ ကျော်ကနေ ၆၇၀၃၆၂ အထိ  တိုးတက်ထုတ်လုပ်ဖို့ ဆောင်ရွက်နေပါတယ်။ အဲဒီလို ရေနံနဲ့သဘာဝဓာတ်ငွေ့တွေ ရှာဖွေမှုအပိုင်းသာမက ဒါတွေကို ပို့ဆောင်ပေးမယ့် ပိုက်လိုင်း တည်ဆောက်ခြင်း လုပ်ငန်းတွေမှာ ပါ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ရပါတယ်။

ယခုကာလအတွင်း ပြည်ပကို ရေနံစိမ်းသင်္ဘောတွေ အစင်းရေတိုးတက်ပြီး တင်ပို့နိုင်ခဲ့ ပါတယ်။ ၂၀၁၇ - ၂၀၁၈ ခုနှစ်မှာ ၃၅ စင်းခန့်တင်ပို့နိုင်ခဲ့ပြီး ၂၀၁၉ - ၂၀၂၀ ပြည့်နှစ်မှာ ၄၃ စင်းခန့် တင်ပို့ဖို့ လျာထားပါတယ်။ ဒီလိုလျာထားဆောင်ရွက်တဲ့အတွက် ရေနံစိမ်းတင်ပို့နိုင်မှုက နှစ်စဉ်တန်ချိန်တွေ တိုးတက်လာပါတယ်။ တိုးတက်ထုတ်လုပ်နိုင်တာနဲ့အမျှ ယခုနှစ်အတွင်းမှာ စွမ်းအင်ကဏ္ဍကနေ နိုင်ငံတော်ဝင်ငွေကို တိုးတက်ပြီးရှာဖွေနိုင်ခဲ့ပါတယ်။

မေး ။ ။ သဘာဝဓာတ်ငွေ့ ရှာဖွေဖော်ထုတ်မှု အခြေအနေကိုလည်း သိလိုပါတယ်ရှင့်။

ဖြေ ။ ။ စွမ်းအင်ကဏ္ဍမှာသဘာဝဓာတ်ငွေ့ကို ကမ်းလွန်ကနေ ရှာဖွေသလို၊ ကုန်းတွင်းပိုင်း မှာလည်းရှာပါတယ်။ ရရှိလာတဲ့ သဘာဝဓာတ်ငွေ့တွေကို ပြည်တွင်း စက်မှု၊ လက်မှုလုပ်ငန်း တွေဆီကို ပို့လွှတ်ဖြန့်ဖြူးရပါတယ်။ ပို့လွှတ်ဖြန့်ဖြူးဖို့အတွက် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေ ကို နှစ်စဉ်အသစ် တိုးချဲ့တည်ဆောက်ရပါတယ်။ တည်ဆောက် ထားတဲ့သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းတွေအပြင် မူလတည်ဆောက်ထားတဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေ ကြံ့ခိုင်အောင် အစားထိုးပြုပြင် ဆောင်ရွက်ခြင်းလုပ်ငန်းကို နှစ်စဉ်မိုင်ပေါင်း ၃၅ မိုင်ကနေ ယခုနှစ်မှာ မိုင်ပေါင်း ၇၀ နီးပါး တိုးချဲ့ပြီး အစားထိုး တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

တည်ဆောက်မှုတွေအပြင် ရေနံစိမ်းတွေ ရှာဖွေတွေ့ရှိတဲ့အတွက် ပြည်သူတွေ အသုံးပြုလို့ ရအောင် ဓာတ်ဆီ၊ ဒီဇယ်။ လေယာဉ်ဆီ၊ cGO နဲ့ ရေနံမီးသွေးတွေကို နှစ်စဉ်တစ်နှစ်ထက် တစ်နှစ် တိုးတက်ထုတ်လုပ်မှုတွေ ဆောင်ရွက်လျက်ရှိပါတယ်။ သဘာဝဓာတ်ငွေ့ကို မီးဖိုချောင်တွေနဲ့ ဟိုတယ်တွေရဲ့ ချက်ပြုတ်တဲ့နေရာတွေမှာ အသုံးပြုနေပါတယ်။ နိုင်ငံပိုင် စက်ရုံတွေကနေ သဘာဝဓာတ်ငွေ့တွေကို ထုတ်လုပ်ပါတယ်။ အဲဒီထုတ်လုပ်မှုတွေကိုလည်း တစ်နှစ်ထက် တစ်နှစ်ပိုမိုထုတ်လုပ်နိုင်အောင် စီမံခန့်ခွဲဆောင်ရွက်လျက်ရှိပါတယ်။ သဘာဝ ဓာတ်ငွေ့ကို အဓိက အသုံးပြုတာက လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့ကဏ္ဍဖြစ်ပြီးရေနံချက် စက်ရုံတွေမှာလည်း အသုံးပြုပါတယ်။ LPG ကို ဓာတ်ငွေ့အရည်နဲ့ အသုံးပြုသလို ဓာတ်မြေ သြဇာ ထုတ်လုပ်ရာမှာလည်း သုံးပါတယ်။ မော်တော်ယာဉ်တွေရဲ့ သယ်ယူပို့ဆောင်ရေးမှာ CNG လောင်စာအဖြစ်လည်း အသုံးပြုပါတယ်။ အခြားစက်မှု ကုန်ထုတ်လုပ်ငန်းတွေမှာလည်း သုံးကြပါတယ်။ လျှပ်စစ်ဓာတ်အား ထုတ်လုပ် တဲ့ကဏ္ဍမှာ ယခင်က ၈၅ ရာခိုင်နှုန်းလောက် အသုံးပြုရာကနေ ၉၀ ရာခိုင်နှုန်းနီးပါးအထိ (တိုးတက်သုံးစွဲခဲ့ပါတယ်။ CNG ကို ဒုတိယ အများဆုံးအသုံးပြုတာက သယ်ယူပို့ဆောင် ရေးကဏ္ဍဖြစ်ပြီး တတိယအများဆုံး အသုံးပြု တာက ဓာတ်မြေသြဇာထုတ်လုပ်တဲ့ကဏ္ဍမှာ အသုံးပြုကြပါတယ်။

ဒီလို CNG တွေတိုးတက်ပြီးပံ့ပိုးပေးနေတဲ့ အကြောင်းရင်းက ပြည်သူတွေ ခရီးသွားလာမှုနဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ကုန်ကျ စရိတ် လျော့နည်းသက်သာအောင် ဆောင်ရွက် ပေးတာ ဖြစ်ပါတယ်။ အသုံးပြုတဲ့ ယာဉ်အစီးရေကို တိုးတက်ပြီး ပေးနိုင်တာမရှိပေမယ့် သဘာဝ ဓာတ်ငွေ့ ဖြန့်ဖြူးမှုကို CNG ကဏ္ဍမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက် ထုတ်လုပ် ပေးနေတာ ဖြစ်ပါတယ်။

မေး ။ ။ စွမ်းအင်ကဏ္ဍမှာရှိတဲ့ ပုဂ္ဂလိကလုပ်ငန်းတွေ ပိုမိုအောင်မြင် ဖွံ့ဖြိုးလာဖို့အတွက် ဝန်ကြီး ဌာနရဲ့ ဖြေလျှော့ပေးမှု တွေကိုလည်း သိပါရစေ။

ဖြေ။ ။ စွမ်းအင်ကဏ္ဍမှာ နိုင်ငံတော်ရဲ့ စီးပွားရေးလုပ်တဲ့ အခန်းကဏ္ဍကိုထပ်မံတိုးချဲ့မှုတွေ သိပ်မလုပ်ဘဲ ပုဂ္ဂလိကကဏ္ဍရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို တိုးတက်လာအောင် ပိုမိုလမ်းဖွင့် ပေးထားပါတယ်။ ဥပမာ - လုပ်ငန်းလိုင်စင်တွေ ချပေးပါတယ်။ အဓိကအနေနဲ့ စက်သုံးဆီလုပ်ငန်း လိုင်စင်တွေ ချထားပေးခြင်းတွေမှာ နှစ်စဉ်လိုင်စင်အသစ်တွေ ခွင့်ပြုချပေးတာရှိသလို ယခင်နှစ် တွေက ချထားပေးတဲ့ လိုင်စင်တွေကို သက်တမ်းတိုး ပေးတာတွေလည်း ဆက်တိုက်လုပ်ပေးနေပါတယ်။ အခုဆိုရင် တစ်နိုင်ငံလုံး လိုင်စင်ချပေးပြီးတဲ့ စက်သုံးဆီ အရောင်းဆိုင်ပေါင်း ၂၇၀၀ ကျော်အထိ တိုးတက်နေပါတယ်။

လုပ်ငန်းတွေကို လိုင်စင်ချပေးလိုက်တဲ့အခါ လိုင်စင်ခွင့်ပြုရုံသာမက စက်သုံးဆီအရည်အသွေး မှန်ကန်ဖို့နဲ့အခြင်အတွယ် မှန်ကန်ဖို့ကလည်း လိုအပ်တဲ့အတွက် ထိန်းကျောင်းမှုတွေကို တိုးတက်ဆောင်ရွက် နေပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ စည်းကမ်းလိုက်နာမှု အားနည်းခြင်းနဲ့ စည်းကမ်းဖောက်ဖျက်ခြင်းတွေကို အရေးယူဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက် မှလည်း ပြည်သူတွေအတွက် အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လိုင်စင်ရယူခြင်း မရှိဘဲ ဖွင့်နေတဲ့ စက်သုံးဆီအရောင်းဆိုင်တွေကိုလည်း လိုက်လံစိစစ်ပြီး အရေးယူဆောင်ရွက်နေ ပါတယ်။

စက်သုံးဆီ အရောင်းဆိုင်အပြင် LPG အရောင်းဆိုင်တွေကိုလည်း ခွင့်ပြုပေးထားပါတယ်။ ဒါ့အပြင် သင်္ဘောနဲ့ တင်သွင်းခွင့်လိုင်စင် ကနေစပြီး သိုလှောင်ဖြန့်ဖြူးခြင်းနဲ့ သယ်ယူ ပို့ဆောင်တဲ့လုပ်ငန်းလိုင်စင်အထိ အမျိုးအစားခုနစ်မျိုးခွဲခြားပြီး နှစ်စဉ်ခွင့်ပြုပေးနေပါတယ်။ ဒါတွေကို နှစ်တိုင်းနှစ်တိုင်း တိုးတက်ပြီး ပိုမိုခွင့်ပြုနိုင်ဖို့ ကြိုးစားလျက်ရှိပါတယ်။

မေး ။ ။ မိရိုးဖလာ ရေနံလက်ယက်တွင်းတွေကိုလည်း ဖွံ့ဖြိုးတိုးတက်မှုရှိအောင် လုပ်ဆောင် ပေးနေတယ်လို့ သိရပါတယ်။ ရှင်းလင်းပြောကြားပေးပါဦး။

ဖြေ ။ ။ ကျွန်တော်တို့ နိုင်ငံတွင်းမှာ ရေနံလက်ယက်တွင်းတွေကနေ ရေနံထုတ်လုပ်ကြပါတယ်။ ထုတ်လုပ်တဲ့ ရေနံတွေကို သက်ဆိုင်ရာဒေသတွေမှာ ရေနံချက်ဖိုတွေ လုပ်ကြတဲ့အတွက် အဲဒါတွေကို နှစ်တိုင်းနှစ်တိုင်း တိုးတက်ပြီး လိုင်စင်ခွင့်ပြုပေးနေပါတယ်။ ဒါကြောင့် ရေနံချက်ဖို အရေအတွက် နှစ်စဉ်တိုးတက်လာတာကို တွေ့ရှိရပါတယ်။ ဒီဒေသန္တရ ရေနံချက်ဖိုတွေမှာ မိရိုးဖလာ ရေနံချက်နည်းကို အသုံးပြု ကြပါတယ်။ ဒီအတွက် သဘာဝပတ်ဝန်းကျင် ပိုမို ထိန်းသိမ်းနိုင်ဖို့နဲ့ နည်းပညာ အဆင့်အတန်း ပိုမိုမြင့်မားလာစေဖို့အတွက် 30630:03 694qos poca: (Mini Refinery) နည်းပညာနဲ့ ဆောင်ရွက်ဖို့ ပုဂ္ဂလိကကဏ္ဍကို စည်းရုံးဆောင်ရွက်လျက် ရှိပါတယ်။

နည်းပညာပိုင်းဆိုင်ရာ တင်ပြချက်တွေကို  စိစစ်တဲ့အခါမှာ မကွေးတိုင်းဒေသကြီးမှာငါးဦးနဲ့ မန္တလေးတိုင်းဒေသကြီးမှာ တစ်ဦးကို ခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်။ စိစစ်ဆဲက စစ်ကိုင်း တိုင်းဒေသကြီးမှာ တစ်ဦးရှိပါတယ်။ အခုခွင့်ပြုပြီးတဲ့ အထဲကနေ မန္တလေးတိုင်းဒေသကြီးမှာ ခွင့်ပြုထားတဲ့ နည်းစနစ်အတိုင်း တည်ဆောက်ထားတဲ့ စက်ရုံတစ်ရုံဟာ ပြီးစီးနေပါပြီ၊ စတင်စမ်းသပ်လည်ပတ်ဖို့လည်း ဆောင်ရွက်နေပါပြီ။ မကြာခင်လည်ပတ်နိုင်မယ့်အဆင့်ကို ရောက်ရှိနေပြီလို့ သိရပါတယ်။

မေး ။ ။ စွမ်းအင်ကဏ္ဍကနေ လူမှုအကျိုးပြု CSR လုပ်ငန်းတွေကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ပိုမိုဆောင်ရွက်လာစေဖို့ ဝန်ကြီးဌာနရဲ့ ကြိုးပမ်းမှုအကြောင်းကိုလည်း သိပါရစေ။

ဖြေ ။ ။ စွမ်းအင်ကဏ္ဍဟာ မြေအောက်သယံဇာတတွေကို တူးဖော်ထုတ်လုပ်ပြီး နိုင်ငံ့အကျိုးပြုဖို့ ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ အမြတ်အစွန်း စီးပွားရှာတဲ့ လုပ်ငန်းအပြင် သက်ဆိုင်ရာဒေသတွေရဲ့ လူမှုစီးပွား အကျိုးပြု လုပ်ငန်းတွေကိုလည်း ပြန်လည်တာဝန်ယူ ဆောင်ရွက်ပေးရပါတယ်။

မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းဟာ ယခင်က CSR လုပ်ငန်းအနေနဲ့ ဘတ်ဂျက် လျာထားဆောင်ရွက်မှု မရှိခဲ့ပါဘူး။ ၂၀၁၆၂၀၁၇ ခုနှစ်ကစပြီး လေးနှစ်ဆက်တိုက် ဘတ်ဂျက် တွေကို တစ်နှစ်ထက်တစ်နှစ် တိုးတက်လျာထား ဆောင်ရွက်ခဲ့ပါတယ်။ အခုအချိန်မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ကိုးခုရဲ့ သက်ဆိုင်ရာ ဒေသတွေမှာ အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်ပေးနေပါတယ်။ CSR လုပ်ငန်းတွေကို တစ်နှစ်ထက်တစ်နှစ် ပမာဏနဲ့ အရေအတွက် ကို ဘတ်ဂျက်မှ တိုးပြီးဆောင်ရွက်ပေးလျက်ရှိပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ လာရောက် ဆောင်ရွက်တဲ့ ကုမ္ပဏီတွေအနေနဲ့လည်း အလားတူ CSR ဘတ်ဂျက်တွေကို လျာထားပြီး ဆောင်ရွက်စေပါတယ်။ ဒီလိုဆောင်ရွက်တဲ့အထဲမှာ အထူးကောင်းမွန်တဲ့ စီမံကိန်းတစ်ရပ်အဖြစ် ရခိုင်ပြည်နယ် မာန်အောင်ကျွန်းမှာ လျှပ်စစ်ဓာတ်အားရရှိရေး Spozos Solar Power Plant Project of ပြီးခဲ့တဲ့နှစ်က အောင်မြင်အောင် ဆောင်ရွက် နိုင်ခဲ့ပြီဖြစ်ပါတယ်။

။ မေး ။ ။ စွမ်းအင်ကဏ္ဍနဲ့ ပတ်သက်ပြီးနိုင်ငံတော်အစိုးရ တာဝန်ယူစဉ် ကာလတွေအတွင်း သိသာထင်ရှားတဲ့ စွမ်းဆောင်မှုတွေရှိရင်လည်း ပြောပြပေးပါဦး။

ဖြေ။ ။ စွမ်းအင်ကဏ္ဍနဲ့ ဆက်စပ်ပြီး ဓာတ်မြေဩဇာ ထုတ်လုပ်မှုလုပ်ငန်းကို ဝန်ကြီးဌာနကနေ ဆောင်ရွက်နေတာရှိပါတယ်။ ဒီလုပ်ငန်းကို ဘာဖြစ်လို့ သိသိသာသာ ပြောင်းလဲမှု ကဏ္ဍအနေနဲ့ ရှင်းပြရသလဲဆိုရင်ယခင်က ဓာတ်မြေသြဇာကို ထုတ်လုပ်ရောင်းချပေမယ့် နှစ်စဉ်အလွန် ကြီးမားတဲ့ အရှုံးပမာဏတွေနဲ့ ရင်ဆိုင်ရပါတယ်။ ဓာတ်မြေသြဇာ ထုတ်လုပ်နိုင်တဲ့ တန်ချိန်က လည်း တဖြည်းဖြည်းလျော့နည်းသလို အရည်အသွေးကျဆင်းမှုတွေ ရှိခဲ့ပါတယ်။ ဒီမိုကရေစီ အစိုးရသစ် စတင်တာဝန်ယူပြီးတဲ့အချိန်မှာ ဓာတ်မြေသြဇာ ထုတ်လုပ်မှုတန်ချိန်တွေကို တစ်နှစ်ထက်၊ တစ်နှစ် နဂိုက အခြေအနေထက် ပြန်လည်  တိုးတက်ကောင်းမွန်လာခဲ့ပါတယ်။ ထုတ်လုပ် မှုတန်ချိန်အနေနဲ့ ၂၀၁၆-၂၀၁၇ ခုနှစ် တစ်နှစ်လုံးမှာ တန်ချိန် ၈၂၀၀၀ ကျော် ထုတ်လုပ်နိုင်ရာကနေ ၂၀၁၉ - ၂၀၂၀ ပြည့်နှစ်မှာ တန်ချိန် ( ၁၂၀ဝ၀ဝ ကျော်အထိ တိုးမြှင့် ထုတ်လုပ်နိုင်အောင် ပြုပြင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။

၂၀၁၆ - ၂၀၁၇ ခုနှစ်မှာ မြောင်းတကာ စက်ရုံအနေနဲ့ တစ်နှစ်လုံးငွေကျပ် ၁၂ ဘီလီယံကျော်နဲ့ ကန်ကြီးထောင့်စက်ရုံအနေနဲ့ ငွေကျပ် ၁၃ ဘီလီယံ ရှုံးပါတယ်။ စက်ရုံ နှစ်ရုံပေါင်းရင် တစ်နှစ်ကို ငွေကျပ် ၂၅ ဘီလီယံလောက်ရှုံးပါ တယ်။ ဒီလိုအရှုံးတွေ လျော့နည်းလာအောင်၊ ပျောက်ကွယ်သွားအောင်၊ ပိုပြီးအမြတ်ရလာ အောင်ကျွန်တော်တို့ကြိုးစားဆောင်ရွက်ခဲ့တာ

ကြောင့် မြောင်းတကာစက်ရုံမှာ ယခင် ၂၀၁၅ - ၂၀၁၆ခုနှစ်က အခြေအနေနဲ့ နှိုင်းယှဉ်လိုက် မယ်ဆိုရင် ၂၀၁၈ - ၂၀၁၉ ခုနှစ်မှာရတဲ့ ဝင်ငွေဟာ ငွေကျပ် ၂၅ ဘီလီယံကျော် တိုးတက် ရရှိခဲ့သလို ကန်ကြီးထောင့်စက်ရုံ တစ်ရုံတည်းကနေ ၂၀၁၅-၂၀၁၆ ခုနှစ်နဲ့ ၂၀၁၈-၂၀၁၉ ခုနှစ်ကို ယှဉ်လိုက်ရင် ငွေကျပ်ဘီလီယံ ၂၀ တိုးတက်ရရှိလာခဲ့လို့ ဓာတ်မြေ သြဇာစက်ရုံနှစ်ရုံဟာ တော်တော်ကြီးရှုံးနေရာကနေ ဝင်ငွေတွေအများကြီး ပြန်ပြီးမြတ်လာ ခဲ့ပါတယ်။ ကုန်ချော ဓာတ်မြေဩဇာတန်ချိန် တွေလည်း အများကြီးထွက်လာအောင် လုပ်နိုင်ခဲ့ပါတယ်။

နောက်တစ်ခုကတော့ လေယာဉ်ဆီကိစ္စဖြစ်ပြီး လေယာဉ်ဆီကို အရင်ကဌာနကနေ ဖြန့်ဖြူး ပါတယ်။ သို့သော် ကျွန်တော်တို့ရဲ့ယာဉ်၊ ယန္တရားနဲ့ လေယာဉ်ဆီကိစ္စတွေ၊ ခရီးစဉ်တွေ ပျံသန်း နေရတာတွေကြောင့် အရည်အသွေး ထိန်းသိမ်းရေးကိစ္စက အလွန်အရေးကြီးတဲ့အတွက် နိုင်ငံခြားခရီးသည် တွေလာဖို့ဆိုတာ နိုင်ငံခြားလေကြောင်းလိုင်းတွေ ရှိမှဖြစ်ပြီး ဒီလေကြောင်း လိုင်းတွေ  ပျံသန်းဖို့အတွက် လေယာဉ်ဆီ အရည်အသွေး အာမခံချက်က အရေးကြီးပါတယ်။ ဒါကြောင့် ဖက်စပ်လုပ်ငန်းအဖြစ် ပြောင်းလဲဆောင်ရွက်ခဲ့ပါတယ်။ ဖက်စပ်လုပ်ငန်း ဖြစ်လာတဲ့ အခါ အရည်အသွေးအာမခံချက် တိုးတက်လာပြီး လုပ်ငန်းရဲ့ဝင်ငွေဟာ နိုင်ငံတော်ကနေ  လုပ်ငန်းအတွက် ဘတ်ဂျက်သုံးစွဲရန်မလိုဘဲ နိုင်ငံတော်အတွက်ရရှိတဲ့ ဝင်ငွေကလည်း  တစ်နှစ်ထက်တစ်နှစ် တိုးတက်ရရှိအောင် ပြောင်းလဲနိုင်ခဲ့ပါတယ်။

ကျွန်တော်တို့ ဝန်ထမ်းတွေဟာဌာနရဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ်တွေကို လုပ်ကိုင်ရာကနေ အခု နောက်ပိုင်းမှာ သန်လျင်ရေနံချက်စက်ရုံက စမ်းသပ်ခန်းတွေကို အသုံးပြုပြီး ဓာတုဗေဒ  အင်ဂျင်နီယာတွေကို သုတေသနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်စေခဲ့ပါတယ်။ စွန့်ပစ် ပစ္စည်းဖြစ်တဲ့ Transformer ဆီအဟောင်းတွေကို Recycle Project အဖြစ် ဆောင်ရွက် ခဲ့ရာမှာ အဆင့်မြင့်မီးထိုးဆီကို ပြန်လည် ထုတ်လုပ်နိုင်တဲ့ သုတေသနရလဒ်ကို ရရှိအောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။  ရှေ့ဆက်ပြီး အခြားစမ်းသပ်မှုတွေကို ကြိုးစား လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

မေး ။ ။ နိုင်ငံတော်ရဲ့ စီးပွားရေးကို တစ်ဖက်တစ်လမ်းကနေ ဖြည့်ဆည်းပေးနေတဲ့ စွမ်းအင် ကဏ္ဍရဲ့ ဝင်ငွေရရှိမှုအခြေအနေကိုလည်း ပြည်သူတွေသိရှိစေဖို့ ဖြေကြား ပေးပါဦးရှင့်။

ဖြေ။ ။ စွမ်းအင်ကဏ္ဍကနေ နိုင်ငံအတွက်ဝင်ငွေတွေ တိုးတက်ရရှိဖို့အတွက် ဒီလုပ်ငန်းတွေကနေ သက်ဆိုင်ရာအခွန်အကောက်တွေကို ပေးဆောင်စေပါတယ်။ ဒါကြောင့် ရတနာ၊ ရဲတံခွန်၊ ဇောတိကနဲ့ ရွှေစတဲ့ကုမ္ပဏီတွေကနေပြီး နှစ်စဉ်အခွန်အကောက်ကို နိုင်ငံခြားငွေအပြင် မြန်မာကျပ်ငွေနဲ့ပါ တိုးတက်ရရှိအောင် ဆောင်ရွက် ခဲ့တဲ့အတွက် နိုင်ငံ့ဝင်ငွေကို အများကြီး  တိုးတက်ရရှိစေပါတယ်။ စွမ်းအင်ကဏ္ဍမှာ ဝန်ကြီးဌာနအနေနဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်းကြီး သုံးခုရှိပါတယ်။ ရေနံနဲ့သဘာဝဓာတ်ငွေ့နဲ့ပတ်သက်တဲ့လုပ်ငန်း၊ ရေနံနဲ့ရေနံထွက်ပစ္စည်း ရောင်းဝယ်တဲ့လုပ်ငန်း၊ ရေနံဓာတုဗေဒလုပ်ငန်းတို့ ဖြစ်ပါတယ်။ ၂၀၁၆ - ၂၀၁၇ ခုနှစ်တုန်းက စွမ်းအင်ကဏ္ဍရဲ့ အမြတ်ကငွေကျပ်သန်းပေါင်း ၅၄၀၀၀၀ လောက်ရပါတယ်။ ၂၀၁၇ - ၂၀၁၈ ခုနှစ်မှာ အမြတ်ငွေကျပ်သန်းပေါင်း ၈၀၀၀၀၀ ကျော်ရရှိပြီး ၂၀၁၈ - ၂၀၁၉ ခုနှစ်မှာ အမြတ် ငွေကျပ်သန်းပေါင်း ၁၁၇၀၀၀၀ လောက် ရရှိပါတယ်။ အခု ၂၀၁၉ -၂၀၂၀ ပြည့်နှစ်မှာ အမြတ်ငွေကျပ်သန်းပေါင်း ၁၂၄၀ဝ၀ဝ ခန့် ရရှိအောင် ကြိုးစားနေပါတယ်လို့ ပြည်သူတွေကို ဖြေကြားလိုပါတယ်။

 မေး ။ ။ အနာဂတ်စွမ်းအင်ကဏ္ဍ ရှေရှည်ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွား အတွက် ဘယ်လိုရှေ့ဆက် အကောင်အထည်ဖော်သွားမယ်လို့ ရည်ရွယ် ထားပါသလဲရှင့်။

ဖြေ ။ ။ စွမ်းအင်ကဏ္ဍမှာ ပြည်သူတွေနဲ့တိုက်ရိုက် သက်ဆိုင်နေတာက ဓာတ်မြေသြဇာဖြစ်ပြီး ကျွန်တော်တို့ စက်ရုံတွေကနေ ထုတ်လုပ်တဲ့ ဓာတ်မြေသြဇာဟာ နိုက်ထရိုဂျင် ၄၀ ရာခိုင်နှုန်း အပြည့်ပါပါတယ်။ ပြည်ပကတင်သွင်းခြင်း သို့မဟုတ် အခြားပုဂ္ဂလိကက ဆောင်ရွက်တဲ့ ဓာတ်မြေသြဇာတွေရဲ့ အရည်အသွေးထက် ပိုပြီးကောင်းမွန်ပါတယ်။ မြေဆီဩဇာကို ထိခိုက်မှု လျော့နည်းအောင် ထုတ်လုပ်ထားပါတယ်။ ဒါကြောင့် တိုးတက်ထုတ်လုပ်ဖို့ ဆက်ပြီးကြိုးစားနေ ပါတယ်။ နဂိုက ရပ်ဆိုင်းနေတဲ့ ဓာတ်မြေသြဇာ စက်ရုံတွေကိုလည်း ပြန်လည်လည်ပတ် နိုင်အောင် ဆက်လက်ကြိုးစားနေပါတယ်။ ဒါက ပြည်တွင်းတောင်သူလယ်သမားတွေ အတွက် အများကြီး ရည်ရွယ်ဆောင်ရွက်နေတာဖြစ်ပါတယ်။

LPG ကဏ္ဍအနေနဲ့ ယခုလက်ရှိမှာ ချက်ပြုတ်ရေးကဏ္ဍကို တိုးတက်အောင်ဆောင်ရွက်နေသလို အနာဂတ်ကာလမှာ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာပါ LPG သုံးပြီး မောင်းနှင်ခြင်းဖြင့် ဓာတ်ဆီနဲ့ ဒီဇယ်စတဲ့ လောင်စာတွေထက် စရိတ်စက သက်သာလာ နိုင်တဲ့အပြင်ပတ်ဝန်းကျင် ညစ်ညမ်းမှု ကိုလည်း သက်သာစေမှာဖြစ်တဲ့အတွက် လိုအပ်တဲ့ နည်းဥပဒေတွေ၊ စည်းမျဉ်း စည်းကမ်းတွေ ကို ပြုစုနေပါတယ်။ ဒါတွေကို အကောင်အထည်ဖော် ပြဋ္ဌာန်းနိုင်ခဲ့ပြီဆိုရင် ပုဂ္ဂလိကကဏ္ဍ အနေနဲ့ LPG တွေကို မော်တော်ယာဉ်တွေမှာ ဖြန့်ဖြူးရောင်းချခွင့် အခွင့်အလမ်းတွေ ထပ်မံရရှိတဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ထပ်မံရရှိမှာ ဖြစ်ပါတယ်။

ဝန်ကြီးဌာနအနေနဲ့ စောင့်ကြည့်သူအဖြစ် ထိန်းကျောင်းမှုကို ဆောင်ရွက်ဖို့လုပ်ကိုင်နေပါတယ်။ စွမ်းအင်ကဏ္ဍနဲ့ပတ်သက်ပြီး နှစ်စဉ်တိုင်းပြည်အတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့နဲ့ ကြိုတင်စီမံတာတွေ ဆောင်ရွက်ဖို့ လုပ်ဆောင်နေပါတယ်။ ပြည်သူလူထု အကျိုးဖြစ်ထွန်းမယ့် ကိစ္စတွေကို ဆက်လက်ဆောင်ရွက်သွားဖို့ရှိပြီး ကုန်းတွင်းနဲ့ ကမ်းလွန် ရေနံလုပ်ကွက်တွေ မှာ လစ်လပ်နေတဲ့ လုပ်ကွက်တွေကိုလည်း သိသာထင်ရှားစွာနဲ့ တင်ဒါတွေဖိတ်ခေါ်ပြီး ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်တိုးတက်ရရှိနိုင်ဖို့ ဆောင်ရွက်နေတယ်ဆိုတာကို ပြောကြား လိုပါတယ်။

ဦးခင်မောင်ဝင်း (ဒုတိယဝန်ကြီး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန)

မေး ။ ။ အစိုးရရဲ့ စတုတ္ထ (၁) နှစ်တာအတွင်းမှာ လျှပ်စစ်ကဏ္ဍ သိသိသာသာ တိုးတက်ခဲ့တာကို မြင်တွေ့ရပါတယ်။ အဲဒီလိုတိုးတက်အောင် ဘယ်လိုမူဝါဒတွေ ချမှတ်ဆောင်ရွက်တယ် ဆိုတာရှင်းပြပေးပါ

ဖြေ။ ။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော်အစိုးရရဲ့ မူဝါဒဖြစ်တဲ့ ပြည်သူလူထုရဲ့ လူနေမှုအဆင့်အတန်း မြင့်မားလာစေရေးအတွက် အဓိကကျတဲ့ လမ်းပန်း ဆက်သွယ်ရေးနဲ့ လျှပ်စစ်ဓာတ်အားတို့ကို ကောင်းမွန်စွာရရှိရေးအတွက် စီမံကိန်းများချမှတ်ပြီး အကောင်ထည် ဖော်ဆောင်ရွက်လျက်ရှိပါတယ်။

အဲဒီလိုဆောင်ရွက်နေရာမှာ ယခုနှစ်မှာ နိုင်ငံတော်အစိုးရက လျှပ်စစ်ကဏ္ဍတိုးတက် ဆောင်ရွက်နိုင်ရေးအတွက် အများဆုံးပံ့ပိုး ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ နိုင်ငံတော်အစိုးရရဲ့ လမ်းညွှန် ချက်နဲ့အညီ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက မိမိတို့ရည်မှန်းချက်ဖြစ်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ပြည်သူတွေနဲ့ စက်မှုလက်မှုလုပ်ငန်းတွေမှာ လျှပ်စစ်ဓာတ်အား ပိုမိုပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် ဓာတ်အားပေးစက်ရုံတွေ၊ ဓာတ်အားလိုင်းတွေ၊ ဓာတ်အားခွဲရုံတွေ တည်ဆောက်ပြီး တည်ငြိမ်ပြည့်ဝတဲ့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ခဲ့ တာကို အားလုံးသိကြမှာပါ။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ မှာ နိုင်ငံတော် ဓာတ်အားစနစ်ကနေ လျှပ်စစ်ဓာတ်အားသုံးစွဲမှုအနေနဲ့ တစ်နိုင်ငံလုံးရဲ့ ၅၀ ရာခိုင်နှုန်းအထိ တိုးတက်ဖြန့်ဖြူးပေးနိုင် ခဲ့တာကို ဂုဏ်ယူဝမ်းမြောက်ဖွယ် မြင်တွေ့ရ ပြီ ဖြစ်ပါတယ်။

မေး ။ ။ ဆက်လက်ပြီး လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲနိုင်အောင်ထားရှိတဲ့ မျှော်မှန်းချက်နဲ့ ဘယ်လို တိုးချဲ့ဆောင်ရွက် မယ်ဆိုတာကိုလည်းသိပါရစေ။

ဖြေ ။ ။လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကနေ ၂၀၂၁ ခုနှစ်မှာ တစ်နိုင်ငံ လုံးရဲ့ ၅၅ ရာခိုင်နှုန်း၊ ၂၀၂၅-၂၀၂၆ မှာ တစ်နိုင်ငံလုံးရဲ့ ၇၅ ရာခိုင်နှုန်းနဲ့ ၂၀၃၀ ပြည့်နှစ်မှာ ၁၀ဝ ရာနှုန်းပြည့် သုံးစွဲနိုင်အောင် မျှော်မှန်းပြီး စီမံချက်များ ချမှတ်ဆောင်ရွက် လျက်ရှိပါတယ်။

နိုင်ငံတော်အနေနဲ့ လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေးအတွက် ၂၀၁၆ ခုနှစ် ဧပြီလကနေ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသုံးရုံ၊ အပူစွမ်းအင်သုံး ဓာတ်အား ပေးစက်ရုံ ခြောက်ရုံနဲ့ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတစ်ရုံ စုစုပေါင်းစက်ရုံ ၁၀ ခုကနေ လျှပ်စစ် ဓာတ်အား ၉၀၄ မဂ္ဂါဝပ်အထိ တိုးတက် ထုတ်လုပ်နိုင်ခဲ့ပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ ဓာတ်အားလိုင်းတွေကို တိုးချဲ့တည်ဆောက်ပေးခဲ့ရာမှာ ၂၃၀ ကေဗွီဓာတ်အားလိုင်း ၂၉၀၆ မိုင်၊ ၁၃၂ ကေဗွီဓာတ်အားလိုင်း ၁၃၆၂ မိုင်၊ ၆၆ ကေဗွီ ဓာတ်အားလိုင်း၅၁၁၅ မိုင်၊ ၃၃ ကေဗွီဓာတ်အားလိုင်း ၇၀၇၃ မိုင်၊ ၁၁ ကေဗွီ  ဓာတ်အားလိုင်း ၂၀၉၈၇ မိုင်၊ ၆၆ ကေဗွီ ဓာတ်အားလိုင်း ၇၃၄ မိုင်နဲ့ ဝ ဒသမ ၄ ကေဗွီ ဓာတ်အားလိုင်း ၂၄၅၁၅ မိုင် စုစုပေါင်း ဓာတ်အားလိုင်း ၆၂၆၉၂ မိုင်ကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ဓာတ်အားလိုင်းတွေကို တိုးတက်ဆောင် ရွက်ပေးခဲ့သလို ဓာတ်အားခွဲရုံတွေကိုလည်း တိုးချဲ့ တည်ဆောက်ပေးခဲ့ပါတယ်။ ယခုအချိန် အထိ ၂၃၀ ကေဗွီ ဓာတ်အားခွဲရုံတွေအနေနဲ့ ၆၅၃၆ အမ်ဗွီအေ၊ ၁၃၂ ကေဗွီဓာတ်အား ခွဲရုံတွေအနေနဲ့ ၂၀၃၆ အမ်ဗွီအေ၊ ၆၆ ကေဗွီဓာတ်အားခွဲရုံတွေ အနေနဲ့ ၅၆၈၈ အမ်ဗွီအေ၊ ( ၃၃ ကေဗွီဓာတ်အားခွဲရုံတွေအနေနဲ့ ၈၃၈၇ အမ်ဗွီအေ၊ ၁၁ ကေဗွီ ဓာတ်အားခွဲရုံတွေအနေ နဲ့ ၁၅၀ဝ၂ အမ်ဗွီအေနဲ့ ၆ ဒသမ ၆ ကေဗွီ ဓာတ်အားခွဲရုံ တွေအနေနဲ့ ၈၃ အမ်ဗွီအေ စုစုပေါင်း ၃၇၇၂ အမ်ဗွီအေကို တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။

မေး ။ ။ ယခုနှစ်ကာလအတွင်း ဝေးလံခေါင်ဖျားဒေသတွေမှာ လျှပ်စစ်ဓာတ်အားသုံးစွဲ ရရှိနိုင်ဖို့ ဆောင်ရွက်ချက်တွေနဲ့ အထင်အရှားတွေ့မြင်ရတဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲရရှိမှု အနေအထား ကိုလည်း သိလိုပါတယ်ရှင့်။

ဖြေ။ ။ ဝေးလံခေါင်သီတဲ့ ဒေသတွေမှာ လျှပ်စစ်ဓာတ်အားရရှိရေးက ကျွန်တော်တို့ရဲ့ အဓိက ဦးစားပေး ဆောင်ရွက်ချက်လည်းဖြစ်ပါတယ်။ ရခိုင်ပြည်နယ် မောင်တောဒေသ၊ ကရင်ပြည်နယ် က မြဝတီနဲ့ ကြာအင်းဆိပ်ကြီးမြို့၊ ကချင်ပြည်နယ် ပန်ဆောင်နဲ့ နန်းယွန်းမြို့တွေကို Off-Grid နဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပါတယ်။ ဒေသတွင်းမှာရှိတဲ့ သဘာဝအရင်းအမြစ်တွေ အခြေခံပြီး အသေးစားရေအားလျှပ်စစ်နဲ့ ဆိုလာစနစ်ကို ဓာတ်အားစနစ်နဲ့ ဝေးကွာတဲ့ Off-Grid နဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေးကို ဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း ကချင်ပြည်နယ် ပူတာအို မြို့ အနီးမှာရှိတဲ့ အထက်နမ့်ထွမ် ရေအားလျှပ်စစ်စီမံကိန်း ၃ ဒသမ ၂ မဂ္ဂါဝပ်နဲ့ ရခိုင်ပြည်နယ် မာန်အောင်ကျွန်းမှာ နေရောင်ခြည် စွမ်းအင်သုံးဓာတ်အားပေး စက်ရုံအဆင့်(၁) ဝဒသမ၅မဂ္ဂါဝပ်တွေကိုအကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့တဲ့အတွက် ဓာတ်အားစနစ်နဲ့ ဝေးကွာတဲ့ ပူတာအိုနဲ့ မချမ်းဘောမြို့အပါအဝင် ကျေးရွာပေါင်း ၃၄ ရွာ၊ မာန်အောင်ကျွန်းက မြို့ပေါ်ငါးရပ်ကွက်အပါအဝင် ကျေးရွာပေါင်း သုံးရွာကို ဓာတ်အားဖြန့်ဖြူး ပေးနိုင်ခဲ့ပါတယ်။

NEP(1) 326$ . Phase (1) Phase (II) နှစ်ပိုင်းခွဲပြီး ဆောင်ရွက်နေပါတယ်။ Phase (I) မှာ ကျေးရွာပေါင်း ၅၀၈၀ နဲ့ အိမ်ထောင်စုပေါင်း ၆၂၀ဝ၀ဝ ကျော်ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအပြီး လျှပ်စစ်ဓာတ်အား ရရှိအောင်လုပ်ဆောင်သွားဖို့ရှိပါတယ်။ Phase (II)မှာ ကျေးရွာပေါင်း ၄၇၀ဝ နဲ့ အိမ်ထောင်စုပေါင်း ၅၃၀ဝ၀ဝ ကျော်ကို မီးပေးနိုင်မှာဖြစ်တဲ့ အတွက် NEP(I) ပြီးစီး သွားမယ်ဆိုရင် အိမ်ထောင်စုပေါင်း ၁၁၇ သန်းခန့်ကို ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း မီးပေးနိုင်မှာ ဖြစ်ပါတယ်။

NEP(I)ကို ၂၀၂၁ ခုနှစ် စက်တင် ဘာလကစတင်ပြီး ကျေးရွာပေါင်း ၈၀၀၀ နဲ့ အိမ်ထောင်စုပေါင်း ၇၀ဝ၀ဝ၀ ကျော်ခန့်ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေး စီစဉ်နေပါတယ်။ ဒါ့အပြင် ကျေးရွာဒေသတွေ လျှပ်စစ်ဓာတ်အားတိုးတက်ရရှိနိုင်ရေးအတွက် ကမ္ဘာ့ဘဏ် (World Bank) ကနေ အထောက်အပံ့တွေရယူပြီး National Electrification Plan ဖြင့် 33, 11, 0.4 kV ဓာတ်အား လိုင်းနဲ့ ခွဲရုံတွေကို တိုးချဲ့ဆောင်ရွက်နေပါတယ်။

အခြားမိတ်ဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ ADB, JICA (ဂျပန်)နဲ့ KFW (ဂျာမနီ) အဖွဲ့အစည်းတွေရဲ့ အထောက်အပံ့ချေးငွေတွေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ Medium Voltage 66 kv, 33 kV ဓာတ်အား လိုင်းတွေကို တိုးချဲ့ဆောင်ရွက်နေပြီး လျှပ်စစ် ဓာတ်အားဖြန့်ဖြူးခြင်း လုပ်ငန်းတွေ ဆောင် ရွက်လျက်ရှိပါတယ်။

မန္တလေးမြို့ ကျုံးဘေးတစ်လျှောက် လမ်းမီးတွေကို ၂၀၁၆ ခုနှစ် မတ်လမှ ယခုအချိန်အထိ စုစုပေါင်းငွေကျပ် ၂၄၁ ဒသမ ၁၆သန်း အကုန်အကျခံ၍ ပြင်ဆင်လဲလှယ်ပေးခဲ့သလို ရန်ကုန်မြို့ လမ်းမီးတွေကိုလည်း ၂၀၁၆ ခုနှစ် မတ်လမှ ယခုအထိ မီးလုံး ၉၆၆၈ လုံးကို ငွေကျပ် ၅၅၄၇ သန်း အကုန်အကျခံ၍ ပြင်ဆင်လဲလှယ်ပေးခဲ့ပါတယ်။ ယခင်က ဓာတ်အားပေးစက်ရုံနဲ့ ပင်မဓာတ်အားခွဲရုံ ၂၂ ရုံကနေ ယခု ၁၁၁ ရုံအထိ တိုးတက်လာပြီး ခေတ်မီ Digital နည်းပညာသုံး စက်ပစ္စည်း cozzes:Glo: National Control Center အသစ်ကို နေပြည်တော်မှာ တည်ဆောက် အသုံးပြုလျက်ရှိပါတယ်။

မေး ။ ။ လာမယ့်နွေရာသီကာလမှာလျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးနိုင်ဖို့ ပြင်ဆင်ဆောင်ရွက် မှုတွေကို သိလိုပါတယ်ရှင့်။

ဖြေ။ ။ ၂၀၂၀ ပြည့်နှစ် နွေရာသီကာလမှာလျှပ်စစ်ဓာတ်အား ပိုမိုဖြည့်ဆည်းပေးနိုင်ဖို့ ဝန်ကြီးဌာနက ကြိုးစားဆောင်ရွက်နေပါတယ်။ သဘာဝဓာတ်ငွေ့နဲ့ LNG တို့ကနေ လျှပ်စစ် ဓာတ်အား ထုတ်လုပ်မယ့်စီမံကိန်း ခုနစ်ခုဖြစ်တဲ့ ကျွန်းချောင်း (သဘာဝဓာတ်ငွေ့သုံး ဓာတ်အား ပေးစက်ရုံ) မဂ္ဂါဝပ် ၂၀၊ အလုံ (သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ) ( ၁၅၁ ဒသမ ၅၄ မဂ္ဂါဝပ်၊ ကျောက်ဖြူ (LNG) မဂ္ဂါဝပ် ၁၅၀ ၊ သန်လျင်(LNG) မဂ္ဂါဝပ် ၃၅၀၊ သာကေတ(LNG) မဂ္ဂါဝပ် ၄၀ဝ၊ မကွေး (သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ) ၆၆ မဂ္ဂါဝပ်နဲ့ ရွှေတောင် (သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ) ၂၈ မဂ္ဂါဝပ် စုစုပေါင်းမဂ္ဂါဝပ် ၁၁၆၆ မဂ္ဂါဝပ်ခန့်ရှိပါတယ်။ မကွေးတိုင်းဒေသကြီးက သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ကနေ ၆၆ မဂ္ဂါဝပ်ကို စတင်ထုတ်လုပ်ပေးနေပြီဖြစ်ပါတယ်။

မေး ။ ။ လျှပ်စစ်ဓာတ်အား ဝန်ဆောင်မှုပေးရာမှာ ဝန်ဆောင်မှု ပိုမိုကောင်းမွန်ရေးအတွက် ဆောင်ရွက်ချက်တွေကိုလည်း ရှင်းပြပေးပါဦး။

ဖြေ။ ။ ပြည်သူတွေ ဓာတ်အားခပေးချေမှု အဆင်ပြေချောမွေ့စေဖို့နဲ့ ဝန်ဆောင်မှုကောင်းမွန် တိုးတက်စေဖို့၊ အများပြည်သူလျှပ်စစ်ဓာတ်အား သုံးစွဲရာမှာ မိမိတို့သုံးစွဲမှုအခြေအနေတွေကို သံသယကင်းကင်းနဲ့ သိရှိနိုင်ဖို့အတွက် ပြည်သူတွေဆက်သွယ်နိုင်မယ့် Call Center တွေကို ဖွင့်လှစ် ထားပါတယ်။ ရန်ကုန်မြို့မှာ Call Center No. 1717နဲ့ မန္တလေးမြို့အတွက် Call Center No. 1616 တို့ကို အရေးပေါ် ဆက်သွယ်နိုင်ပါတယ်။ ပြည်သူတွေ လျှပ်စစ်ဓာတ်အားကို ယုံကြည် စိတ်ချစွာနဲ့ အသုံးပြုနိုင်ဖို့အတွက် တရားမဝင် မီးသွယ်တန်းအသုံးပြုမှု လျော့နည်းစေရေး အတွက် အရည်အသွေးမြင့်တဲ့ မီတာတွေကို အသုံးပြုလျက်ရှိပါတယ်။ ဒီနေရာမှာ Advanced Metering Infrastructure - AMI 8033 စနစ်ကို အသုံးပြုဖို့ စီစဉ်ထားပါတယ်။ Automatic Meter Reading System (AMR)နဲ့ Prepaid စနစ်အသုံးပြုတဲ့ မီတာတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုဖို့အတွက် စီမံဆောင်ရွက် လျက်ရှိပါတယ်။

ဒီလိုမီတာတွေကို တပ်ဆင်အသုံးပြုတဲ့အတွက် လျှပ်စစ်ဓာတ်အားသုံးစွဲနေတဲ့ ပြည်သူတွေ ယုံကြည်စိတ်ချစွာနဲ့ မိမိသုံးစွဲတဲ့ လျှပ်စစ်ဓာတ်အားအခြေအနေကို မိမိတို့ အသုံးပြုနေကြတဲ့ တယ်လီဖုန်းတွေကနေတစ်ဆင့် ကြည့်ရှုနိုင်တဲ့ အဆင့်အထိရောက်အောင် စီစဉ်ဆောင်ရွက် ထားပါတယ်။ Mobile Billing System တွေ ထည့်သွင်းအသုံးပြုနိုင်အောင်လည်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ စီစဉ်ဆောင်ရွက်ထားပါတယ်။ ဆက်လက်ပြီး Prepaid Billing System တွေကိုထည့်သွင်းအသုံးပြုနိုင်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

မေး ။ ။ အစိုးရတာဝန်ယူထားရတဲ့ စတုတ္ထ(၁)နှစ်တာအတွင်း ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေနဲ့ ပြင်ဆင်ထားတဲ့ အနာဂတ် ရည်မှန်းချက်ကိုလည်း သိလိုပါတယ်။

ဖြေ။ ။ စတုတ္ထ(၁)နှစ်တာ ကာလအတွင်းမှာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ ပြည်သူတွေ လျှပ်စစ်ဓာတ်အားကို တည်ငြိမ်စွာနဲ့ရရှိဖို့၊ လျှပ်စစ်ဓာတ်အား ပြည့်ပြည့်ဝ၀ရရှိဖို့နဲ့ လျှပ်စစ် ဓာတ်အားကို ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ဖို့အပြင် မိမိသုံးစွဲတဲ့ ဓာတ်အားခနဲ့ ဓာတ်အားသုံးစွဲတဲ့ယူနစ်တွေကို ယုံယုံကြည်ကြည် စိတ်ချလက်ချ အသုံးပြုနိုင်ဖို့အတွက် ဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ လျှပ်စစ်ဓာတ်အား မပြတ်တောက်ရေးအတွက် ထရန်စဖော်မာတွေနဲ့ လိုင်းတွေကို ပြန်ပြီးချဲ့ထွင်တာ၊ ဖြည့်စွက်တပ်ဆင်တာတွေ လုပ်ခဲ့တဲ့အတွက် ဓာတ်အားစနစ် ပြည့်ဝကောင်းမွန်စွာနဲ့ ပြည်သူတွေကို ဓာတ်အားပြတ်တောက်မှု အနည်းဆုံးနဲ့ ဝန်ဆောင်မှုတွေပေးနေတာ ဖြစ်ပါတယ်။ ဓာတ်အားသုံးစွဲတဲ့ မိဘပြည်သူတွေ လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို မိုဘိုင်းဖုန်းတွေနဲ့ ကြည့်ရှုနိုင်တဲ့ AMI စနစ်ကို ယနေ့အချိန်အထိ ရန်ကုန်၊ တိုင်းဒေသကြီး မြို့နယ်လေးခုမှာ စမ်းသပ်အကောင် အထည်ဖော်ခဲ့တာ အောင်မြင်မှုရရှိခဲ့ပါတယ်။ ပြည်သူတွေကလည်း ကျေကျေနပ်နပ်နဲ့ ပျော်ပျော်ရွှင်ရွှင် အသုံးပြုနေတာကို အစိုးရရဲ့စတုတ္ထ(၁)နှစ်တာကာလအတွင်းမှာ ဝန်ကြီးဌာနရဲ့ ဝန်ဆောင်မှုတွေထဲက တစ်ခုအဖြစ် ပြောကြားလိုပါတယ်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ပြည်သူတွေအားလုံး လျှပ်စစ်ဓာတ်အားကို ယုံကြည် စိတ်ချစွာ အသုံးပြုနိုင်ဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်လျက် ရှိနေသလို တစ်ဖက် မှာ လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေတိုးတက်အောင် ဆောင်ရွက်လျက်ရှိပါတယ်။ ဓာတ်အား သယ်ပို့တဲ့ ဓာတ်အားလိုင်းတွေကို စနစ်တကျ တည်ဆောက် ထိန်းသိမ်းတာတွေ လုပ်ဆောင် နေသလို ဖြန့်ဖြူးရေးအပိုင်းမှာ အများပြည်သူ ယုံကြည် စိတ်ချစွာသုံးနိုင်ဖို့အတွက် လိုအပ်တဲ့ထိန်းညှိမှုတွေ၊ ပြုပြင်ဆောင်ရွက်မှုတွေကို အချိန်နဲ့တစ်ပြေးညီ ကြိုးစားဆောင်ရွက် လျက်ရှိနေ ပါတယ်လို့ ပြောကြားလိုပါတယ်ခင်ဗျာ။

ခင်ရတနာ၊ ဇင်ဦး

ဓာတ်ပုံ၊ သီဟစည်သူ