Skip to main content

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေ ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ အာဆီယံအဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (ASEAN-PAC) ၏ (၁၈) ကြိမ်မြောက် အကြီးအမှူးများအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိ

နေပြည်တော် နိုဝင်ဘာ ၂၄

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယား အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ Vice President YONN SINAT ၏ ဖိတ်ကြားချက်အရ နိုဝင်ဘာ ၂၂ ရက်မှ ၂၃ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင် မြို့၌ ကျင်းပသည့် အာဆီယံအဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့(ASEAN-PAC)၏ (၁၈) ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီးကမ္ဘော ဒီးယားနိုင်ငံမှ လေကြောင်းခရီး ဖြင့်ထွက်ခွာခဲ့ရာ ရန်ကုန်မြို့သို့ ယနေ့ညနေပိုင်းတွင် ပြန်လည်ရောက်ရှိသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်းနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြောင်း သိရသည်။

သတင်းစဉ်