Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် ဒေါက်တာမျိုးသိန်းကျော်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ မော်စကိုမြို့ရှိ Rosatom လက်အောက်မှ (Electric Vehicles and Energy Storage Systems) Battery ထုတ်လုပ်သည့် RENERA ကုမ္ပဏီသို့ သွားရောက်လေ့လာ

နေပြည်တော် နိုဝင်ဘာ ၁၇

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် တို့ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးနှင့် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၆ ရက်နံနက်ပိုင်းတွင် မော်စကိုမြို့ရှိ Rosatom လက်အောက်ရှိ (Ele-ctric Vehicles and Energy Storage Systems) Battery ထုတ်လုပ်သည့် RENERA ကုမ္ပဏီသို့ သွားရောက်လေ့လာကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် ဒေါက်တာမျိုးသိန်းကျော် တို့ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Rosatom လက်အောက်ရှိ (Ele-ctric Vehicles and Energy Storage Systems) Battery ထုပ်လုပ်သည့် RENERA ကုမ္ပဏီမှ ထုတ်လုပ်ထားသော Energy Storage System (Commercial power management modula) များအား ကြည့်ရှုလေ့လာကြပြီး သိရှိလိုသည်များကို အသေးစိတ်မေးမြန်းကြသည်။

ထို့နောက် အစည်းဝေးခန်းမတွင် Directorof Business Development ဖြစ်သူ Natalia G. Leonteva က စက်ရုံ၏သမိုင်းအကျဉ်း၊ ပြည်ပနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ Lithiun Iron အား အခြေခံ၍ Battery ထုတ်လုပ်ဆောင်ရွက်နေမှုများ၊ စက်ရုံအနေဖြင့် လျှပ်စစ် မော်တော်ကားများ တိုးချဲ့ထုတ်လုပ်ရန်စီစဉ်ထားရှိမှုများ၊ ၂၀၂၄ ခုနှစ်တွင် 4 GW အထိ ထုတ်လုပ်ရန် ရည်ရွယ်ဆောင်ရွက်နေမှု၊ စက်ရုံများမှထုတ်လုပ်လျက်ရှိသည့် Battery များကို အသုံးပြုနေမှု၊ Battery များ၏စွမ်းအင်သိုလှောင်သိမ်းဆည်းမှုနှင့် လုံခြုံစိတ်ချမှုပိုင်းဆိုင်ရာများ၊ နေရောင်ခြည်စွမ်းအင်နှင့် လေအားလျှပ်စစ်စသည်တို့မှရရှိသည့် လျှပ်စစ်ဓာတ်အားများအား Energy Storage System(ESS) ဖြင့် တွဲဖက်အသုံးပြုမှုစနစ်များ၊ ESS များ၏စွမ်းဆောင်နိုင်မှုအရ ဓာတ်အားအများအပြားအသုံးပြုဆောင်ရွက်နေသော စက်ရုံအလုပ် ရုံများတွင် စွမ်းအင်ကိုအကျိုးရှိစွာအသုံးပြုနိုင်မှုနှင့် တည်ငြိမ်စွာအသုံးပြုနိုင်မှုများ၊ စက်ရုံထုတ် Battery များဖြင့် စက်မှုလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများ၊ လျှပ်စစ်ကားများ စသည်တို့၌ တွင်ကျယ်စွာအသုံးပြုလျက်ရှိသည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးများက ယခုကဲ့သို့ အလေးထားရှင်းလင်းပြောကြားမှုများအတွက်အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားပြီး မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိဆောင်ရွက်လျက်ရှိသည့် လျှပ်စစ်ပိုင်းဆိုင်ရာများနှင့် စက်မှု လုပ်ငန်းများတွင် လာရောက်ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံနိုင်မှုဆိုင်ရာကိစ္စရပ်များအပါအဝင် အခြားကိစ္စရပ်များနှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးကြသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအပိုင်းတွင် Renewable Energy အဖြစ် ထပ်မံတိုးချဲ့ဆောင်ရွက်လျက်ရှိသော နေရောင်ခြည်နှင့် လေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများအတွက် နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် ချိတ်ဆက်ဆောင်ရွက် ရာတွင် ဓာတ်အားတည်ငြိမ်စွာဖြန့်ဖြူးဆောင်ရွက်ရာတွင် LithiunIron ကိုအခြေခံ၍ ဆောင်ရွက်ထားသော Energy Storage Systems(ESS) မှာ အထူးလိုအပ်သောစနစ်တစ်ခုဖြစ်သည်။ ထို့ပြင် နိုင်ငံတော်၏ရည်မှန်းချက်ဖြစ်သော လျှပ်စစ်သုံးမော်တော်ယာဉ်များ (Electric Vehicles–EV) အသုံးပြုဆောင်ရွက်နိုင်ရေးတွင်လည်း မော်တော်ယာဉ်၏အဓိကအစိတ်အပိုင်း ဖြစ်သော Battery မှာ Lithiun Iron ဖြင့်ဆောင်ရွက်ခြင်းဖြင့် Battery ၏သက်တမ်းနှင့် စွမ်းဆောင်နိုင်မှုမှာ များစွာမြင့်မားကြောင်းသိရှိရသဖြင့် ရုရှား- မြန်မာ နှစ်နိုင်ငံ လျှပ်စစ် စွမ်းအင်ကဏ္ဍ၌ ချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ရာတွင် များစွာအထောက်အကူပြုမည် ဖြစ်ကြောင်း သိရသည်။

ယင်းနောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် နေ့လယ်ပိုင်းတွင် Leningradskiy မီးရထားဘူတာရုံမှတစ်ဆင့် Speed train 772 A အမြန်ရထားဖြင့် Saint Petersburg သို့ ဆက်လက်ထွက်ခွာခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်