Skip to main content

လူငယ်ရေးရာဦးစီးဌာန ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲ ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၄

ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်ပြီး အရည်အချင်း ပြည့်ဝစေရန်နှင့် ရုံးလုပ်ငန်းများ ပိုမိုကျွမ်းကျင်စွာ တတ်မြောက်စေရန်ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာန ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း အမှတ်စဉ် (၂/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပသည်။

ပြောကြား

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက လူငယ်ရေးရာဦးစီးဌာနတွင် တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းများအနေဖြင့် မိမိတို့ဦးစီးဌာန၏ မူဝါဒရည်မှန်းချက်များ ပြည့်မီစေရေး အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ အောင်မြင်အောင် ဆောင်ရွက်ရာတွင် ဝန်ထမ်းစည်းမျဉ်း/စည်းကမ်းများ၊ ဘဏ္ဍာရေး စည်းမျဉ်း/စည်းကမ်းများနှင့် ရုံးလုပ်ငန်းများကို အချိန်တိုအတွင်း ပိုမိုသိရှိနားလည်ပြီး ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ယခုသင်တန်းကိုဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ ကဏ္ဍ ပေါင်းစုံမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဝန်ထမ်းများအနေဖြင့် မိမိတို့၏ ကိုယ်ရည်ကိုယ်သွေးများ တိုးတက်အောင် ယခုသင်တန်းတွင် သင်ကြားပို့ချမည့် သင်ခန်းစာများကို အပတ်တကုတ် ကြိုးစား သင်ယူကြရန် တိုက်တွန်းပြောကြားသည်။

အဆိုပါသင်တန်းကို နိုဝင်ဘာ ၁၄ ရက်မှ ၂၈ ရက်အထိ ရက်သတ္တနှစ်ပတ်ကြာ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ရာ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၂၂ ဦး တက်ရောက်သင်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်