Skip to main content

စက်မှုကျွမ်းကျင် တစ်နှစ်သင်တန်းဆင်းပွဲအခမ်းအနားများကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၂

အမှတ်(၆)စက်မှုသင်တန်းကျောင်း(မြင်းခြံ)၏ စက်မှုကျွမ်းကျင်တစ်နှစ်သင်တန်း အမှတ်စဉ်(၇) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ အဆိုပါသင်တန်းကျောင်းခန်းမ၌လည်းကောင်း၊ အမှတ်(၅)စက်မှု သင်တန်းကျောင်း(မကွေး)၏ စက်မှုကျွမ်းကျင်တစ်နှစ်သင်တန်းအမှတ်စဉ်(၁၀) သင်တန်းဆင်းပွဲအခမ်းအနားကို မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ အဆိုပါသင်တန်းကျောင်းခန်းမ၌လည်းကောင်း ကျင်းပသည်။

သင်တန်းဆင်းပွဲများတွင် မကွေးတိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး၊ အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က သင်တန်းသားတစ်ဦးချင်းစီကို သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်သည်။

ထို့ပြင် ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က အမှတ်(၆)စက်မှုသင်တန်းကျောင်း (မြင်းခြံ)မှ Machine Tools Operator ဘာသာရပ် ထူးချွန်ဆုရ မချိုချိုလွင်၊ Welder & Sheet Metal ဘာသာရပ်ထူးချွန်ဆုရ မောင်ဘုန်းမြတ်ကျော်၊ Tool & Die ဘာသာရပ် ထူးချွန်ဆုရ မမေမြတ်နိုးသွယ်၊ Industrial Electrician ဘာသာရပ် ထူးချွန်ဆုရ မောင်ကောင်းခန့်နိုင် တို့ကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက သင်တန်းရက်မှန်ဆုရ မောင်ဖြိုးဇော်နှင့် စံပြသင်တန်းသားထူးချွန်ဆုရ မောင်ကောင်းခန့်နိုင်တို့ကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)မှ Electricity & Electronics ဘာသာရပ် ထူးချွန်ဆုရ မအိရတနာကျော်၊ Transmission & Chassis ဘာသာရပ်ထူးချွန်ဆုရ မောင်သက်ပိုင်စိုး၊Body Repair & Painting ဘာသာရပ် ထူးချွန်ဆုရ မောင်အောင်ပိုင်ဖြိုး၊ Engine Maintenance ဘာသာရပ် ထူးချွန်ဆုရ မောင်ပြည့်စုံ ထွန်း၊ CAD/CAM ဘာသာရပ်ထူးချွန်ဆုရ မနွေးနွေးသက်တို့ကိုလည်းကောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက သင်တန်းရက်မှန်ဆုရ မောင်မျိုးသက်ဝေနှင့် စံပြသင်တန်းသားထူးချွန်ဆုရ မောင်အောင်ပိုင်ဖြိုးတို့ကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ပြီး သင်တန်းသားသင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာသည့်ဧည့်သည်တော်များသည် သင်တန်းသား သင်တန်းသူများလက်တွေ့ပြုလုပ်ထားသည့် သင်တန်းဆင်း Project များကို လှည့်လည်အားပေးကြည့်ရှု၍ သင်တန်းဆင်း Project ပြိုင်ပွဲတွင် ဆုရရှိသည့်အသင်းများကို ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဆုများချီးမြှင့်သည်။

စက်မှုကျွမ်းကျင် တစ်နှစ်သင်တန်းအမှတ်စဉ်(၇)သင်တန်းကို ၂၀၂၁ ခုနှစ်ဒီဇင်ဘာ ၉ ရက်တွင် စတင်ဖွင့်လှစ်၍ Machine၊ Welding၊ Foundry၊ Tool & Die၊CNC၊ Electrical၊Electronics ဘာသာရပ်တို့ကိုလေ့ကျင့်သင်ကြားပေးခဲ့ကာ သင်တန်းသား ၆၄ ဦး၊ သင်တန်းသူ ၂၄ ဦး စုစုပေါင်း ၈၈ ဦးကို သင်တန်းဆင်းလက်မှတ်များပေးအပ်နိုင်ခဲ့ပြီး စက်မှုကျွမ်းကျင် တစ်နှစ်သင်တန်းအမှတ်စဉ် (၁၀)သင်တန်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၉ ရက်တွင် စတင် ဖွင့်လှစ်၍ Automobile Maintenance နှင့် CAD/CAN ဘာသာရပ်တို့ကို လေ့ကျင့်သင်ကြားပေးခဲ့ပြီး သင်တန်းသား ၁၁၇ ဦး၊ သင်တန်းသူ ၁၆ ဦး စုစုပေါင်း ၁၃၃ ဦးကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်နိုင်ခဲ့သည်။

စက်မှုဝန်ကြီးဌာနတွင် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများ၏အကူအညီဖြင့် စက်မှုသင်တန်း ကျောင်းခြောက်ကျောင်းကို တည်ထောင်ဖွင့်လှစ်ထားရှိပြီး နှစ်စဉ်စက်မှုကျွမ်းကျင်လုပ်သား ၁၀၀၀ ကျော်ကို လေ့ကျင့်သင်ကြားမွေးထုတ်ပေးလျက်ရှိသည်။ ထို့အပြင် အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် မုံရွာမြို့နှင့် သထုံမြို့တို့တွင် စက်မှုသင်တန်းကျောင်းများ ထပ်မံ ဖွင့်လှစ်နိုင်ရေးစီမံဆောင်ရွက်လျက်ရှိပြီး စက်မှုသင်တန်းကျောင်းများမှ စက်မှုနှင့် အသက်မွေးပညာ ဘာသာရပ် ၁၆ မျိုးကို လေ့ကျင့်သင်ကြားပေးလျက်ရှိကာ စက်မှုသင်တန်းကျောင်းများမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၏ လိုအပ်ချက်အပေါ်မူတည်၍ သံဂဟေ/ဓာတ်ငွေ့ဂဟေဆက်သင်တန်း၊ လျှပ်စစ်သင်တန်း၊ လယ်ယာသုံး အင်ဂျင်အမျိုးမျိုးနှင့် မော်တော်ဆိုင်ကယ်ပြုပြင်သင်တန်း၊ မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း စသည့် စက်မှုနှင့် အသက်မွေးပညာရွေ့လျားသင်တန်းများကို ဒေသအရောက် သွားရောက်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်