နေပြည်တော် နိုဝင်ဘာ ၁
တည်ဆောက်ရေးလုပ်ငန်းနှင့်အညီ ဂုဏ်ပြု ယာဉ်၏ ကိုယ်ထည်တည်ဆောက်မှုပိုင်းနှင့် မြန်မာမှု ရုပ်လုံးရုပ်ကြွများနှင့် အချောထည် တည်ဆောက်ခြင်း အပိုင်းနှစ်ပိုင်းခွဲထားပြီး ကိုယ်ထည်တည်ဆောက် မှုပိုင်းအနေဖြင့် ယာဉ်ပေါ်တွင် ပြသမည့်ပစ္စည်းများ၏ အလေးချိန်ကို ခံနိုင်အောင်တောင့်တင်းခိုင်မာရန်လိုကြောင်း၊ အသုံးပြုမည့်ပစ္စည်းများကို Steel Angle၊ C - Channel တို့နှင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အရန်တန်းများကို Aluminium Hollow သုံးပြီး အထပ်သားကပ်ခြင်းဖြင့် ကိုယ်ထည်အပိုင်းကို တည်ဆောက်ကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက ပြောကြားသည်။
ပြောကြား
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ၊ ဂုဏ်ပြုယာဉ်များ တည်ဆောက်ရေးလုပ်ငန်းကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပရာ ဂုဏ်ပြုယာဉ်များ တည်ဆောက်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက ယင်းသို့ ပြောကြားခြင်းဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာမှုရုပ်လုံးရုပ်ကြွ၊ ပန်းပု၊ ပန်းချီများနှင့် ရိုးရာယဉ်ကျေးမှု အထိမ်းအမှတ်များ၊ ဝန်ကြီးဌာနများ၏ အထင်ကရ ကြိုးပမ်းလုပ်ဆောင်ချက်များကို နိုင်ငံတော်အဆင့်နှင့်အညီ လက်ရာလက်သားကောင်းမွန်ရန် ယခု ကတည်းက အချိန်ယူဆောင်ရွက်ကြရမည်ဖြစ် ကြောင်း။
၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားကြီးကို ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များက မိမိတို့ဆောင်ရွက်ကြမည့် ဂုဏ်ပြုယာဉ်များဖြင့် ခမ်းခမ်းနားနားအောင်မြင်အောင် ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးပေးစေ လိုကြောင်း ပြောကြားသည်။
ထို့နောက် ဂုဏ်ပြုယာဉ်များ တည်ဆောက်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ဒုတိယစစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်ခင်မောင်အေးက (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားအတွက် ဂုဏ်ပြုယာဉ်များ တည်ဆောက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် သတ်မှတ်ချက်များ၊ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဂုဏ်ပြုယာဉ်များ တည်ဆောက်ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်များဖြစ်သည့် တိုင်းဒေသကြီး/ ပြည်နယ်များမှ ဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်တို့က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်ရန်နှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြမှုတို့အပေါ် လုပ်ငန်းကော်မတီဥက္ကဋ္ဌက ဂုဏ်ပြုယာဉ်များ သတ်မှတ်အချိန်မီပြီးစီးရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်