Skip to main content

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) စာရေးဝန်ထမ်း အခြေခံသင်တန်းအမှတ်စဉ်(၂၀၂) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန် အောက်တိုဘာ ၃၁

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ ယနေ့နံနက် ၇ နာရီခွဲတွင် စာရေးဝန်ထမ်းအခြေခံသင်တန်းအမှတ်စဉ်(၂၀၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှပါမောက္ခများ၊ သင်ကြား/ စီမံဌာနများနှင့်တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြပြီး ပါမောက္ခချုပ် ဦးဇော်ဇော်က သင်တန်းဖွင့်မိန့်ခွန်းပြောကြားသည်။

စာရေးဝန်ထမ်း အခြေခံသင်တန်းအမှတ်စဉ်(၂၀၂)သို့ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအသီးသီးမှ သင်တန်းသား ၂၀၇ ဦး၊ သင်တန်းသူ ၂၉၄ ဦး စုစုပေါင်း ၅၀၁ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ အောက်တိုဘာ ၃၁ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၆ ရက်အထိ ရက်သတ္တ ၁၀ ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်