Skip to main content

မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးနှင့် မဲရုံများ လျာထားသတ်မှတ်ခြင်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် အောက်တိုဘာ ၃၁

အောင်လံမြို့နယ်နှင့် ဆင်ပေါင်ဝဲမြို့နယ်တို့ရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူများအား ဥပဒေနှင့်အညီ အောက်တိုဘာလကုန်ထိ လစဉ်စိစစ်ပြုစုထားသည့် လူဦးရေစာရင်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အောင်လံမြို့နယ်နှင့် ဆင်ပေါင်ဝဲမြို့နယ်တို့ရှိ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ပူးပေါင်းစိစစ်ဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် အောင်လံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် သရက်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိက အောင်လံမြို့နယ်နှင့် ဆင်ပေါင်ဝဲမြို့နယ်များ၏ အခြေခံမဲဆန္ဒရှင်စာရင်းများ လစဉ်စိစစ်ဆောင်ရွက်မှုနှင့်စပ်လျဉ်းပြီး အောက်တိုဘာလအထိတင်ပြရာ-

(၁) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ စိစစ်ချက်အရ

(က) သေဆုံး၊ ပြောင်းထွက်၊ (၂) ကြိမ်ထပ်၊ (၃) ကြိမ်ထပ်တို့မှ လျော့သည့်လူဦးရေ ၄၉၆ ဦး                  

(ခ) လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လက်ကျန်စာရင်းမှ ပြန်လည်ထည့်သွင်းသည့် ထပ်တိုးလူဦးရေ ၁၃၄၆ ဦး

(ဂ) အောက်တိုဘာလအတွင်း မြေပြင်လူဦးရေ ၃၆၅၃၇၂ ဦး

(၂) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စိစစ်ချက်အရ

(က) မြေပြင်ထပ်တိုး

- ပုံစံ (၆၆/၆) ရှိသူ ၉၂ ဦး

- ပုံစံ (၆၆/၆) အခြားနှင့် (၆၆/၆)မရှိသူ ၆၉ ဦး

စုစုပေါင်းမြေပြင်ထပ်တိုး ၁၆၁ ဦး

(ခ) မြေပြင်တွင်လျော့သည့်ဦးရေ

- ပုံစံ (၆၆/၆) ရှိသူ ၆၃ ဦး

- ပုံစံ (၆၆/၆) အခြားနှင့် (၆၆/၆) မရှိသူ ၄၄ ဦး

စုစုပေါင်းမြေပြင်လျော့သည့်ဦးရေ ၁၀၇ ဦး

မဲရုံတည်နေရာနှင့် မဲရုံအရေအတွက်လျာထားမှု ၃၇၄ ရုံ လျာထားသတ်မှတ်ထားကြောင်းနှင့် မဲရုံသုံးပစ္စည်းလိုအပ်ချက်တို့ကို တင်ပြဆွေးနွေးသည်။

ယင်းနောက် တက်ရောက်လာကြသော သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက အကြံပြုဆွေးနွေးကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် မကွေးတိုင်းဒေသကြီး(တာဝန်ခံ) ဦးအောင်လွင်ဦးနှင့် အဖွဲ့ဝင် ဦးမင်းမင်းဦးတို့က လုပ်ငန်းလိုအပ်ချက်များကို ဖြည့်စွက်မှာကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်