နေပြည်တော် အောက်တိုဘာ ၁၇
ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးအောင်ဇော်သိန်း၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဦးသိန်းကိုကို တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁)၌ ရုံးထိုင်၍ တရားမ အထူးအယူခံမှု အမှတ်၊ ၃/၂၀၂၁ (မကွေး)၊ ၁၅ / ၂၀၂၁ ( ရန်ကုန် ) ၊ ၄၁ / ၂၀၂၀ (မွန်) ၊ ၂၁/၂၀၂၂ (ရန်ကုန်) စုစုပေါင်း တရားမ အထူးအယူခံမှု (၄) မှု တို့ကို စီရင်ချက် ချမှတ်သည်။
ထို့ပြင် ရာဇဝတ် အထူးအယူခံမှုအမှတ် ၃/၂၀၂၂ (ဧရာဝတီ)၊ ၄/၂၀၂၂ (ရန်ကုန်)၊ ၅/၂၀၂၂ (ရန်ကုန်)၊ ၆/၂၀၂၂ (ရန်ကုန်)၊ စုစုပေါင်း ရာဇဝတ် အထူးအယူခံမှု (၄)မှုတို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင် ကြားနာခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်