Skip to main content

မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်ရေးနှင့် မဲရုံများလျာထားသတ်မှတ်ခြင်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၆

မြောင်းမြခရိုင်နှင့် လပွတ္တာခရိုင်အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူများအား ဥပဒေနှင့်အညီ စက်တင်ဘာလကုန်အထိ လစဉ်စိစစ်ပြုစုထားသည့် လူဦးရေစာရင်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများက ပူးပေါင်းစိစစ်ဆောင်ရွက်ထားမှုများနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့နံနက် ၉ နာရီတွင် မြောင်းမြခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ မြောင်းမြခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိက အခြေခံမဲဆန္ဒ ရှင်စာရင်းများ လစဉ်စိစစ်ဆောင်ရွက်မှုနှင့်စပ်လျဉ်းပြီး စက်တင်ဘာလအထိ တင်ပြရာ -

(၁) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ စိစစ်ချက်အရ

(က) သေဆုံး၊ ပြောင်းထွက်၊ (၂) ကြိမ်ထပ်၊ (၃) ကြိမ်ထပ်တို့မှလျော့သည့်လူဦးရေ (၇၈၁၅) ဦး

(ခ) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန လက်ကျန်စာရင်းမှ ပြန်လည် ထည့်သွင်းသည့် ထပ်တိုးလူဦးရေ (၂၁၈၆) ဦး

(၂) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စိစစ်ချက်အရ .

(က) မြေပြင်ထပ်တိုး

ပုံစံ (၆၆/၆) ရှိသူ        (၁၀၈၄၀) ဦး

(ခ) မြေပြင်တွင် လျော့သည့်ဦးရေ

ပုံစံ (၆၆/၆) ရှိသူ        (၅၅၆၁) ဦး                                                             

မဲရုံတည်နေရာနှင့် မဲရုံအရေအတွက်လျာထားမှု (၇၉၇) ရုံ လျာထားသတ်မှတ်ထားကြောင်းနှင့် မဲရုံသုံးပစ္စည်းလိုအပ်ချက်တို့ကို တင်ပြဆွေးနွေးသည်။

ဆက်လက်ပြီး လပွတ္တာခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိက အခြေခံ မဲဆန္ဒရှင်စာရင်းများ လစဉ်စိစစ်ဆောင်ရွက်မှုနှင့်စပ်လျဉ်းပြီး စက်တင်ဘာလအထိတင်ပြရာ -

(၁) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ စိစစ်ချက်အရ

- သေဆုံး၊ ပြောင်းထွက်၊ (၂) ကြိမ်ထပ်၊ (၃) ကြိမ်ထပ်တို့မှလျော့သည့်လူဦးရေ (၁၅၄၉) ဦး

(၂) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စိစစ်ချက်အရ .

(က)   မြေပြင်ထပ်တိုး

ပုံစံ (၆၆/၆) ရှိသူ        (၈၃၄) ဦး

(ခ) မြေပြင်တွင် လျော့သည့်ဦးရေ

ပုံစံ (၆၆/၆) ရှိသူ    (၁၀၂၇) ဦး                                                    

မဲရုံတည်နေရာနှင့် မဲရုံအရေအတွက်လျာထားမှု (၅၈၆) ရုံ လျာထားသတ်မှတ်ထားကြောင်းနှင့် မဲရုံသုံးပစ္စည်းလိုအပ်ချက်တို့ကို တင်ပြဆွေးနွေးသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသော တာဝန်ရှိသူများက အကြံပြုဆွေးနွေး တင်ပြကြပြီး တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသန်းထွန်းနှင့် ဦးအောင်လွင်ဦးတို့က ဖြည့်စွက်မှာကြားပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)