Skip to main content

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး သဘောထားထုတ်ပြန်ချက်

(၁၂- ၁၀ -၂၀၂၂)

ကျိုက်ထီးရိုးဘုရား၊ ကင်မွန်းချောင်း၊ တောင်တက်ကားဂိတ်ကို အကြမ်းသမားများက လက်နက်များဖြင့် လာရောက်ပစ်ခတ်မှု ကြောင့် ဘုရားဖူးပြည်သူ ၁၉ ဦး ထိခိုက်ဒဏ်ရာရပြီး ၃ ဦး သေဆုံးခဲ့ကြောင်း ကြားသိခဲ့ရပါသည်။

ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးကို လာရောက်ဖူးမြော်ပြီး ကုသိုလ်ကောင်းမှုများပြုလုပ်နေချိန် အခွင့်ကောင်းယူကာ ပြည်သူ များ ပျက်စီးရေးကို ရှေးရှုလျက် အကြမ်းဖက်မှုများကို ပြုလုပ်ခဲ့သည့် အဖွဲ့အစည်းများကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ကန့်ကွက် ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး