Skip to main content

မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံး(ဗဟို) သဘောထားထုတ်ပြန်ချက်

မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို)

သဘောထားထုတ်ပြန်ချက်

၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်

၁။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုး ဆံတော်ရှင်အား တက်ရောက် ဖူးမြော်ကြမည့် ဘုရားဖူးပြည်သူအများအပြား ရှိနေသည့် ယနေ့နံနက်ပိုင်း ၁၀ နာရီခွဲခန့်တွင် ကင်းမွန်းချောင် တောင်တက်ယာဉ်စခန်းအား KNLA တပ်မဟာ (၁)နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လူမဆန်စွာ အကြောင်းမဲ့ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြသည်ဟုသိရပြီး အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ဘုရားဖူးပြည်သူ ၁၉ ဦး ဒဏ်ရာရရှိခဲ့ပြီး ၃ ဦး သေဆုံးခဲ့ကြောင်း သိရှိရသဖြင့် များစွာ စိတ်နှလုံး မချမ်းမြေ့ဖွယ်ရာ ဖြစ်ရပါသည်။

၂။ ယခုကဲ့သို့ စစ်ရေးနှင့် မသက်ဆိုင်သည့် အများပြည်သူ အေးချမ်းစွာဖြင့် ဘုရားဖူး ကုသိုလ်ယူလျက်ရှိသော သာသနာ့နယ်မြေအတွင်း စက်ဆုပ်ရွံ့ရှာဖွယ်ဖြစ်သော အကြမ်းဖက်လုပ်ရပ် လုပ်ဆောင်မှုမျိုးကို မိမိတို့ မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံးမှ လုံးဝ လက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာရှုတ်ချကြောင်း သဘောထား ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံး(ဗဟို)