Skip to main content

မြန်မာ့ရိုးရာမဟာသင်္ကြန် ရုံးပိတ်ရက်ကာလအတွင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အထူးအစီအစဉ်များ ပြသသွားမည်

နေပြည်တော် မတ် ၃၀

၂၀၂၀ ပြည့်နှစ်၊ ဧပြီ ၁၀ ရက်မှ ၁၉ ရက်အထိ မြန်မာ့ရိုးရာ မဟာသင်္ကြန်ရုံးပိတ်ရက် ကာလအတွင်း မူလပြသနေသည့် ရုပ်သံဇာတ်လမ်းတွဲများအပြင် မိသားစုနှင့်အတူ အပန်းဖြေအနားယူကြမည့် မိဘပြည်သူများအတွက် အထူးအစီအစဉ်အဖြစ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထင်ရှားကျော်ကြားသည့် မြန်မာ့ရုပ်ရှင်ဇာတ်ကားကောင်းများ၊ သင်္ကြန်နှင့်ပတ်သက်သည့် ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားကောင်းများကို နေ့စဉ် နေ့လယ်ပိုင်းနှင့် ညပိုင်းတွင်လည်းကောင်း၊ ရုပ်သံဇာတ်လမ်းတွဲများကို နံနက်ပိုင်းနှင့် ညနေပိုင်းများတွင် လည်းကောင်း ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်