တာချီလိတ် မတ် ၃၀
ရှမ်းပြည်နယ်အရှေ့ပိုင်း မြန်မာ-ထိုင်းနယ်စပ် မျဉ်း မယ်ဆိုင် မြစ်ချောင်းတစ်လျှောက်တွင် တာချီလိတ်မြို့သို့ တရားမဝင် ဝင်/ ထွက်သွား လာမှု မရှိစေရန် ဝင်ရောက်နိုင်မည့်နေရာများ၌ ပူးပေါင်းအဖွဲ့များဖြင့် စောင့်ကြပ် ကြည့်ရှု သွားမည်ဖြစ်ကြောင်း သိရသည်။
မတ် ၂၃ ရက်က တရားဝင် နယ်စပ် ဝင်/ထွက်ပေါက် ချစ်ကြည်ရေးတံတားကို စတင်ပိတ်လိုက်ပြီးနောက် ထိုင်းနိုင်ငံအတွင်း တရားမဝင်သွားရောက်သူများနှင့် ရက်ကျော်နေထိုင်သူများက မယ်ဆိုင်ချောင်းမှတစ်ဆင့် ဖြတ်ကူးကာခိုးဝင်သဖြင့် ယင်းကဲ့သို့ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရှိရပြီး တာချီလိတ်ခရိုင် စီမံခန့်ခွဲမှု ကော်မတီ၏ COVID- 19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး၊ တုံ့ပြန်ဆောင်ရွက်ရေးနှင့် ရောဂါထိန်းချုပ်နိုင်ရေးလုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
နယ်စပ်ဂိတ်များ ပိတ်လိုက်ပြီးနောက် နေရပ်ပြန်များကို နှစ်နိုင်ငံညှိနှိုင်းမှုဖြင့် မြန်မာနိုင်ငံမှ အလုပ်သမားများအား မတ် ၂၉ ရက်အထိ ခြောက်ကြိမ်တိုင် အလုပ်သမားဦးရေ ၁၆၀၀ ကျော်ကို ပြန်လည်လက်ခံခဲ့ကြကြောင်း သိရှိရသည်။
ယာဆေး(ပြန်/ဆက်)