နေပြည်တော် ဩဂုတ် ၉
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှု တားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများကို သဇင် FM ၏ “ ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “ချောင်းဦးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်စဉ် လှုမှုကူညီရေးယာဉ်များအား ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်” ခေါင်းစဉ်ဖြင့် ဩဂုတ် ၁၀ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ်သည်။
လာမည့်အပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် “သေတဲ့သူက သေပြီး ဘယ်သူသေသေ ကိုယ်မာဖို့ပဲလုပ်နေသော ငတေများ” နှင့် ပတ်သက်သည့်ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူ ပရိသတ်များအနေဖြင့် အပတ်စဉ် ကြာသပတေးနေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင် နိုင်ပြီဖြစ်ကြောင်းနှင့် ပါဝင်လာသည့်ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက်များကို လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်