နေပြည်တော် ဩဂုတ် ၇
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
မီဒီယာများမှတစ်ဆင့် အသိပေးသတင်းထုတ်ပြန်
ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က) နှင့် တည်ဆဲဥပဒေများ အရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင် သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်း ခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
တရားဥပဒေနှင့်အညီ အမှုဖွင့်လှစ်အရေးယူ
ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သော်လည်း မန္တလေးတိုင်းဒေသကြီး ရမည်းသင်း မြို့နယ် ဝါးတိုးအလယ်ရပ်ကွက်နေ ထက်စိုးထိုက်သည် ၎င်းအသုံးပြုသည့် “Htet Soe Htike” Face book အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် (ဌ) ရပ်ကွက်နေ မစုစုစန္ဒီထွန်း (ခ) စုစုသည် ၎င်းအသုံးပြုသည့် “Su Su” Facebookအကောင့်၊ ကျောက်တန်းမြို့နယ် ညောင်ဝိုင်းကျေးရွာနေ မအိန္ဒြာစိုး (ခ) သေးသေးမသည် ၎င်းအသုံးပြုသည့် “Eidra Soe” Facebook အကောင့်၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ကစင်ကျေးရွာနေ ဟန်ထူးအောင်သည် ၎င်းအသုံးပြုသည့် “Han Htoo Aung” Facebook အကောင့်၊ စမ်းချောင်းမြို့နယ် လင်းလွန်း (တောင်)ရပ်ကွက်နေ နန်းထိုက်ဦးသည် ၎င်းအသုံးပြုသည့် “Nann Htike Oo” Facebook အကောင့်၊ ရှမ်းပြည်နယ် တောင်ပိုင်း ရွာငံမြို့နယ် မြင်းကျဒိုး ကျေးရွာနေ ဇော်မျိုးထွဋ် (ခ) သားကင်းသည် ၎င်းအသုံးပြုသည့် “Thar King” Facebook အကောင့်၊ ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ဖောင်တောကျေးရွာနေ အေးလွင်သည် ၎င်းအသုံးပြု သည့် “Aye Lwin” Facebook အကောင့်၊ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် လေးလံကွန်းကျေးရွာနေ ဇွဲထက်အောင် (ခ) ဖိုးသား သည် ၎င်းအသုံးပြုသည့် “Phoe Thar” Facebook အကောင့်၊ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် မင်းတဲအီကင်း ရပ်ကွက်နေ နေလင်းသည် ၎င်းအသုံးပြုသည့် “Ko Nya Lin” Facebook အကောင့်၊ ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နယ် အေးသာယာမြို့နေ နန်းကြည်ပြာလင်းသည် ၎င်းအသုံးပြုသည့် “Kyi Pyar Lin” Facebook အကောင့်၊ ရွှေညောင်မြို့နယ် အောင်သပြေ ရပ်ကွက်နေ ခွန်ဆက် နိုင်သည် ၎င်းအသုံးပြုသည့် “Khon Satt Naing” Facebook အကောင့်တို့သည် အသိပေး သတင်းထုတ်ပြန်ချက် အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရသည်။
ဝါဒဖြန့်သူများအားဖော်ထုတ်အရေးယူသွားမည်
ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့ အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန်နှင့် အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ် ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက် ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။
သတင်းစဉ်