နေပြည်တော် ဩဂုတ် ၇
ရှမ်းပြည်နယ် (မြောက်ပိုင်း)နောင်ချိုမြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၈၆ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါး ကက်တမင်း ကီလို ၂၂၀ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁ ရက် ည ၇ နာရီခန့်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)နောင်ချို မြို့နယ် မန္တလေး-လားရှိုးသွား ကားလမ်း မိုင်တိုင်အမှတ် ၇၉/၄ အနီး၌ မသင်္ကာဖွယ်ရပ်တန့် ထားသော ဆီဘောက်ဆာယာဉ်ကို တွေ့ရှိသဖြင့် လျှို့ဝှက်စောင့်ကြည့် နေစဉ် ဩဂုတ် ၄ ရက် ညနေ ၃ နာရီခွဲတွင် ရပ်တန့်ထားသည့် နေရာမှ ကျောက်မဲဘက်သို့ မောင်းနှင်သွားသဖြင့် ဂုတ်တွင်းတံတားထိပ်တွင် တားဆီးရှာဖွေခဲ့ရာ မင်းဇော်ဦးနှင့် ချမ်းမြေ့ဇော်တို့အား မသင်္ကာဆီဘောက် ဆာယာဉ်ဖြင့်လည်းကောင်း၊ အောင်အောင်အား မော်တော် ဆိုင်ကယ်ဖြင့် လည်းကောင်း တွေ့ရှိရပြီး ဆီဘောက်ဆာယာဉ်ပေါ်မှ ဒေသကာလ တန်ဖိုးငွေကျပ် ၂ ဒသမ ၈၆ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး ကက်တမင်း ကီလို ၂၂၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက် စစ်ဆေး ဖော်ထုတ်လျက်ရှိ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
သတင်းစဉ်