Skip to main content

တွံတေးမြို့နယ် ရွှေကသစ်ချောင်း သဘာဝရေပြင်အတွင်း ငါးသားပေါက်ကောင်ရေငါးသိန်း မျိုးစိုက်ထည့်ပေး

ရန်ကုန် ဩဂုတ် ၇

ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့်တွံတေးမြို့နယ် ရွှေကသစ်ချောင်း သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့် ခြင်းအခမ်းအနားကို ဩဂုတ် ၇ ရက် နံနက် ၉ နာရီတွင် ရွှေကသစ်ကျေးရွာ အနီး၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဦးစီးဌာနမှူး ဦးတင့်လွင်၊ ခရိုင်ဦးစီးဌာနမှူးဦးအေးနိုင်၊ တွံတေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးတင်မောင်ထွဋ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး တွံတေးငါးလုပ်ငန်းစခန်းမှ နှစ်လက်မအရွယ် ငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ ငါးသိန်းအား မျိုးစိုက်ထည့်ပေး ကြောင်း သိရသည်။

သတင်းစဉ်