ရန်ကုန် မတ် ၂၈
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမြင့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများသည် COVID - 19 ရောဂါ ထိရောက်စွာကာကွယ်ထိန်းချုပ်နိုင်ရန် ကြိုတင် လုပ်ဆောင်၍ရနိုင်သော လုပ်ငန်း များဆောင်ရွက်နိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပနိုင်ငံ များသို့ ပြေးဆွဲလျက်ရှိသော လေကြောင်းလိုင်းများမှ တာဝန်ရှိသူများအား ယမန်နေ့က တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး ခန်းမ(၃) ၌ တွေ့ဆုံခဲ့သည်။
တွေ့ဆုံရာ၌ ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာ (COVID 19) ကူးစက်ရောဂါ ကာကွယ်ခြင်းသည်ကုသခြင်းထက် ပိုမိုထိရောက်သည်ဆိုသည့် အတိုင်း အမျိုးသားရေးကိစ္စအဖြစ်သတ်မှတ်ကာ နိုင်ငံတော် အကြီးအကဲများ၏လမ်းညွှန်မှုဖြင့် လူအဝင်အထွက်များပြား သော ရန်ကုန်မြို့တော်တွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ ရန်ကုန် မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာမည့် မြန်မာနိုင်ငံသားများအား ပြည်တွင်းနှင့် ပြည်ပနိုင်ငံများ သို့ ပြေးဆွဲလျက်ရှိသော လေကြောင်းလိုင်းများမှ တာဝန်ရှိ သူများအနေဖြင့် နေ့စဉ်ဝင်ရောက်လာသူများ၏ သတင်း အချက်အလက်များ ရယူနိုင်ရေးအတွက် မိမိတို့ တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီးသက်ဆိုင်ရာ ဌာန ဆိုင်ရာများနှင့် ချိတ်ဆက်ဆောင်ရွက်သွားကြရေး၊ ပြန်လည်ရောက်ရှိလာသူများကို ၁၄ ရက်တာ ကန့်သတ် ၍ စောင့်ကြပ်ကြည့်ရှုမည့် အစီအစဉ်များ ကြိုတင်စီမံ ဆောင်ရွက်ထားနိုင်ရေးတို့အတွက် ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်နိုင်ရေးအတွက် ယခုလို တွေ့ဆုံရခြင်းဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသော လေကြောင်းလိုင်း များမှ တာဝန်ရှိသူများက မိမိတို့ လေကြောင်းလိုင်းများ ဘက်မှ ကူညီဆောင်ရွက်ပေးရမည့် လုပ်ငန်းစဉ်များကို အကောင်းဆုံးနှင့် အမြန်ဆုံးကူညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက်တိုင်းဒေသကြီး ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာထွန်းမြင့် က (COVID-19) ရောဂါ ထိရောက်စွာ ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ရန်ကုန် တိုင်းဒေသကြီးအတွင်း အထူးကြပ်မတ် စစ်ဆေး ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆန်းကျော်ဦး (ပြန် / ဆက်)