Skip to main content

ရွှေသွေးဂျာနယ် ထွက်ရှိ

နေပြည်တော် ဇွန် ၂၃

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

ကဏ္ဍစုံလင်စွာ ထွက်ရှိ

၂၅-၆-၂၀၂၂ရက် (စနေနေ့)တွင်ထွက်ရှိမည့် ရွှေသွေးဂျာနယ်အတွဲ (၅၄)၊ အမှတ် (၂၆)၌ တယ်လီဖုန်းကို အကျိုးရှိရှိအသုံးချတတ်ပါက အင်မတန်အသုံးဝင်ပုံအကြောင်းကို လက်တွေ့သက်သေပြလိုက်နိုင်သော ပေါက်ကျော်တို့ သူငယ်ချင်းတစ်စုအကြောင်း တင်ဆက်ထားသည့် “ဖုန်း၏တန်ဖိုး” မျက်နှာဖုံးကာတွန်း၊ အန္တရာယ်ရှိသော အသားပိုအကျိတ်နှင့် အန္တရာယ်မရှိသော အသားပိုအကျိတ်အကြောင်း တင်ဆက်ထားသည့် “လူ့ခန္ဓာကိုယ်ရှိအသားပိုအကျိတ်” သုတဆောင်းပါး၊ သူတစ်ပါးအပေါ် ကိုယ်ချင်းစာစိတ်ရှိပြီး ရိုးသားသော နိုးတူးအကြောင်းရေးဖွဲ့ထားသည့် “နိုးတူးရိုးသားသူရဲ  ရလဒ်” နှစ်မျက်နှာကာတွန်း၊ မိမိ၏လိမ္မာပါးနပ်၍ ဉာဏ်အမြော်အမြင်ရှိမှုကြောင့် အသက်ဘေးကလွတ်မြောက်ကာ ပျော်ရွှင်ဖွယ် မိသားစုဘဝကိုရရှိခဲ့သော ဖိနပ်ချုပ်သမားအကြောင်း တင်ဆက်ထားသည့် “ထက်မြက်တဲ့ ဖိနပ်ချုပ်သမား” ပုံပြင်ကဏ္ဍ၊ အပင်ပေါ်က သရက်သီးကို အလွယ်တကူရလိုက်သော လူငယ်လေးတစ်ယောက်အကြောင်း တင်ဆက်ထားသည့် “ကံတရား” တစ်မျက်နှာကာတွန်း၊ စာပေဗိမာန် စိန်ရတုအထိမ်းအမှတ်အဖြစ်ပြုလုပ်သော ရွှေသွေးတို့လက်ရာ စာစီစာကုံးပြိုင်ပွဲတွင် ဆန်ခါတင်အဆင့်ရွေးချယ်ခံရသည့် “ကျွန်တော့် မိုးရာသီမြင်ကွင်း” စာစီစာကုံးကဏ္ဍအပါအဝင် ဉာဏ်စမ်းကဏ္ဍ၊ အင်္ဂလိပ်စကားဝိုင်းကဏ္ဍနှင့် ကဗျာကဏ္ဍစုံလင်စွာဖြင့် ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင်ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန်စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

သတင်းစဉ်