Skip to main content

GIS Advanced Course Training , Pilot Project in Social Data Collecting for Remote Sensing သင်တန်းဖွင့်လှစ်

နေပြည်တော် ဒီဇင်ဘာ ၂၀

GIS Advanced Course Training , Pilot  Project  in Social  Data  Collecting  for Remote Sensing  သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီတွင်  နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမဆောင်၌ ကိုဗစ် - ၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး က ယခုသင်တန်းမတိုင်မီ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ရုံးချုပ် ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ သင်တန်းသား / သင်တန်းသူ (၃၈၄) ဦးကို  Online  မှတစ်ဆင့်  GIS Basic Training  ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး အဆိုပါ သင်တန်းမှ ထူးချွန်သည့် သင်တန်းသား / သင်တန်းသူ (၄၁)ဦးကို ယခု သင်တန်းသို့ ဆက်လက် တက်ရောက်စေ ခြင်းဖြစ်ကြောင်း။

အဆိုပါ သင်တန်းဖွင့်လှစ်ခြင်းဖြင့် ကျေးလက်လမ်းတံတားစီမံကိန်းများ ရေးဆွဲအကောင် အထည်ဖော်ရာတွင် Monitoring and Management  ပြုလုပ်ပေးနိုင်ခြင်း၊ ကျေးလက် လမ်းတံတားများနှင့် သုတေသနလုပ်ငန်း ကဏ္ဍ များ၏ မှတ်တမ်းအချက်အလက်များကို  Main  Server  ၌ ထိန်းသိမ်းပေးနိုင်ခြင်း၊ အနာဂတ် ကာလ စီမံချက်များ အတွက် စုဆောင်း ရရှိသည့် အချက်အလက်များ ထုတ်ပေးခြင်းနှင့် မြေပြင်၌ လက်ရှိဖြစ်ပေါ်နေသော အခြေအနေ များကို တိုက်ရိုက်စီမံကွပ်ကဲနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း။

နိုင်ငံတော်အစိုးရ၏  e-Government Master Plan  အရ  GIS  စနစ်မှသည် ဝန်ကြီးဌာန အဆင့်  Enterprise GIS  စနစ်အထိ လက်ယှက်ထိုး ချိတ်ဆက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။ 

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့်  GIS နည်းပညာကို ၂၀၁၂ ခုနှစ်တွင် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၏  Land Use Database and Analysis  နှင့်  Town Planning  လုပ်ငန်းစဉ် များအတွက် စတင်အသုံးပြုခဲ့ပြီး GIS Server  ထူထောင်ကာ ဆက်လက်အသုံးပြုခဲ့ကြောင်း ၊ လမ်းဦးစီးဌာန ကလည်း  Road Spatial Information Infrastructure (RSII) အမည်ဖြင့် GIS Server  ကို ထူထောင်ကာ  Road Access Management , Accident Analysis  နှင့်  Hazard Management   လုပ်ငန်းများ၌ အသုံးပြုလျက်ရှိကြောင်း၊ တံတားဦးစီးဌာနအနေဖြင့်  Bridge Information  Management   System  နှင့်  Bridge  Progress  Reporting  System   များကို စတင်အသုံးပြုလျက်ရှိကြောင်း၊ အဆောက်အဦဦးစီးဌာနက စတင်ဆောင်ရွက်နေ သည့် Project Reporting and Data  Management  System ၌ အဆောက် အဦး တည်ဆောက်ရေးလုပ်ငန်းများ နှင့်ဆက်စပ်သည့် အချက်အလက် များအပြင် GIS မြေပြင်သတင်း အချက်အလက်များကိုပါ ထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနအနေဖြင့်  GIS Data Collection  စနစ်များနှင့်  GIS Server  ထူထောင် အသုံးပြုလျက်ရှိသကဲ့သို့  Social Data Collection  လုပ်ငန်းများနှင့်  Remote Sensing  စနစ်များ ပိုမိုတိုးတက်အောင် ဆောင်ရွက်ရန် ယခုကဲ့သို့သော Advanced Course သင်တန်းများကို ဖွင့်လှစ်သင်ကြားခြင်း ဖြစ်ကြောင်း ပြောကြားသည်။

 ထို့နောက် ခေတ္တတာဝန်ခံညွှန်ကြားရေးမှူးချုပ်  ဦးဝဏ္ဏဇော်က သင်တန်းများဖွင့်လှစ် ရခြင်း၏ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြပြီး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင် က GIS လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက်  Geo Trend Co., Ltd မှ  GIS Advanced Course သင်တန်းဆောင်ရွက်ခဲ့မှု၊  တိုင်းဒေသကြီးနှင့် ပြည်နယ်များနှင့် ရုံးချုပ်တို့၌  GIS Enterprise  စနစ် အောင်မြင်လာမှုနှင့် နည်းပညာ တိုးတက်မှုအခြေအနေများကို  Power Point  ဖြင့် ရှင်းလင်းတင်ပြပြီး အဖွဲ့အလိုက်   “Road Selected by using Weighted Over Analysis for Socio - economic Sector / Physical Sector” ခေါင်းစဉ်ဖြင့် သရုပ်ပြရှင်းလင်း တင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သင်တန်းပို့ချနေမှု၊ GIS စနစ်ဖြင့် လက်တွေ့ ဆောင်ရွက်နေမှု အခြေအနေများနှင့် သရုပ်ပြမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ခေတ္တတာဝန်ခံညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနကြီးမှူး များ၊ သင်တန်းဆရာများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် တာဝန်ရှိသူများက  ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။

(သတင်းစဉ်)