Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အခြေခံပညာကျောင်းများ လှည့်လည်ကြည့်ရှုစစ်ဆေး

စစ်တွေ ဒီဇင်ဘာ ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်တို့သည် ယနေ့မွန်းလွဲပိုင်းတွင် စစ်တွေမြို့ အမှတ်() အခြေခံပညာအထက် တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင် ကြားနေမှုများကိုအားပေးကာ ကျောင်းအုပ်ကြီး၊ ဆရာဆရာမများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် မိမိပြည်နယ်၊ မိမိမြို့နယ် မိမိတို့ကျောင်း ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်  ညီညီညွတ်ညွတ် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ကျောင်းသား ကျောင်းသူများကို အမှန်တကယ် စာတတ်မြောက်အောင်သင်ကြား၍ ပညာတတ်လူငယ်များကို မွေးထုတ်ပေးကြစေလိုပါကြောင်း စသည်ဖြင့်မှာကြားကာ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းနှင့်ဝန်းကျင် သန့်ရှင်းသာယာရေးတို့ကို ဆောင်ရွက်ကြရန်နှင့် ကျောင်းဆောင်၊ စာသင်ဆောင်လိုအပ်ချက်၊ ကွန်ပျူတာလိုအပ်ချက်၊ အားကစားကွင်းလိုအပ်ချက် စသည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးတို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထိုမှတဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်ထောင်စုဝန်ကြီးသည် စစ်တွေမြို့ ဘောက်သီးစု အခြေခံပညာမူလတန်းကျောင်း၊ ရူပမြောက် အခြေခံပညာ မူလတန်းကျောင်း၊ တရားသီး အခြေခံပညာမူလတန်းကျောင်းနှင့် မန်ကျည်းမြိုင် အခြေခံပညာ အထက်တန်းကျောင်းခွဲများသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ ပညာသင်ကြား နေသည်များကို လှည့်လည် ကြည့်ရှုအားပေး၍ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

အလားတူ ပြည်ထောင်စု၀န်ကြီးသည် ဒီဇင်ဘာ (၁၄) (၁၅) ရက်တို့တွင် စစ်တွေမြို့ အမှတ်() အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်() အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်() အခြေခံပညာအလယ်တန်းကျောင်းနှင့် ကျောင်းတက်လမ်းအခြေခံပညာမူလတန်းလွန် ကျောင်းများသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး ကျောင်းများအတွက်  စာသင်ဆောင်လိုအပ်ချက်များ၊ ဆရာ ဆရာမ လိုအပ်ချက်များ၊ အားကစားကွင်း လိုအပ်ချက် စသည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)