နေပြည်တော် ဇူလိုင် ၂၉
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဆိုင်ရာ သဘာဝအရင်းအမြစ်များ သုတေသန ဌာနခွဲ၊ စိုက်ပျိုးရေးသဘာဝအရင်းအမြစ်များ လေ့လာရေးဌာနစုကွင်းတွင် “ရာသီဥတုနှင့် မိုးလေဝသအခြေအနေများအလိုက် စိုက်ပျိုးသီးနှံပုံစံအမျိုးမျိုးတို့၏ သီးနှံထုတ်လုပ်မှုအပေါ် သက်ရောက်မှုတို့ကိုလေ့လာခြင်း” နှစ်ရှည်သုတေသနလုပ်ငန်းကို ရာသီဥတုနှင့် မိုးလေဝသ ပြောင်းလဲမှု အခြေအနေများအလိုက် စိုက်ပျိုးသီးနှံပုံစံ အမျိုးအမျိုးတို့၏ သီးနှံထုတ်လုပ်မှုအပေါ် သက်ရောက်မှုများကို လေ့လာ၍ အထွက်နှုန်းကို ကြိုတင်ခန့်မှန်းနိုင်မည့် Model များကို ရေးဆွဲ တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သို့ဖြစ်ပါ၍ စိုက်ပျိုးရေးသဘာဝအရင်းအမြစ်များ လေ့လာရေးဌာနစုအနေဖြင့် အဆိုပါ သုတေသနကို နှစ်ရှည်သုတေသနအဖြစ် ၂၀၂၁ ခုနှစ်မိုးရာသီမှ စတင်၍ ဆောင်ရွက်လျက် ရှိသည်။ စပါးအခြေခံသီးထပ်သီးနှံပုံစံ (၄)မျိုး ဖြစ်သည့် မတ်ပဲ-မြေလှပ်-စပါးတစ်မိုးနှစ်သီး၊ နှမ်း-မြေလှပ်-စပါး၊ သစ်စိမ်း-မြေလှပ်-စပါး၊ သစ်စိမ်း-စပါး-စပါးပုံစံများကို မိုးနှောင်း-နွေ-မိုးရာသီများတွင် မြေတစ်နေရာတည်း၌ ၅နှစ်ကြာ နှစ်စဉ်ဆက်တိုက် စိုက်ပျိုးသွားမည်ဖြစ်ပြီး စိုက်ချိန်၊ စိုက်နည်းစနစ်၊ အပင်ပြုစုစောင့်ရှောက်မှုတို့ကို စိုက်ပျိုးရေးသုတေသနဉီးစီးဌာနမှ ချမှတ်ထားသော နည်းစနစ်များအတိုင်း လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပါသည်။
သီးနှံစိုက်ပျိုးရာသီအတွင်း တစ်နေ့တာ၏ အမြင့်ဆုံးနှင့် အနိမ့်ဆုံးအပူချိန်၊ မိုးရေချိန်၊ နေရောင် ခြည်ရရှိမှု၊ စိုထိုင်းဆ၊ လေတိုက်နှုန်းစသည့် မိုးလေဝသမှတ်တမ်းများ၊ မြေဆီလွှာအမျိုးအစား၊ သစ်ဆွေးဓာတ်နှင့် အပင်အာဟာရဓာတ်ပါဝင်မှု၊ မြေချဉ်ငန်ဓာတ်၊ ရေထိန်းစွမ်းအား စသည့် မြေဆီလွှာဆိုင်ရာ မှတ်တမ်းများ၊ အပင်ကြီးထွားမှုအဆင့်အလိုက် ကြီးထွားမှုမှတ်တမ်းများ၊ ပန်းပွင့်ရက်၊ ရင့်မှည့်ရက်၊ အထွက်နှင့်အထွက်မိတ်ဖက် မှတ်တမ်းများကိုကောက်ယူ သွားမည် ဖြစ်ပါကြောင်း နှင့်စမ်းသပ်ကွက်မှရရှိလာသော မှတ်တမ်းများကိုအသုံးပြုပြီး Simulation Crop Model များ၏ခိုင်မာမှုကို ဆန်းစစ်လေ့လာသွားမည်ဖြစ်ပါသည်။ ထိုသို့စစ်ဆေးပြီးလျှင် သီးနှံ အထွက်နှုန်းများကို ခန့်မှန်းတွက်ချက်နိုင်မည်ဖြစ်သည်။
ဤသုတေသနကို ဆောင်ရွက်ခြင်းဖြင့် ရာသီဥတုပြောင်းလဲမှုများ၏ စိုက်ပျိုးထုတ်လုပ်နိုင်မှု အပေါ် သက်ရောက်မှုများကိုဖော်ထုတ်ပြီး သတင်းအချက်အလက်များ ဖြန့်ဝေပေးနိုင်ရန်၊ ထိရောက်သည့် အကြံပြုချက်များကိုပေးနိုင်ရန် မျှော်လင့်ပါကြောင်းနှင့် အကျိုးကျေးဇူးများ အနေဖြင့် စားနပ်ရိက္ခာစိုက်ပျိုးထုတ်လုပ်နိုင်ချေနှင့် ဆုံးရှုံးနိုင်သည့် အခြေအနေများကို ကြိုတင် ခန့်မှန်းနိုင်ပြီး အကျိုးဆက်များကို စောင့်ကြည့်လေ့လာနိုင်ခြင်း၊ ကြိုတင်အစီအမံများကို လုပ်ဆောင်နိုင်ခြင်းနှင့် ဆိုးရွားစွာသက်ရောက်မှုကို လျော့ပါးစေနိုင်ခြင်း စသည့်အကျိုးကျေးဇူး များရရှိလာနိုင်မည်ဟု မျှော်လင့်ပါကြောင်း သိရသည်။
(သတင်းစဉ်)
ရာသီဥတုနှင့် မိုးလေဝသအခြေအနေများအလိုက် စိုက်ပျိုးသီးနှံပုံစံအမျိုးမျိုးတို့၏ သီးနှံ ထုတ်လုပ်မှုအပေါ် သက်ရောက်မှုတို့ကိုလေ့လာခြင်း နှစ်ရှည်သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်