Skip to main content

အရည်အသွေးမြင့် လယ်ယာသုံးစက်ကိရိယာများ တွင်ကျယ်စွာ အသုံးပြုနိုင်ရေး လုပ်ငန်းညှိ နှိုင်း အစည်းအဝေးကျင်းပ

 

နေပြည်တော် ဇူလိုင် ၈

အရည်အသွေးမြင့် လယ်ယာသုံးစက်ကိရိယာများ တွင်ကျယ်စွာအသုံးပြုနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက လယ်ယာသုံးစက်ကိရိယာများ၏ စွမ်းဆောင်နိုင်မှုနှင့် တောင်သူ၏ ရင်းနှီးမြုပ်နှံမှုအပေါ် တွက်ခြေကိုက် အသုံးတည့်စေရေးကို အခြေခံ သည့် သုတေသနလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အခြားတစ်ဘက် တွင်လည်း စက်မှုလယ်ယာစနစ် အပြည့်အဝ ကူးပြောင်းရေးလုပ်ငန်းစဉ်များတွင် ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်း ပါဝင်မှု အားကောင်းလာစေရေး စည်းရုံးဆောင်ရွက် သွားကြစေလိုကြောင်း ပြောကြား သည်။

အစည်းအဝေးသို့ စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဘဏ္ဍာနှစ်အလိုက်လုပ်ငန်းဆောင်ရွက်ချက်များနှင့် လုပ်ငန်းခွဲများအလိုက် ရှေ့ဆက်ဆောင်ရွက်ရန် ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြသည်။

စက်မှုလယ်ယာဦးစီးဌာန အနေဖြင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ၊ လယ်ယာသုံး စက်ကိရိယာ များ ဖြန့်ဖြူးပေးခြင်း၊ လယ်ယာသုံးစက်ကိရိယာများ ကိုင်တွယ်ထိန်းသိမ်း အသုံးပြု နိုင်ရေး လေ့ကျင့်သင်ကြားပေးခြင်း၊ စက်မှုလယ်ယာစနစ်ကျလယ်ယာမြေများ ဖော်ထုတ်ခြင်း၊ ကုန်းမြင့် လယ်ယာမြေများ ဖော်ထုတ်ခြင်း၊ လယ်ယာသုံးစက်ကိရိယာ အမျိုးမျိုးကို စမ်းသပ် သုတေသနပြု လုပ်ခြင်းနှင့်ကွင်းဆင်းသရုပ်ပြခြင်းများဆောင်ရွက်ပေးလျက်ရှိသည်။ စက်မှုလယ်ယာ သင်တန်း ကျောင်းများ၊ ရှေ့တန်းစခန်းများတွင် သင်တန်းများ ဆောင်ရွက်ပေးခြင်းအပြင် ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ တောင်သူပညာပေး ဆွေးနွေးပွဲများ၊ လက်တွေ့ ကွင်းသရုပ်ပြပွဲများ ဆောင်ရွက်ပေးပြီး တောင်သူလယ်သမား မိသားစုဝင်များ အနေဖြင့် လယ်ယာသုံး စက်ကိရိယာများ ကို ကျွမ်းကျင်စွာ ကိုင်တွယ် ထိန်းသိမ်း အသုံးပြုနိုင်ရေးအပြင် စက်မောင်း စက်ပြင်အတတ် ပညာ ဖြင့် ကျေးလက် လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးကို မျှော်မှန်းဆောင်ရွက်လျက်ရှိရာ အရည်အသွေး မြင့် လယ်ယာသုံးစက်ကိရိယာများတွင် အသုံးပြုထားသည့် နည်းပညာရပ်များ ပေါ် စဉ်ဆက်မပြတ် လေ့လာသိရှိနိုင်ရေးကိုပါဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။

မြန်မာ့လယ်ယာကဏ္ဍတွင် ဌာနနှင့် တောင်သူပိုင်လယ်ယာလုပ်ငန်းသုံး ထွန်စက်ကြီး ပေါင်း(၃၉၀၀၀)ကျော်၊ လက်တွန်းထွန်စက်(၅၂၀၀၀)ကျော်၊ တစ်ဘီးတပ်ထွန်စက်ငယ် (၃၇၀၀၀) ကျော်၊ သမန်းလှေ (၁၂၀၀၀)၊ ကောက်စိုက်စက်(၂၅၀)၊ စပါးရိတ်စက်(၂၂၀၀) ကျော်၊ စပါးခြွေစက် (၈၀၀၀၀) ကျော်၊ ရိတ်သိမ်းခြွေလှေ့စက်ကြီးပေါင်း(၁၀၀၀၀)ကျော် အသုံးပြုလျက်ရှိပြီး ၊ နိုင်ငံတဝန်း မြို့နယ်(၁၁၀)တွင် လယ်ယာဝန်ဆောင်မှုအသင်းအဖွဲ့ ပေါင်း (၁၃၆)ခု ရှိကြောင်း သိရသည်။

(သတင်းစဉ်)