နေပြည်တော် ဇူလိုင် ၁
သုတဝေဖြာသီရိဂေဟာ မိသားစု ပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ် (၂၁)ကို ဇူလိုင် ၂ ရက် ညနေတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဆက်လက်ထုတ်လွှင့်မည် ဖြစ်သည်။
အဆိုပါ ပွဲစဉ်(၂၁)၏ coVID19 ဆိုင်ရာ အသိပညာပေး အစီအစဉ်ကို အစီအစဉ် တင်ဆက်သူ ထူးပြည့်အောင်နှင့် မိုးဂျူလိုင်တို့က တင်ဆက်ကြမည်ဖြစ်ပြီး မိသားစုလေးစုဖြင့် သုံးပွဲယှဉ်ပြိုင်ကြမည် ဖြစ်ရာ ယင်းပြိုင်ပွဲများကို ဇူလိုင် ၂၊ ၃ နှင့် ၄ ရက်တို့တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ညနေ ၆ နာရီ သတင်းအပြီး၌ ထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်းသိရသည်။
သတင်းစဉ်