ရန်ကုန် ဇူလိုင် ၁
နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးအောင်မြင့်သည် ၂၀၂၁ ခုနှစ် ဇွန် ၂၄ ရက်တွင် ကွယ်လွန်သွားသည့် ဖိလစ်ပိုင်နိုင်ငံ၏ သမ္မတ ဟောင်းဖြစ်သူ H.E. Benigno S. Aquino III အတွက် ရန်ကုန်မြို့ ဗဟန်းမြို့နယ် အမှတ် (၂၁) ဖိုးစိန်လမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံရုံး၌ ဖွင့်လှစ်ထားရှိ သော ဝမ်းနည်းခြင်း အထိမ်းအမှတ်စာအုပ်၌ ယနေ့ မွန်းလွဲ ၃ နာရီခွဲတွင် သွားရောက် လက်မှတ်ရေးထိုးသည်။
ဖိလစ်ပိုင်နိုင်ငံ၏ သမ္မတဟောင်းသည် ၂၀၁၀ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ဖိလစ်ပိုင်နိုင်ငံ၏ ၁၅ ဦးမြောက် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုကွယ်လွန်ချိန်တွင် အသက် ၆၁ နှစ်ရှိပြီ ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)