နေပြည်တော် ဇွန် ၃၀
နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဖြစ်ပွားခဲ့သည့် ဆူပူဆန္ဒပြမှု ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ရာဇသတ်ကြီး ပုဒ်မ ၅၀၅- က အပါအဝင် အခြားသော ဥပဒေပုဒ်မတစ်ခုခုဖြင့် အမှုဖွင့်အရေးယူထားသူများကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုရုပ်သိမ်းပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီး တို့မှ ရဲစစ်ဆေးဆဲအမှု အမျိုးသား၊ အမျိုးသမီး ၈၆ ဦး၊ တရားရုံး စစ်ဆေးဆဲအမှု အမျိုးသား၊ အမျိုးသမီး ၂၂၁၀ ၊ စုစုပေါင်း ၂၂၉၆ ဦးတို့၏ အမှုများကို သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုပြန်လည် ရုပ်သိမ်းပေးခဲ့ပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်စေလွှတ်ပေးခဲ့သည်။
ထိုသို့စေလွှတ်ပေးမှုအပေါ် တာဝန်ရှိသူများက စနစ်တကျ ဆောင်ရွက်ပေးခဲ့ပြီး ပြန်လည်စေလွှတ်ပေးခဲ့ သူများ၏ သက်ဆိုင်ရာ ဆွေမျိုး၊ မိဘများက လာရောက်ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)