Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ခရီးသွားမြှင့်တင်ရေး Billboard ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

နေပြည်တော် ဇွန် ၃၀

ယနေ့ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေးကို ဂုဏ်ပြုကြိုဆိုခြင်း၊ ပြည်တွင်းခရီးသွားလုပ်ငန်း ပြန်လည်စတင်ခြင်း အထိမ်းအမှတ်နှင့် မြန်မာနိုင်ငံ ခရီးစဉ်ဒေသများ၏ ဆွဲဆောင်မှုများကို ပြည်သူများသိရှိပြီး လည်ပတ်နိုင်ရေး အသိပေး ဆောင်ရွက်သည့် အနေဖြင့် “လွတ်လပ်ပေါ့ပါးပျော်ရွှင်ဖို့ မြန်ပြည်အနှံ့ ခရီးဆန့်စို့” ခရီးသွားမြှင့်တင်ရေး Billboard ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဆိုင်းဘုတ်ရှေ့တွင် ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းနှင့်အညီ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ညွှန်ကြားရေးမှူးချုပ်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး Billboard ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပေးသည်။

“လွတ်လပ်ပေါ့ပါးပျော်ရွှင်ဖို့ မြန်ပြည်အနှံ့ခရီးဆန့်စို့” Billboard သည် အလျားပေ (၄၀) ၊ အနံပေ (၁၅) ၊ အမြင့် (၂၁) ပေရှိပြီး မြန်မာနိုင်ငံအနှံ့ ထင်ရှားသော ခရီးစဉ်ဒေသများနှင့် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ အများဆုံး လာရောက်လည်ပတ်သည့် ခရီးစဉ်ဒေသများကို ဖော်ပြထားရှိပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးနှင့် ပြည်သူများ စိတ်လွတ်ပေါ့ပါးစွာဖြင့် ခရီးသွားလာရန် လှုံ့ဆော်သည့် ရည်ရွယ်ချက်ဖြင့် စိုက်ထူထားရှိခြင်းဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)