Skip to main content

လုပ်ကြံသတင်း၏ နည်းလမ်းဟောင်း

ပေါက်မြို့နယ် ကင်းမကျေးရွာ မီးလောင်မှုဖြစ်စဉ်သတင်းက နိုင်ငံတကာသို့ပါ ပျံ့နှံ့သည်။ ဒေသတွင်းနေ အကြမ်းဖက် အုပ်စုများ၊ ၎င်း တို့နှင့် ပတ်သက်ဆက်နွယ်နေသူများ တရားမဝင် ပြည်တွင်းမီဒီယာများ၏ ရည်ရွယ်ချက်ရှိရှိ စည်းဝါး ကိုက်ဆောင်ရွက်မှုများဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များကို စည်းမဲ့ကမ်းမဲ့ ရက်စက်ကြမ်းကြုတ်သူလူဆိုး များသဖွယ် ပြည်တွင်းပြည်တို့မှ ထင်မြင်လာကြစေရန် ပုံဖော်ခဲ့ကြသည့် နည်းလမ်းမှာ စင်စစ်အားဖြင့် အသစ်အဆန်းတော့ မဟုတ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အာဆာအကြမ်းဖက်အုပ်စုတို့ ကျင့်သုံးခဲ့ကြပြီး ၎င်းတို့၏ ရည်ရွယ်ချက် ပေါက်မြောက်ခဲ့ကြသည့် နည်းလမ်း ဟောင်းတစ်ခုသာဖြစ်သည်။

ကျေးရွာအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များဝင်ရောက်လာသည်။ ရွာထဲတွင် မပြေးနိုင်သည့် သက်ကြီးရွယ်အို အနည်းငယ် တို့သာ အိမ်တံခါးသော့ပိတ်ပုန်းအောင်းနေပြီး တစ်ရွာလုံးရှိလူများ ထွက်ပြေး သွားကြသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက အိမ်များကို မီးရှို့သဖြင့် သက်ကြီးရွယ်အို နှစ်ဦး မီးလောင်သေဆုံးရသည်ဆိုသည့် လုပ်ကြံဖန်တီးထားသည့် သတင်းကို လူမှုကွန်ရက်မှ တစ်ဆင့် ဖြန့်ဝေကြသည်။ ထိုသတင်းကို တရားမဝင်ပြည်တွင်းမီဒီယာများ၊ ပြည်ပ လက်ဝေခံ မီဒီယာများ နိုင်ငံတကာမှ နာမည်ကြီးမီဒီယာများကပါ ထပ်ဆင့်ရယူပြီး သတင်းအဖြစ် ထုတ်ပြန်ကြသည်။ သတင်းအမှား ၏နောက်တွင် ၎င်းသတင်းမမှန်ကန်ကြောင်း ပြန်လည် ရှင်းလင်းသည့်ပို့စ်များကို ပေါက်ဒေသအတွင်းနေ ရဟန်းရှင်လူ အချို့က တင်ပြမှုများ ရှိခဲ့သည်ကို တွေ့ရသော်လည်း ကျင့်ဝတ်သိက္ခာမဲ့သော မီဒီယာတို့က လျစ်လျူရှုလိုက်ကြသည်။ မြန်မာနိုင်ငံအပေါ် ပြည်ပမှ ဖိအားများ ဝိုင်းပေးကြရေး၊ ဖြစ်နိုင်လျှင် စစ်ရေးဖြင့် ဝင်ရောက် စွက်ဖက်ရေးတို့ကို ရည်မှန်း၍ ရွာကိုမီးတိုက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တို့အပေါ် စွပ်စွဲမှုများ လုပ်ခဲ့ကြခြင်းမှာ အာဆာတို့၏ နည်းလမ်းကို လိုက်ခဲ့ကြ ခြင်းဖြစ်သည်။

ပီဒီအက်ဖ်အမည်ခံ အကြမ်းဖက်အုပ်စုတို့၏ ရပ်/ကျေးအုပ်ချုပ် ရေးမှူးများကို သတ်ဖြတ်မှု၊ ပညာရေးဝန်ထမ်းများကို သတ်ဖြတ်မှု၊ လစာထုတ်ပြီး ပြန်လာသည့် ကျောင်းဆရာမနှင့် ကျန်းမာရေး ဝန်ထမ်းအပါအဝင် ငါးလောင်းပြိုင် သတ်ဖြတ်လုယက်မှု၊ ထမင်းချိုင့်ဆွဲပြီး အလုပ်သွားသည့် ဒုတိယမြို့နယ် ပညာရေးမှူးကို လမ်းပေါ်တွင် သတ်ဖြတ်မှု၊ တံတား ဆောက်လုပ်ရေး အလုပ်သမားများကို KNDO တို့၏ အစုလိုက်အပြုံလိုက် ကြိုးတုပ်သတ်ဖြတ်မှု တို့တွင် နှုတ်ဆိတ်နေခဲ့သည့် အနောက်နိုင်ငံ သံရုံးကြီးနှစ်ခုတို့က ကင်းမရွာ မီးလောင်မှု ဖြစ်စဉ်တွင်မူ တစ်ရက်၊ နှစ်ရက် အတွင်းမှာပင် ကြေညာချက်များ အသီးသီးထုတ်ခဲ့ကြရာ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးထက် မြန်မာအစိုးရ နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား နှိပ်ကွပ်ရေးကို ပို၍ အာရုံစူးစိုက်နေသည်ဟု ယူဆဖွယ်ရာပင်ဖြစ်သည်။

ဖမ်းဆီးရမိထားသူကင်းမကျေးရွာ PDF အဖွဲ့ဝင် ချစ်မောင်မောင်၊ ကင်းမကျေးရွာ PDF အဖွဲ့ဝင်များအား ထောက်ပံ့ကူညီ အားပေးခဲ့သူ စိုးဝင်းကျော်တို့၏ ဝန်ခံထွက်ဆိုချက်၊ ကင်းမကျေးရွာ မီးလောင်မှု ဖြစ်စဉ်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ကိုယ်တိုင်ပါဝင်လုပ်ကိုင် ခဲ့သူ ဒုတိယရဲအုပ် မျာဇူးမောင်နှင့် အဘိုးအဘွားများအား ကယ်တင်ခဲ့သူ ရဲတပ်သား ထက်ဦးနိုင်တို့၏ ပြောကြားချက်များကို နိုင်ငံပိုင် မီဒီယာများ တပ်မတော်မီဒီယာများမှ ထုတ်လွှင့်ဖော်ပြခဲ့ပြီးဖြစ်ရာ ကင်းမရွာ မီးလောင်မှုဖြစ်စဉ်အမှန်မှာ လက်သည်တရားခံသည် ကျေးရွာနေ ပီဒီအက်ဖ်အမည်ခံ အကြမ်းဖက်အုပ်စုသာ ဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များမှာမူ တရားဥပဒေစိုးမိုးရေးအတွက် လုပ်သင့် လုပ်ထိုက်သည်များကို စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက် ခဲ့ကာ လူမှုကူညီကယ်ဆယ်မှု ပြုခဲ့ကြခြင်းသာဖြစ်ရာ အကြမ်းဖက် တရားခံ အစစ်အမှန်နှင့် တကွ အကြမ်းဖက်ဝါဒတို့ကို ရှုတ်ချနိုင်ကြ ပါစေကြောင်း။ ။