Skip to main content

လူမှုကွန်ရက်စံနှုန်းများအလေးထား အဖျက်လုပ်ရပ်များဖယ်ရှား

ဖေ့စ်ဘွတ်သည် လူသားအချင်းချင်းတို့ လွယ်ကူချောမွေ့စွာ ထိတွေ့ဆက်ဆံရေးနှင့် လူသားအကျိုးပြုရန်အတွက် ထူထောင်ထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်အသုံးပြုသူများ တစ်နှစ်ထက်တစ်နှစ်တိုးပွားလျက်ရှိပြီး သန်းပေါင်း များစွာသော ပြည်သူများသည် နေ့စဉ်နှင့်အမျှ ဖေ့စ်ဘွတ်နှင့်အတူ ရှင်သန်နေထိုင် လျက်ရှိသည်။ ဖေ့စ်ဘွတ်ဆိုင်ရာ အချက်အလက်များစွာတို့နှင့်အတူ ကျင့်ဝတ်စံနှုန်း များကိုပါမျှဝေပေးထားသဖြင့် ဖေ့စ်ဘွတ်အသုံးပြုသူ အတော်များများ နားလည် သိရှိနေကြသည်။ ဖေ့စ်ဘွတ်တွင် တစ်ဦးနှင့်တစ်ဦး အမုန်းစကားများ၊ လူပုဂ္ဂိုလ်ဆိုင်ရာ၊ အဖွဲ့ အစည်းဆိုင်ရာ ထိခိုက်နစ်နာမှုများ မပြုလုပ်ရန် ကျင့်ဝတ်များပါရှိပါသည်။ လူမှုကွန်ရက်ဆိုင်ရာ စံနှုန်းများအား မလိုက်နာသည့်အကောင့်များကို သတိပေးခြင်း၊ ခေတ္တပိတ်ထားခြင်း၊ လုံးဝဖယ်ရှားခြင်းတို့ ပြုလုပ်လေ့ရှိပါသည်။ ဖေ့စ်ဘွတ်သည် လူအများအနေဖြင့် မိမိတို့အကြောင်းအရာများကို ထုတ်ဖော်နိုင်ရန်၊ အခြားသူများ၏ အမြင်များနှင့်ကြည့်မြင်နိုင်ရန်နှင့် မည်သည့်နေရာတွင်မဆို ချိတ်ဆက်မျှဝေပေးရန် စသည့်စွမ်းအားများကို ဖေ့စ်ဘွတ်အသုံးပြုသူများအား ပေးအပ်လျက်ရှိပါသည်။ ဖေ့စ်ဘွတ်ပေါ်တွင် ပြောဆိုကြသော စကားများ၊ မျှဝေကြသော အထင်အမြင် များသည် ဖေ့စ်ဘွတ်သုံးစွဲသူများ၏ စုံလင်လှသော ထင်ဟပ်မှုများဖြစ်ပါသည်။ ကမ္ဘာ့လူထုတစ်ခုလုံး၏လိုအပ်ချက်နှင့်စိတ်ဝင်စားမှုများကို ချိန်ညှိနိုင်ရန်အတွက် ဖေ့စ်ဘွတ်သည် လူမှုကွန်ရက်စံနှုန်းများဖြင့် ကာကွယ်ပေးထားသည်။ သို့သော် ဖေ့စ်ဘွတ်အနေဖြင့် ၎င်းထုတ်ပြန်ထားသော စံနှုန်းများနှင့်အညီ ကျင့်သုံးခြင်းမရှိဘဲ ဘက်လိုက်လာသည်ကို ယခုအခါ တွေ့မြင်ရပြီဖြစ်သည်။ ဖေ့စ်ဘွတ်၏မူဝါဒသည် ဆာဗာတည်ရာနိုင်ငံ၏ဝါဒအတိုင်း လိုက်နာကျင့်သုံးနေသည်ကို တွေ့ရသည်။ ဝါဒတူ၍ ငွေပေးသူဘက်လိုက်ပါ၍ စံနှုန်းများကို မျက်ကွယ်ပြုခဲ့ပေသည်။ ယခင်က မတူကွဲပြားသော အသိုက်အဝန်းများကြားတွင် တန်းတူရည်တူရှိ ခဲ့သော ဖေ့စ်ဘွတ်သည် မြန်မာ့နိုင်ငံရေးနယ်ပယ်တွင် တစ်ဖက်စောင်းနင်းပြုလုပ်လာခဲ့သည်။ အမှန်တရားများ ကွယ်ပျောက်၍ ထုတ်ဖော်ခွင့်မရှိတော့ဘဲ ထုတ်ဖော်သည့် အကောင့်များအား အကြောင်းမဲ့ ဖြတ်တောက်ခြင်း၊ရက်အတန်ကြာပိတ်ထားခြင်းတို့ ပြုလုပ်လာကြသည်။ မြန်မာ့နိုင်ငံရေးတွင် ဖေ့စ်ဘွတ်သည် ၂၀၂၀ ရွေးကောက်ပွဲကာလ မှစ၍ ပြေပြောင်ပြောင်တင်းတင်း စွက်ဖက်လာသည်။ ဖေ့စ်ဘွတ်၏ အားသာချက်ဖြင့် ဘက်လိုက်မှုများ ပြုလုပ်လာသည်။ ထိုကာလတွင် ပြည်သူလူထုအား ထင်ယောင် ထင်မှားဖြစ်အောင် ပြုလုပ်လာခဲ့သည်။ ဖေဖော်ဝါရီလ ၁ရက်နေ့မှစ၍ ဖေ့စ်ဘွတ်ကို ထိရောက်စွာ အသုံးချလာခဲ့သည်။ ဖေ့စ်ဘွတ်ပေါ်သို့ရောက်လာသော မကောင်းမှုဒုစရိုက်များကို အားပေးသည့်သဘော ဆောင်လာခဲ့သည်။ အချို့ကိစ္စများတွင် ကြိုတင်အချိန်ကိုက်လုပ်ဆောင်ရန်အတွက် လမ်းဖွင့်ပေးထားသည်။ ဖေ့စ်ဘွတ်၏စံနှုန်းဖြစ်သည့် သတင်းတု၊ သတင်း မှားများကို မည်သို့ပင်တင်တင် ခွင့်ပြုပေးထားပြီး ခိုင်မာသည့်သတင်းအရင်းအမြစ် များဖြင့် အမှန်တရားကို ထုတ်ဖော်မှုများအား ပိတ်ဆို့ဖြုတ်ချပစ်ခဲ့သည်။ လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လူမဆန်သော အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ် မှုများကို ဖေ့စ်ဘွတ်ကတစ်ဆင့် ခြိမ်းခြောက်တိုက်ခိုက်နေကြသလို မတရားအသင်း အဖြစ် ကြေညာထားသည့် CRPH NUGi PDF တို့၏ဝါဒဖြန့်ရာနေရာအဖြစ် ခွင့်ပြု ပေးထားသည်ကို အထင်အရှားတွေ့နိုင်သည်။ တစ်ကမ္ဘာလုံးအသုံးပြုနေသော ဖေ့စ်ဘွတ်သည် လူသားကောင်းကျိုးပြုရေးကို အကြောင်းပြု၍ ရပ်တည်လာခဲ့ရာမှ ၎င်းတို့အခြေစိုက်ရာနိုင်ငံ၏ ဝါဒလမ်းစဉ် အတွက် ဖေ့စ်ဘွတ်စံနှုန်းများကို မျက်ကွယ်ပြုကာ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ နိုင်ငံများအား ထိန်းချုပ်ကိုင်တွယ်ကစားနိုင်ရန် ကြိုးစားအားထုတ်မှုများကို သတိမူမိကြသည့်နိုင်ငံများက မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်နိုင်ရန်အတွက် လုပ်ဆောင်နေကြပြီ ဖြစ်သည်။ ၂၁ ရာစုတွင် နိုင်ငံ တစ်နိုင်ငံ၏အရေးကို ဝင်ရောက်စွက်ဖက်ရန်အတွက် လက်နက်ကိုင်ကျူးကျော် စွက်ဖက်ရန်မလိုတော့ဘဲ ဖေ့စ်ဘွတ်ကို အသုံးပြု၍ အကြမ်းဖက်အဖျက်လုပ်ရပ်များမှ နိုင်ငံအလုံးစုံပျက်သုဉ်းရေးအထိကြိုးပမ်းအားထုတ်နေမှုများကို ထင်ထင်ရှားရှား မြင်တွေ့နေရပြီဖြစ်သည်။ သို့ဖြစ်ရာ အကြမ်းဖက်မှုများဘက်မှ အားပေးအားမြှောက်ပြုလုပ်ပေးနေသည့်၊ တိုင်းပြည်အလုံးစုံ ပျက်စီးရေးကိုတွန်းအားပေးနေသည့် ဖေ့စ်ဘွတ်မှတစ်ဆင့် လုပ်ဆောင်နေမှုများကို မိမိနိုင်ငံကောင်းကျိုးကို လိုလားကြသော ပြည်သူများအနေဖြင့် ရှုမြင်နားလည်နိုင်ကြရမည်ဖြစ်ပြီး မြန်မာနိုင်ငံ ပျက်စီးရေးလမ်းကြောင်း ပေါ်သို့ရောက်အောင် တွန်းအားပေးနေသည့် ဖေ့စ်ဘွတ်အား ကိုင်တွယ် ထိန်းချုပ်လုပ်ကိုင်နိုင်ရေးနှင့် မြန်မာနိုင်ငံ၏အကျိုးစီးပွားကို ကာကွယ်ပေးနိုင်မည့် လူမှုကွန်ရက်အသုံးပြုနိုင်ရေးကို နည်းလမ်းရှာဖွေလုပ်ဆောင်ရမည့် အချိန်အခါ ဖြစ်ပါကြောင်း။ ။