Skip to main content

ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအား တပ်မတော်ဆေးအဖွဲ့က COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော် ဇွန် ၇

ပြည်ပမှ ပြန်လည်ဝင်ရောက်လာသည့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်းရှိ ဒေသခံ ပြည်သူများအား COVID-19 ရောဂါနှင့်ပတ်သက်၍ လိုအပ် သည့်ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသဖြင့် မော်လမြိုင်မြို့ရှိ တက္ကသိုလ် (၁၀) မြို့နယ် အဆောင်၌ Quarantine ထားရှိခဲ့သည်။

ထိုသို့ Quarantine ထားရှိသည့် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ ၅၉ ဦးအား ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ် ဌာနချုပ် နယ်မြေခံတပ်မတော် ဆေးရုံမှ ဆရာဝန်များ၊ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများက မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ပူးပေါင်း၍ နှာခေါင်း တို့ဖတ်၊ အာခေါင်တို့ဖတ် ရယူခြင်း၊ RDT နည်းဖြင့် စစ်ဆေးခြင်းများကို ဆက်လက်ဆောင်ရွက်ပေးသည်။

တိုင်းစစ်ဌာနချုပ် နယ်မြေခံ တပ်မတော်ဆေးရုံမှ ဆေးကုသရေးအဖွဲ့က ပြည်ပမှ ပြန်လည် ဝင်ရောက်လာသူများအား ကိုဗစ်၁၉ ရောဂါနှင့် ပတ်သက်၍ စစ်ဆေးခြင်းများကို ဖေဖော်ဝါရီ ၁၉ ရက်မှစ၍ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ ၇၄၁၄ ဦးအား စစ်ဆေးပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်