Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နာယကအဖွဲ့၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့်တွေ့ဆုံ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့် (၇) ထပ်ဆောင် တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၇

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ဇွန် ၅ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီး (ရန်ကုန်-နေပြည်တော်အပိုင်း) လမ်းပြုပြင်ထိန်းသိမ်းထားရှိမှု၊ ခရီးသွားပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို တာဝန်ရှိသူများအား မှာကြားသည်။

ထို့ပြင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးတို့သည် ဇွန် ၆ ရက် မွန်းလွဲ ၃နာရီတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ခရေပင် လမ်း အမှတ် ၅/က မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီရုံး အစည်း

အဝေးခန်းမ၌ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ နာယကအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပြီး ဆက်လက်၍ အလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၏ ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် အဆောက်အဦဦးစီး ဌာန အဆောက်အဦ အထူးအဖွဲ့ (၁)မှ တာဝန်ယူဆောင်ရွက်နေသော ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့် (၇) ထပ်ဆောင် တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိပြီး ဆေးရုံတိုးချဲ့ (၇) ထပ်ဆောင် လုပ်ငန်းဆောင်ရွက် ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များ၊ အရည် အသွေး ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ မြို့ပြ၊ ရေသန့်၊ လျှပ်စစ်ကဏ္ဍအလိုက် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြပြီး(ဝဲပုံ) ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်