နေပြည်တော် ဇွန် ၇
နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည် နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌဟောင်း ဒေါက်တာမျိုးအောင်တို့အပေါ် စွဲဆိုထားသော အမှုများအား စစ်ဆေးစီရင်နိုင်ရန် ယနေ့တွင် ဇမ္ဗူသီရိမြို့နယ် သီးသန့်တရားရုံး၌ ရုံးထိုင်ဆောင်ရွက်ခဲ့ရာ စွဲဆိုထားသည့် အမှုများ စစ်ဆေးစီရင်ခြင်းနှင့် စပ်လျဉ်း၍မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်ကို မြို့နယ်တရားသူကြီး၊ မြို့နယ်ဥပဒေအရာရှိနှင့် စွဲဆိုထားသည့်အမှုများမှ တရားလိုများ၊ တရားစွဲဆိုခံထားရသူများနှင့် ၎င်းတို့၏ ရှေ့နေများ ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် မပြုလုပ်မီ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်း စုကြည်နှင့် ဒေါက်တာမျိုးအောင်တို့သည် ၎င်းတို့၏ ရှေ့နေများနှင့် လွတ်လပ်စွာ တွေ့ဆုံခဲ့ကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။
သတင်းစဉ်