Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးဝန်ထမ်းများအား တွေ့ဆုံမှာကြား

နေပြည်တော် ဇွန်  ၇

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊  ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့သည် ဇွန် ၆ ရက်  နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တိုင်းရင်းသား လူမျိုးများ၏ ယဉ်ကျေးမှုပြခန်းအား လေ့လာကြည့်ရှု၍ လိုအပ်သည်များကို မှာကြား ဖြည့်ဆည်းပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးများမှ ဝန်ထမ်းများကို တွေ့ဆုံ၍ မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတော်၏လမ်းညွှန်ချက် ချမှတ်ထားသည့် အတိုင်း ဆောင်ရွက်ဆဲ လုပ်ငန်းစီမံကိန်းများ၊ လုပ်ငန်းများကို အချိန်မီ ပြီးပြတ်အောင် ဆောင်ရွက် လျက်ရှိပါကြောင်း၊ လက်ရှိနိုင်ငံတော်အတွက် ငြိမ်းချမ်းရေးသည် အရေးကြီးပါကြောင်း၊ ငြိမ်းချမ်းသွား သည့်အခါ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဤအချက်ကို ဝန်ထမ်းများ အနေဖြင့် ကိုယ်တိုင် သိရှိနားလည် သဘောပေါက်ယုံသာမက မိမိတို့၏ ရင်သွေးကလေးငယ်များကို အသိပညာပေးထားရမည် ဖြစ်ကြောင်း၊ လူငယ်များသည် အနာဂတ်တွင် ခေါင်းဆောင်များဖြစ်သဖြင့် ပညာရှိရန် လိုကြောင်း။

ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်တို့ကို သိရှိနားလည်သဘောပေါက်ရန်လိုကြောင်း၊ ဝန်ထမ်းများ အနေဖြင့် ချမှတ်ထားသည့် ဝန်ထမ်းစည်းမျဉ်းနှင့်အညီ နေထိုင်လုပ်ကိုင်ကြပြီး မိမိ အရည်အသွေး တိုးတက်နေစေရန်အတွက် ကိုယ်တိုင်တည်ဆောက်ကြရန်နှင့် မိမိသမိုင်းကြောင်း ကောင်းအောင်လုပ်ဆောင်ကြပါဟု မှာကြားလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဆွေးနွေးမှာကြားသည်။

ယင်းနောက် ဝန်ထမ်းများက လုပ်ငန်းဆိုင်ရာ ကိစ္စများတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)