Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ဥတ္တရသီရိမြို့နယ်ရှိဒေသခံ ပြည်သူများကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်

နေပြည်တော် ဇွန် ၇

ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီး ဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ဥတ္တရသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်း ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်း တွင်ပါရှိသည့် မဲဆန္ဒရှင်များတွင် ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ဖြည့်သွင်းထားရှိ ခြင်းမရှိသူ အများအပြား ပါရှိနေကြောင်းကို စိစစ်တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိ သူတိုင်း ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်၍ ဆန္ဒမဲပေးနိုင်ရေးဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်မှုအရ မိမိတို့ဌာနအနေဖြင့် ပန်းခင်းစီမံချက်ရေးဆွဲ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်ပြီး ကာလသတ်မှတ်ချက်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် ဒေသအာဏာပိုင် အဖွဲ့အစည်းများ၊ အခြား ဆက်စပ်ဌာနများမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ပေးကြရန်နှင့် ကာယကံရှင်ပြည်သူများ ကလည်း သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ၊ စီမံအုပ်ချုပ်ရေးအဖွဲ့သို့ အသိပေးဆက်သွယ် ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ပန်းခင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေများကို ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဥတ္တသီရိရပ်ကွက်၊ ရွှေနံ့သာရပ်ကွက်၊ မင်းကုန်းကျေးရွာအုပ်စုနှင့် နယ်မြေခံတပ်နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သော အိမ်ထောင်စုလူဦးရေစာရင်း (၁၀၀)စောင်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၂၅)ကတ် တို့ကို ရပ်ကွက်/ကျေးရွာ ကိုယ်စားလှယ်များနှင့် ကာယကံရှင်ပြည်သူများထံ ပေးအပ်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေး ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုပြီး ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။ ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် အရာထမ်း၊ အမှုထမ်းများ လုပ်ငန်းခွင်မွမ်းမံ သင်တန်းအမှတ်စဉ်(၁/၂၀၂၁)သင်းတန်းဖွင့်ပွဲသို့ တက်ရောက် အမှာ စကားပြောကြားသည်။

သင်တန်းသို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် လူမှုဖူလုံရေးအဖွဲ့တို့ရှိ နေပြည်တော် ရုံးချုပ်မှ အင်အား (၆၀) နှင့် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ ရုံးများမှ virtual စနစ်ဖြင့် တက်ရောက်မည့် အင်အား (၁၅) ဦး၊ စုစုပေါင်း အရာထမ်း၊ အမှုထမ်း သင်တန်းသား အင်အား (၇၅) ဦး တက်ရောက်၍ သင်တန်းကာလ ရက်သတ္တ (၂) ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)