Skip to main content

ရုံးလုပ်ငန်းစီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁/၂၀၂၁) ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ဇွန် ၇

ရုံးလုပ်ငန်းစီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁/၂၀၂၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် က အမှုထမ်းများကို သင်တန်း တက်ရောက်ရန် အဓိကရွေးချယ်ခဲ့ပြီး အဆိုပါအမှုထမ်းများသည် ရုံးလုပ်ငန်းပိုင်းတွင် အဓိက ထောက်ပံ့ပေးရသူများဖြစ်ကြသဖြင့် နောင်ကာလတွင် တစ်ဆင့်ပြီးတစ်ဆင့် ရာထူးများတိုးမြှင့်ပြီး ရုံးလုပ်ငန်းတာဝန်များကို ပြောင်းလဲထမ်းဆောင်ရမည်ဖြစ်ပါကြောင်း။

ယခုဘဏ္ဍာရေးနှစ်အတွင်း သင်တန်း(၄)ကြိမ် ဖွင့်လှစ်ရန် လျာထားပြီး ဦးစီးဌာန အတွင်းရှိ အမှုထမ်းအားလုံး မိမိတို့၏မူလတာဝန်များမပျက် အလှည့်ကျရွေးချယ်သွားမည်ဟု သိရပါကြောင်း၊ သင်တန်းသား/သူများ အနေဖြင့် ရုံးလုပ်ငန်းဆောင်ရွက်ရာတွင် ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မိမိတို့လုပ်ငန်း တာဝန်များကို အောင်မြင်အောင်ဆောင်ရွက်ခြင်းဖြင့် ဝန်ကြီးဌာန၏ အကျိုး၊ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးများကို ကျေပွန်စွာထမ်းရွက်နိုင်သည့် အရည်အသွေး ပြည့်ဝသော နိုင်ငံ့ ဝန်ထမ်းကောင်းများ ဖြစ်ကြပါစေဟု ဆန္ဒပြုပါကြောင်း ပြောကြားသည်။ သင်တန်းဖွင့်ပွဲသို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးစီးဌာနမှ အရာထမ်းများနှင့် သင်တန်းသား/သူများ၊ တက်ရောက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)