Skip to main content

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် လှုံ့ဆော်သူအား ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန်  ၆

 

နိုင်ငံ၏ အုပ်ချုပ်မှုယန္တရားပုံမှန်လည်ပတ်ရေးနှင့် တိုင်းပြည်တည်ငြိမ် အေးချမ်းရေးကို မလိုလားသည့် ဆူပူအကြမ်းဖက် လူတစ်စုက CDM လှုပ်ရှားမှုတွင် မပါဝင်သည့် ကျန်းမာရေး ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ဖိအားပေးခြိမ်းခြောက်ခြင်း၊ လှုံ့ဆော်ခြင်း၊ Social Punishment ပြုလုပ်ခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်း သိမ်း၍ လိုအပ်သလို အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်လျက်ရှိရာ အစိုးရဝန်ထမ်းများအား CDM လှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်ရန် လှုံ့ဆော်ခြင်းနှင့် ကိုယ်တိုင်ပါဝင်ခဲ့ခြင်း၊ လူမှုကွန်ယက်၌ မဟုတ်မမှန် သတင်းများ ရေးသား ဖြန့်ဝေခြင်းနှင့် ဆူပူဆန္ဒပြမှုများတွင် ပါဝင်ခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ရေပုန်းရပ်ကွက်၊ ကလွင်ရေပုံးလမ်းနေ စိုးမိုးအောင်(ဘ) ဦးသန်းအောင် အား ဇွန် ၅ ရက်တွင် ၎င်း၏ နေအိမ်၌ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး မြိတ်မြို့မ ရဲစခန်း၌ ရာဇသတ်ကြီး ပုဒ်မ၊ ၅၀၅-က ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်