Skip to main content

တောင်သူလယ်သမားတစ်ဦးချင်း၏ အကျိုးစီးပွားမြှင့်တင်

မြန်မာနိုင်ငံတွင် ကျေးလက်နေပြည်သူများမှာ နိုင်ငံ၏လူဦးရေစုစုပေါင်းတွင် အများ ဆုံးဖြစ်ပြီး ကျေးလက်နေ ပြည်သူအများစုမှာ တောင်သူလယ်လုပ်၊ စိုက်ပျိုးမွေးမြူရေး အလုပ်ကို လုပ်ကိုင်ကြသည်။ ထိုသို့လုပ်ကိုင်ကြသော်လည်း သွင်းအားစု၊ ထုတ်လုပ် မှု၊ ရောင်းဝယ်မှု၊ ရာသီဥတု စသည့်တောင်သူလယ်သမားများ၏ လုပ်ငန်းကိုင်ငန်း တို့တွင် အချိုးမညီမျှမှု၊ အဆင်မပြေမှု၊ အခက်အခဲကြုံတွေ့ရမှုများကြောင့် တောင်သူ လယ်သမားများ၏ လူမှုစီးပွားဘဝများမှာ မြင့်မားလာခြင်းမရှိသည်ကို တွေ့ရသည်။ ထို့ကြောင့် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေကို ၂၀၁၃ ခုနှစ်တွင် စတင်အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ဥပဒေတွင် အရင်းအနှီးရရှိရေးအတွက် တောင်သူလယ်သမားများအား သင့်တင့်သောချေးငွေ များနှင့် အကူအညီများပေး၍ အထောက်အကူပြုရန်၊ ကုန်ထုတ်လုပ်မှုတိုးတက်ရေး အတွက် တောင်သူလယ်သမားများအား နည်းပညာ၊ သွင်းအားစုနှင့် ထုတ်လုပ်မှု လုပ်ငန်းဆိုင်ရာတို့ကို လွယ်ကူအဆင်ပြေစွာ ပံ့ပိုးပေးနိုင်ရေး စီမံဆောင်ရွက်ရန်၊ လယ်ယာထုတ်ကုန်များ ရောင်းချရာတွင် သင့်တင့်မျှတသည့်ဈေးနှုန်းနှင့် ဈေးကွက် ရရှိရေးတို့အတွက် တောင်သူလယ်သမားများကို ကူညီဆောင်ရွက်ရန်၊ လုပ်ကွက် ငယ် တောင်သူလယ်သမားများ၏ အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးကို ထိရောက်စွာဆောင်ရွက်ရန်နှင့် သဘာဝဘေးအန္တရာယ် တစ်စုံ တစ်ရာကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ထိခိုက်နစ်နာမှုများအတွက် ကူညီထောက်ပံ့မှု များကို အတတ်နိုင်ဆုံး အထောက်အကူပြုပံ့ပိုးရန်တို့ကို ပြဋ္ဌာန်းထားသည်။ “ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေသည် တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို အထောက်အကူပြုသော လုပ်ငန်းစဉ်များပါဝင်သဖြင့် ရည်ရွယ်ချက်အထူးကောင်းမွန်သော ဥပဒေဖြစ်သည်။ ခိုင်ခံ့ကောင်းမွန်သည့် ရည်ရွယ်ချက်များအပေါ်ဥပဒေနှင့်ညီညွတ်စွာ ခိုင်မာသည့် နည်းဥပဒေများ ရေးဆွဲဆောင်ရွက်ခဲ့သည့်အပြင် တောင်သူလယ်သမားများ၏ လယ်ယာမြေလုပ်ပိုင်ခွင့် လုံခြုံစေရန်နှင့် တောင်သူလယ်သမားအဖွဲ့အစည်းများ ပေါ်ထွန်းလာစေရေးအတွက် ဥပဒေကို ပြန်လည်ပြင်ဆင်ခဲ့သည်။ ပြင်ဆင်မှုတွင် လယ်ယာမြေသိမ်းဆည်းခံရမှုနှင့်ပတ်သက်၍ တောင်သူလယ်သမားများ မနစ်နာ စေရေးအတွက် ကူညီဆောင်ရွက်ပေးရန်၊ လယ်ယာမြေ လုပ်ပိုင်ခွင့် လုံခြုံစိတ်ချ ရေးအတွက် ကာကွယ်ဆောင်ရွက်ပေးရန်နှင့် တောင်သူလယ်သမား အဖွဲ့အစည်း ဆိုင်ရာ ဥပဒေတစ်ရပ် ပေါ်ပေါက်လာစေရေး ဦးတည်ခဲ့သည်။ မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာဖူလုံရေး၊ နိုင်ငံသူ နိုင်ငံသားများ အာဟာရ ပြည့်ဝရေး၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍမှ ထုတ်ကုန်များ ပြည်ပသို့ ပိုမိုတင်ပို့ ရောင်းချနိုင်ရေး၊ တောင်သူလယ်သမားများ ဝင်ငွေတိုးတက်ရေးနှင့် လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေးတို့သည် အဓိကရည်မှန်းချက်များ ဖြစ်သည်နှင့်အညီ၊ ဥပဒေ၏အဓိကအနှစ် သာရများနှင့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်သူ အားလုံး တာဝန်ရှိသည်နှင့် အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြဋ္ဌာန်းထားသော ဥပဒေရည်ရွယ်ချက်များအတိုင်း လက်တွေ့ အကောင် အထည်ပေါ်လာအောင် လမ်းညွှန်မှာကြားခဲ့သည်။ တောင်သူလယ်သမားတစ်ဦးချင်းစီ၏ အကျိုးစီးပွားတိုးတက်ရေးအတွက် နှစ်စဉ်ပုံမှန် စိုက်ပျိုးသည့် စပါးတစ်ဧက အထွက်တိုးရေးသည် အဓိကကျသည်။ တစ်ဧကအထွက်တိုးရေးနှင့် စိုက်ပျိုးဧကတိုးချဲ့ရေးတွင် တစ်ဧကအထွက်တိုးရေးကို အလေးထားဆောင်ရွက်ကြရ မည်ဖြစ်သည်။ တစ်ဧကအထွက်တိုးရန်အတွက် နည်းလမ်းခြောက်သွယ် ပြည့်စုံမှသာ အောင်မြင်မည်ဖြစ်သည်။ ထို့အပြင် သိပ္ပံ နည်းကျစိုက်ပျိုးရေး ၁၄ ချက်ကိုလည်း တောင်သူလယ်သမားများအား အသိပညာ ပေး မျှဝေရမည်ဖြစ်သည်။ ပျိုးထောင်ချိန်၊ စိုက်ပျိုးချိန်၊ ကောက်ကွက်ပြည့်မီရေး၊ ရေသွင်း၊ ရေထုတ်၊ သွင်းအားစု၊ ပေါင်းသတ်ရေးပါမကျန် တောင်သူတစ်ဦးချင်းစီ သိနားလည်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တာဝန်ယူထားကြသည့် စိုက်ပျိုးရေးတာဝန်ခံများက တောင်သူ လယ်သမားများအား ကွင်းဆင်းအသိပညာပေး ပံ့ပိုးကူညီဆောင်ရွက်ကြရမည်ဖြစ်သည်။ သို့မှသာ တစ်ဧကအထွက်နှုန်းတိုးပြီး တောင်သူလယ်သမားများ၏ အကျိုး စီးပွားကို တစ်ဖက်တစ်လမ်းမှ မြှင့်တင်ပေးရာရောက်မည်ဖြစ်သည်။ လယ်ယာ ထွက်ကုန်များ တိုးတက်ထွက်ရှိရေး၊ ဝင်ငွေတိုးတက်ရေးသည်တောင်သူလယ်သမား များအတွက်သာမက တိုင်းပြည်စီးပွားရေးကိုပါ အထောက်အကူပြုမည်ဖြစ်သည်။ လယ်ယာကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့်အထောက်အကူပြု ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် တောင်သူများ၏ လက်ဝယ်အရောက် ဖြန့်ဖြူးပေးနိုင်ရန် နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းလက်တွဲ၍ ဆောင်ရွက်ကြရန် လိုအပ်ပေသည်။ I သို့ဖြစ်ရာ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေသည် တောင်သူလယ်သမားများအားလက်တွေ့အကျိုးရှိထိရောက်သောရည်ရွယ်ချက်များပါဝင်နေသဖြင့် ပြဋ္ဌာန်းထားသောဥပဒေ၊ နည်းဥပဒေတွင် ပါရှိသည့် အတိုင်း တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက် လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း။ ။ ကြေးမုံအယ်ဒီတာ့အာဘော်