Skip to main content

ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် လုပ်ငန်းအဖွဲ့၏ (၃၇)ကြိမ်မြောက် အစည်းအဝေး၌ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက မြန်မာနိုင်ငံအပေါ် အကြုံချက်နှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် မေ ၁၉

ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့်  လုပ်ငန်းစဉ် (Universal Periodic Review- UPR) လုပ်ငန်းအဖွဲ့၏ (၃၇)ကြိမ်မြောက် အစည်းအဝေးတွင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက မြန်မာနိုင်ငံအပေါ် အကြံပြုချက်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်ထောင်စုရှေ့နေ ချုပ်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

UPR လုပ်ငန်းအဖွဲ့သို့ ပေးပို့

အစည်းအဝေးတွင် အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်က အကြံပြု ချက် ၁၈၉ ချက်အပေါ် မြန်မာ နိုင်ငံ၏ရပ်တည်ချက်ကို လာမည့် ဇွန်လအတွင်း UPR လုပ်ငန်းအဖွဲ့ သို့ပေးပို့ရမည် ဖြစ်ပါကြောင်း၊ အကြံပြုချက်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများက လက်တွေ့ ဆောင်ရွက်နေမှုကို အခြေခံ၍ သုံးသပ်ဆွေးနွေးကြရန် ဖြစ်ကြောင်း၊ အကြံပြုချက်အချို့ နှင့်စပ်လျဉ်း၍ လမ်းညွှန်မှုခံယူ ဆောင်ရွက်ကြရမည် ဖြစ်ပါ ကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ သီတာဦးက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် ဖြစ်သော မြန်မာနိုင်ငံသည် UPR ပထမအကျော့ အစီရင်ခံစာကို ၂၀၁၀ ပြည့်နှစ်တွင် လည်းကောင်း၊ ဒုတိယအကျော့ အစီရင်ခံစာကို ၂၀၁၅ ခုနှစ်တွင် လည်းကောင်း တင်သွင်းခဲ့ပါ ကြောင်း၊ တတိယ အကျော့အစီရင်ခံစာကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် တင်သွင်းရန် အလှည့်ကျခဲ့သဖြင့် အစီရင်ခံစာ တင်သွင်းနိုင်ရန်အတွက် ပြည်ထောင်စုရှေ့နေချုပ် ရုံးက ဦးဆောင်၍ ရေးသားပြုစု ခဲ့ပါကြောင်း၊ အဆိုပါအစီရင်ခံစာကို ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့် အရေးအခြေအနေကို ပုံမှန်သုံးသပ် သည့်လုပ်ငန်းစဉ် (Universal Periodic Review-UPR) solo ပြုတိုက်တွန်းချက်များ အကောင် အထည်ဖော် ဆောင်ရွက်ရေး အမျိုးသားအဆင့် ကော်မတီ၏ အတည်ပြုချက်ဖြင့် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် ရုံးမှတစ်ဆင့် ကုလသမဂ္ဂလူ့အခွင့် အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)သို့ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် သတ်မှတ်ရက်အတွင်း ပေးပို့ခဲ့ပါကြောင်း၊ တတိယအကျော့ အစီရင်ခံစာအပေါ် UPR လုပ်ငန်းအဖွဲ့၏ (၃၇)ကြိမ်မြောက် အစည်းအဝေး ကာလအတွင်း ၂၅-၁-၂၀၂၁ ရက်နေ့ တွင် သုံးသပ်မှုခံယူခဲ့ရာ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင် ၁၀၆ နိုင်ငံမှ မြန်မာနိုင်ငံအပေါ် အကြံပြုချက် ၃၅၄ ချက်ကို အကြံပြုခဲ့ကြပါကြောင်း၊ အကြံပြုချက် ၃၅၄ ချက်အပေါ် မြန်မာနိုင်ငံ၏ ရပ်တည်ချက်ကို ၂၇-၁ ၂၀၂၁ ရက်နေ့တွင် ပြန်ကြားခဲ့ရာ အကြံပြုချက် ၁၁၉ ချက်အပေါ် လက်ခံသည်ဟူ၍ လည်းကောင်း၊ အကြံပြုချက် ၄၆ ချက်အပေါ် မှတ်သားထားသည်ဟူ၍ လည်း

ကောင်း၊ အကြံပြုချက် ၁၈၉ ချက် အပေါ် စိစစ်ပြန်ကြားမည်ဟူ၍ လည်းကောင်း ပြန်ကြားခဲ့ပါ ကြောင်း၊ ယခုအစည်းအဝေးတွင် မြန်မာနိုင်ငံမှ ပြန်ကြားရန်ကျန်ရှိသည့် အကြံပြုချက် ၁၈၉ ချက်ကို သက်ဆိုင်ရာဌာနများမှ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အပေါ်မူတည်၍ လက်ခံရန် သင့်/မသင့် ဆွေးနွေးကြမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

တက်ရောက်

 

အစည်းအဝေးသို့ ဒုတိယရှေ့နေချုပ် ဦးစန်းလွင်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ ကြကြောင်းသိရသည်။

သတင်းစဉ်