နေပြည်တော် မေ ၁
တပ်မတော်အနေဖြင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိပြီး ပြည်သူလူထု အတွက်အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေး အတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် နယ်လှည့်ဆေးကုသရေးအဖွဲ့များ စုစည်းက ဒေသခံပြည်သူလူထု များကို ကျန်းမာရေးစစ်ဆေးပေး ခြင်း၊ လိုအပ်သည့်ကာကွယ်ဆေး များ ထိုးနှံပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့်လူနာများကို ခွဲစိတ်ကုသပေးခြင်း၊ ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းများ ဆောင် ရွက်လျက်ရှိသည်။
ထို့ပြင် ပြည်သူလူထု၏ အရေးပေါ် ကျန်းမာရေးဆိုင်ရာ ကုသမှုများ ဆောင်ရွက်ပေးနိုင်ရန် အတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများတွင် ကျန်းမာရေးစောင့်ရှောက်မှုများကို နေ့ညမပြတ် ဆောင်ရွက် ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၁၇၆၉၀၂ ဦး၊ အတွင်းလူနာ ၄၃၇၉ ဦးကို ကုသပေးနိုင်ခဲ့သည်။
ယင်းလူနာများအနက် အကြီးစား ခွဲစိတ်ကုသရန် လိုအပ်သူ ၈၃၁၀၊ အသေးစားခွဲစိတ် ကုသရန်လိုအပ်သူ ၄၂၅၃ ဦး၊ စုစုပေါင်း ၁၂၅၆၃ ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့သည့်အပြင် စိုးရိမ် ဖွယ်ရာရှိသည့်လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူး ကြပ်မတ်ကုသပေး လျက်ရှိသည်။
ထို့ပြင် ကလေးမီးဖွားလူနာ ၄၃၁၀ ကို ခွဲစိတ်၍ လည်းကောင်း၊ ၆၅၆၀ ကို သာမန်ဖြင့်လည်း ကောင်း မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ ကလေးငယ် ၁၀၈၇၀ ကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍လည်း တပ်မတော်အနေဖြင့် ပြည်သူလူထု၏ကျန်းမာရေးကဏ္ဍ မြင့်မားရန်အတွက် အရှိန်အဟုန်ဖြင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်