Skip to main content

ပုံခိုင်း နှိုင်းစရာမဟုတ်

 

မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများမှ လူများ၏ အမြင်မှာ ကြောက်မက်ဖွယ်ရာ ကောင်းနေသည်။ ၎င်းတို့သည် မြန်မာနိုင်ငံ ပကတိအခြေအနေကို မှန်ကန်စွာ သိနားလည်မှု မရှိခြင်း၊ သို့မဟုတ် မိမိလိုသလို ပုံဖော်ရှုမြင်နေကြခြင်းဖြစ်သဖြင့် ၎င်းတို့၏ ထင်မြင်ယူဆချက်များမှာ အမှန်နှင့် လွဲချော်နေမည်ဖြစ်သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက မြန်မာ နိုင်ငံ၏ လတ်တလောအခြေအနေကို ဆီးရီးယားနှင့် နှိုင်းယှဉ်၍ ပြောကြားခဲ့ရာ မြန်မာနိုင်ငံသည် ဆီးရီးယားကဲ့သို့ အဖြစ်မျိုး လုံးဝဖြစ်လာမည်မဟုတ်ကြောင်း RIA News နှင့် အမေးအဖြေ ပြုလုပ်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်း ပြန်ကြားရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြော ကြားခဲ့သည်။ ဆီးရီးယားပဋိပက္ခသည် ၂၀၁ ခုနှစ် မတ်လအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆန္ဒပြသူများက အစိုးရအပြောင်းအလဲ ပြုလုပ်ရန် တောင်းဆိုရာမှ စတင်သည်။ အာရပ်နွေဦးလူထု အုံကြွမှု များ၏ ရိုက်ခတ်မှုကြောင့် ဆီးရီးယားဆယ်ကျော်သက် လူငယ်များက သမ္မတဘာရှအယ် အာဆတ်ကို နုတ်ထွက်ပေးရန်

တောင်းဆိုခဲ့ရာ ဆန္ဒပြမှုများကို အစိုးရက ဖြိုခွင်းခဲ့သည်။ ဆူပူ အုံကြွသူများဘက်မှ အာရပ်ပင်လယ်ကွေ့ နိုင်ငံများက ပါဝင် ကူညီခဲ့ကြသလို နောက်ပိုင်းတွင် နိုင်ငံခြားတိုင်းပြည်ကြီးများက ဘက်နှစ် ဖက်မှ အသီးသီးပါဝင်ခဲ့ကြခြင်း ဖြင့် ပြည်တွင်းစစ်ကြီး ဖြစ်လာပြီး မြို့ရွာများစွာ ပြာပုံဘဝရောက်ခဲ့ရသလို နိုင်ငံလူဦးရေ ထက်ဝက်ကျော်တို့ နေရပ်စွန့်ခွာခဲ့ကြရသည်။ ပြည်တွင်ဆစ် ၁ဝ နှစ်တာခန့်ရောက်ရှိလာချိန်တွင် သေဆုံးသူ စုစုပေါင်းမှာ ၃၈ဝဝဝဝကျော်ခဲ့ပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလက စတင်ခဲ့သည့် နိုင်ငံရေးဖြစ်စဉ်များနှင့် ဆူပူအကြမ်းဖက်မှုများသည် အခြေခံ အကြောင်းတရားအရသော်လည်းကောင်း၊ ဖြစ်ပေါ်လာခဲ့သည့် ပုံစံများအရသော်လည်းကောင်း ဆီးရီးယားနှင့် မတူညီသကဲ့သို့ ဆီးရီးယားကဲ့သို့ဖြစ်လာနိုင်စရာအကြောင်းလည်း မရှိ။ မြန်မာနိုင်ငံ သည် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေသည့် နိုင်ငံဖြစ်ပြီး လက်ရှိအခြေအနေသည် ဒီမိုကရေစီလမ်း ကြောင်းမှ  ယိမ်းယိုင်လွဲချော်မည့်အခြေအနေကို ပြန်လည်ထိန်းသော်သည့်အခြေ အနေသာ ဖြစ်သည်။ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ပြန်လည်ကျင်ဆနိုင်ရန် အတွက်မဲဆန္ဒပေးရန် အရွယ် ရောက်သူများအား နိုင်ငံသာစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း မဲစာရင်းများ စစ်ဆေးခြင်းအပါအဝင် ပြုဖွယ်ကိစ္စများအားလုံးကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်ကာ အချိန်တန်လျှင် ပြည်သူက ရွေးချယ်တင်မြှောက်သည့် အစိုးရတစ်ရပ် ပေါ်ထွက်လာ မည်ဖြစ်သည်။

သို့ရာတွင် မြန်မာနိုင်ငံနှင့် ပတ်သက်လာလျှင် မည်သည့် အစိုးရ လက်ထက်ပင်ဖြစ်စေ အဆိုးမြင်ဖြင့် တစ်ဖက်သတ်ပုံဖော်သူများ၊ လက်ရှိနိုင်ငံရေးဖြစ်စဉ်အပေါ် မကျေနပ်သူများ၊ အနောက်နိုင်ငံများမှ မီဒီယာများ၊ အနောက်နိုင်ငံများ၏ ထောက်ပံ့ခံ ပြည်တွင်းမီဒီယာ များ၏ တစ်ဖက်စောင်းနင်းပုံဖော်များအောက်တွင် မြန်မာနိုင်ငံမှာ ပုံပျက်ပန်းပျက်ဖြစ်ခဲ့ရသလိုမှားယွင်သည့်ထင်မြင်ယူဆချက်များနှင့်

ကောက်ချက်ဆွဲမှုများလည်းပေါ်ထွက်ခဲ့ရခြင်းဖြစ်သည်။ မြန်မာနိုင်ငံ ၏လက်ရှိအခြေအနေမှာဆူပူအုံကြွမှုများ လျော့နည်းလာပြီး ပုံမှန် အေးချမ်းစွာ သွားလာနေထိုင်မှုများကိုသာ တွေ့မြင်နေရပြီဖြစ်သည်။ ဆူပူမှုများရှိနေသေးကြောင်း ဖေ့စ်ဘုတ်နှင့် တစ်ဖက်စောင်းနင်း မီဒီယာများတွင် ပြသနိုင်ရုံ လှုပ်ရှားနေသည့်အုပ်စု အနည်းငယ်တို့ ရှိနေပြီး ယင်းတို့မှာလည်း တည်ငြိမ်အေးချမ်းမှုကို လိုလားသူ ပြည်သူ တို့၏လက်မခံမှုကြောင့် မကြာမီမှာပင် ပျောက်ကွယ်သွားကြမည်မှာ ဧကန်မလွဲပင်ဖြစ်သည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေး၊ ပညာရေး၊ လူမှု ရေးအပါအဝင် ကဏ္ဍများစွာတို့တွင် အထိနာထားရသည့် မိမိတို့ နိုင်ငံအနေဖြင့် ဆူပူအကြမ်းဖက်သမားများကြောင့် ထပ်ဆင့် အထိနာရသည့်အခြေနေတို့ကို လက်တွေ့ခါး စည်းခံကြရမည့်သူများ မှာ ပြည်သူများသာဖြစ်သည်။ ပြည်သူများထဲတွင်မှ ဝင်ငွေနည်း ပြည်သူတို့၏ နိစ္စဓူဝနေ့စဉ်သေများအတွက် တရားဥပဒေစိုးမိုးမှုနှင့် ရပ်ရွာတည်ငြိမ်အေးချမ်းမှုတို့ အဓိကလိုအပ်ပြီး ၎င်းတို့၏ စားတော် နေရေး အရေးသုံးပါးတို့ကို ဆန္ဒပြပွဲများတာဝန်ငြင်းဆန်အာခံလှုပ်ရှား မှုများ၊ သပိတ်များ ကမ်ပိန်းများဖြင့် ဖန်တီး၍ မရနိုင်ပါကြောင်း။