Skip to main content

ကျွမ်းကျင်တတ်မြောက်သည့်ပညာကို ကျင့်ဝတ်နှင့်အညီ အသက်မွေးမှုပြု

 

မိမိတို့ကျွမ်းကျင်တတ်မြောက်ထားသော ပညာရပ်များသည်အသက်မွေးဝမ်းကျောင်း ပြုရန်၊ အသက်မွေးဝမ်းကျောင်းပြုပြီး ပြည်သူကို အလုပ်အကျွေးပြုရန်ဖြစ်သည်။ မိမိတို့ ကျွမ်းကျင်တတ်မြောက်ထား သော ပညာရပ်များသည် နိုင်ငံရေးလုပ်ရန် မဟုတ်ပေ။ နိုင်ငံရေးနှင့် အသက်မွေးဝမ်းကျောင်းရေးကို ရောထွေးခြင်းပြု၍ မိမိတို့ အတွက်သာမက နိုင်ငံအတွက်ပါ မဖြစ်သင့်မဖြစ်ထိုက်သော အဖြစ်များနှင့်ကြုံတွေ့ နေရသည်ကို တွေ့ရသည်။

 

ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုတစ်ခုကို ပရော်ဖက်ရှင်နယ် (Professional) | ဟုခေါ်သည်။ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူတို့သည် ပရော်ဖက်ရှင်နယ်ပီသရန်လို သည်။ ပရော်ဖက်ရှင်နယ်ပီသရန်ဆိုသည်မှာ သက်ဆိုင်ရာပညာရပ်အ လိုက် လိုက်နာ ထိန်းသိမ်းရမည့် ကျင့်ဝတ်များနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်သည်။ ဒုတိယအကြိမ် ဒီမိုကရေစီသက်တမ်းကူးပြောင်းမှုကာလတွင် ပညာရပ်ဆိုင်ရာကျွမ်းကျင်သူတို့ သည် နိုင်ငံရေးဆိုင်ရာ ယုံကြည်မှုများ တိုးပွားလာကြရာ မိမိတို့၏ ပရော်ဖက်ရှင်နယ် ပီသမှုများကိုပင် ပစ်ပယ်လာကြ သည်ကို တွေ့ရသည်။ ထင်သာမြင်သာအားဖြင့် မီဒီယာကဏ္ဍ၊ ဆေးပညာကဏ္ဍ၊ ပညာရေးဆိုင်ရာကဏ္ဍ စသည့်အရေးပါသော ကဏ္ဍတို့တွင် ဖောက်ဖျက်လာကြသည်ကိုတွေ့ရသည်။

 

ဆေးပညာကဏ္ဍတွင် ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်ရန် အတွက် ပြည်သူ့ဆေးရုံများကို အဓိကအားကိုးအားထားပြုနေရသည်။ ပြည်သူ့ ဆေးရုံများတွင် ဆေးကုသမှုဆောင်ရွက်ရာ၌ ဆရာဝန်များအပြင် သူနာပြုများ၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ဝန်ထမ်းများ၏ အခန်းကဏ္ဍမှာ မရှိမဖြစ်အရေးကြီး သည်။ ယခုအချိန်ကာ လတွင် ကျန်းမာရေးဝန်ထမ်းများသည် မိမိတို့၏ ပရော်ဖက် ရှင်နယ်ပီသမှုကို ပစ်ပယ်ပြီး ပြည်သူ့ဆေးရုံ များကို စွန့်ခွာသွားကြသောကြောင့် အချို့ဆေးရုံများမှာ ပိတ်ထားခြင်း၊ ပုံမှန်လည်ပတ်နိုင်မှု မရှိခြင်းတို့ကြောင့် ရောဂါကုသလိုသော ပြည်သူတို့အနေဖြင့် ဒုက္ခအခက်အခဲများကြုံတွေ့နေရသည်။

 

သို့သော် ဆရာဝန်၊ သူနာပြုဆေးဘက်ဆိုင်ရာကျွမ်းကျင်သူ အားလုံး မဟုတ်ပါ။ မိမိတို့၏ ပရော်ဖက်ရှင်နယ် ပီသမှုနှင့် မိမိတို့၏ စောင့်ထိန်းရမည့် ကျင့်ဝတ်များကို လေးစားလိုက်ကာ ပြည်သူလူထုကို ဆေးကုသမှုမပျက် တာဝန် ထမ်းဆောင်နေကြသူများလည်းရှိပါသည်။ ကျန်းမာရေးအင်အား လျော့နည်းသွား

သော်လည်း ရှိသည့်အင်အားဖြင့် လူနာများကို ရောဂါရှာဖွေပေးရေး၊ ဆေးကုသ ပေးရေးတို့ကို ဆက်လက်ကြိုးပမ်း ထမ်းဆောင်ပေးနေကြသည်ကို သိရှိရသဖြင့် အထူးပင်ဝမ်းမြောက်ဂုဏ်ယူ ချီးကျူးမိပါသည်။ ဆေးရုံဝန်ထမ်းများနည်းတူ ပြည်သူ့ ကျန်းမာရေးဝန်ထမ်းများသည်လည်း တာဝန်ကျေပွန်စွာထမ်းဆောင်လျက်ရှိ သဖြင့် အသိအမှတ်ပြုကြရမည်ဖြစ်ပါသည်။ ။

ပရော်ဖက်ရှင်နယ်ဟူသည် မိမိတို့တတ်မြောက်ထားသည့်ပညာဖြင့် ပြည်သူကို အလုပ်အကျွေးပြုရန်ဖြစ်သည်။ ပရော်ဖက်ရှင်နယ်သမားတစ်ယောက်သည် နိုင်ငံရေးပြုလုပ်လိုပါက အစောကတည်းက မိမိတို့ပရော်ဖက်ရှင်နယ်လော ကမှ ထွက်ခွာ၍ နိုင်ငံရေးသက်သက်သာလုပ်ရန်ရှိသည်။ နိုင်ငံရေးဟူသည် လူမှုကိစ္စ အဝဝတို့ကို ဆောင်ရွက်ခြင်းဖြစ်သည်ဟူ၍ ရောထွေးပြောဆို၍မရပေ။ ပြည်သူကို ဝန်ဆောင်မှုပေးမည်ဆိုလျှင် နိုင်ငံရေးနှင့် ကင်းရှင်းရမည်သာဖြစ်သည်။ ဆေးရုံများ ပုံမှန်မလည်ပတ်နိုင်၍ အရေးပေါ်လူနာများ အသက်ဆုံးရှုံးမှုဖြစ်ရလျှင် မိမိတို့အနေ ဖြင့် ပြည်သူအပေါ် တာဝန်မဲ့ရာကျမည်ဖြစ်သည်။ အဖျက်အမှောင့်များ၊ မမှန်မကန် သွေးထိုးလှုံ့ဆော်မှုများကြောင့် မိမိတို့၏ ပရော်ဖက်ရှင်နယ်ပီသမှုကို စွန့်လွှတ်ရန် မသင့်ကြောင်း နားလည်သဘောပေါက်အောင် ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။

 

ယခုအခါ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါပိုးသစ် အခြားနိုင်ငံများတွင် ဖြစ်ပေါ်လျက်ရှိသည်။ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါပိုးသစ်ကူးစက်ပျံ့နှံ့လာ ခြင်းမရှိအောင် ဆောင်ရွက်ရာ၌ ကျန်းမာရေးဝန်ထမ်းများ၏ ပရော်ဖက်ရှင်နယ် ပီသမှုကျင့်ဝတ်နှင့်အညီ ပြည်သူလူထုအား စောင့်ရှောက်ကူညီပေးမှု အထူးလိုအပ် နေပါသည်။ အကယ်၍ ကိုဗစ်-၁၉ တတိယလှိုင်းရောက်ရှိလာပါက ပြည်သူလူထု၏ အသက်ဆုံးရှုံးမှုများ ယခုထက်အဆမတန် များပြားမှုဖြစ်လာမည်ကို ကျန်းမာရေး ဆိုင်ရာ ပရော်ဖက်ရှင်နယ်ဝန်ထမ်းများက နားလည်သိမြင်၍ ပြည်သူလူထု၏ ကျန်းမာရေး၊ အသက်အန္တရာယ်မဖြစ်စေရေးကို ကျင့်ဝတ်နှင့်အညီ ပြန်လည် တာဝန်ထမ်းဆောင်ကြရန်လိုအပ်ပါသည်။ သို့မှသာ ကျန်းမာရေးပညာရှင်၊ ပရော်ဖက်ရှင် နယ်ပီသသူ ဖြစ်ပေလိမ့်မည်။

သို့ဖြစ်ရာ မမှန်သတင်းစကားများကြောင့် မကောင်းသော သတင်းစကားများ ကြောင့် မိမိတို့၏ ပရော်ဖက်ရှင်နယ်ပီသ မှုများ ပျက်ယွင်းစေသည်သာမက ပြည်သူ လူထုနှင့်တိုင်းပြည်အကျိုး ပျက်စီးရာပျက်စီးကြောင်း ပါဖြစ်စေနိုင်သဖြင့် မမှန်သတင်း များ၊ သွေးထိုးလှုံ့ဆော်မှုများကို ရှောင်ရှားကာ နိုင်ငံနှင့်ပြည်သူလူထုအကျိုးကို ကျွမ်းကျင်တတ်မြောက်သည့်ပညာဖြင့် ကျင့်ဝတ်နှင့်အညီ ပရော်ဖက်ရှင်နယ်ပီ သစွာ ပါဝင်ထမ်းဆောင်ခြင်းဖြင့် အကျိုးပြုကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။