နေပြည်တော် ဧပြီ ၁၆
၁၉၇၃ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော သုတပဒေသာစာစောင်ကို မျက်နှာဖုံး ဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ်အပြင်အဆင်တို့ အပြောင်းအလဲများ ပြုလုပ်ပြီး အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်းရှိ လူငယ်များကို ဦးတည်ပရိသတ် အဖြစ်ထားကာ လစဉ်ထုတ်ဝေလျက်ရှိပါသည်။ နိုင်ငံတကာထုတ် စာအုပ်စာစောင်များမှကောင်းနိုးရာ ခေတ်မီအကြောင်းအရာများနှင့် ယခု လအတွက် အထူးပြုရေးသားသည့် “ကိုဗစ်ကာလ နှင့်နည်းပညာ အသုံးပြုမှု” မျက်နှာဖုံးဆောင်းပါးကြီး များ ပါဝင်သော သုတပဒေသာစာစောင် (ဧပြီလ) ကို ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန် က ဖြန့်ချိလိုက်ပြီဖြစ်သည်။
၂၀၂၁ ခုနှစ် ဧပြီလထုတ် သုတပဒေသာ စာစောင်တွင် ဒေါက်တာ ခင်မောင်ညို၊ တင်တင် ဝင်း (စာပေဗိမာန်)၊ စိုးနိုင်ထွန်း (ကနီ) တို့၏ “ကိုဗစ်ကာလနှင့် နည်းပညာအသုံးပြုမှု” မျက်နှာ ဖုံးဆောင်းပါး များ၊ နေမျိုးနိုင်၊ ထင်ဇော်မှူးသင်၊မောင်ပေါ်ထွန်းတို့၏ အတွေးအခေါ်နှင့် တက်ကျမ်း ဆိုင်ရာဆောင်းပါး များ၊ ချိုးငှက်(သံတွဲ)၊ ကျော်ရှင်း တို့၏ နိုင်ငံတကာဆိုင်ရာ ဆောင်းပါးများ၊ မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)၊ အောင်မြတ်စည်သူတို့၏ စီးပွားရေးဆိုင်ရာဆောင်းပါးများ၊ မြသိန်း၊ ခင်မောင်ခြိမ့်၊ ကိုဇော်ဌေး (ယဉ်ကျေးမှု)၊ လင်းထက်သော်တာတို့၏ သဘာဝ ပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာဆောင်းပါး များ၊ထီလာစိုးမြင့်ထယ်၏သိပ္ပံနှင့် နည်းပညာဆိုင်ရာဆောင်းပါး၊ ရှင်စောဖြူ၊ ဒေါက်တာ မြင့်သန်း (သန္ဓေသား)၊ သူဇာ၊ ရဲထက်ဇော်၊ မြသွေးခြယ်တို့ ၏ မူးယစ်နှင့် ကျန်းမာရေးဆိုင်ရာဆောင်းပါးများ၊ ရဲရင့်နဒီ၏ လူကုန်ကူးမှုဆိုင်ရာဆောင်းပါး၊ ဦးဘသန်း(မဟာဝိဇ္ဇာ)၊ စိန်ဝင်းမော်၊ ခြယ်မှုန်းသီ၊ ကိုရင်ကျော်၊ ဒေါက်တာလွင်သန့်၊ ဆောင်းဝင်လတ်၊ ( ပါမောက္ခ ဦးသိန်းလှိုင်၊ မြတ်လေးမြင့်၊ မော် (သန်လျင်) တို့၏ ကဗျာ၊ ဟာသ၊ ဖြစ်ရပ်မှန်၊ ဝတ္ထု တိုနှင့် အထွေထွေကဏ္ဍများကို ရောင်စုံ၊ ဖြူ/ မည်းသရုပ်ဖော်ပုံ ဝေဝေဆာဆာဖြင့် စီစဉ် တင်ဆက်ထားသည်။
အဆိုပါ သုတပဒေသာစာစောင်ကို တစ်အုပ် လျှင် ငွေကျပ် ၂၅၀၀ နှုန်းဖြင့် စာပေဗိမာန်စာအုပ် အရောင်းဆိုင် အမှတ်(တ-၅၅) သပြေကုန်းဈေး၊ နေပြည်တော် ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (၅၂၉-၅၃၁) ကုန်သည်လမ်း ရန်ကုန်မြို့၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား မန္တလေး ဖုန်း၀၂-၄၀၃၀၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေ ဗိမာန် စာအုပ်အရောင်းဆိုင် အမှတ် (၅၂၉-၅၃၁) ကုန်သည်လမ်း ရန်ကုန်မြို့ ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ကြောင်း သိရ သည်။
သတင်းစဉ်