Skip to main content

ဒုတိယဝန်ကြီး ဦးမျိုးလှိုင်ရန်ကုန်မြို့တွင် စခန်းသွင်းလေ့ကျင့်နေကြသော အားကစား သမားများကို အားပေးစကား ပြောကြား ခြင်းနှင့် ရန်ကုန်မြို့နှင့် စစ်တွေမြို့ရှိ အားကစား ကွင်း/ရုံများကိုကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၁၂ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့် ကာယပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ဧပြီ ၁၀ ရက်တွင် နိုဝင်ဘာလအတွင်း ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် (၃၁)ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အင်းယားကန်ရှိ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ် လေ့ကျင့်ရေးစခန်း၌ စခန်းသွင်းလေ့ကျင့်လျက်ရှိကြသော လှေလှော် အားကစား သမားများကို တွေ့ဆုံ၍ လိုအပ်သည်များမှာကြားပြီး အားကစားသမားများအတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။ ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ မြန်မာနိုင်ငံ သေနတ်ပစ် အဖွဲ့ချုပ်လေ့ကျင့်ရေးစခန်းသို့ ရောက်ရှိပြီး ဥက္ကဋ္ဌ ဦးကျော်မိုးဝင်းနှင့် နည်းပြ များ၊ အားကစား သမားများကို တွေ့ဆုံအားပေးစကားပြောကြား၍ တင်ပြချက်များ အပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် သုဝဏ္ဏအားကစားပြိုင်ကွင်းအတွင်း တည်ဆောက် လျက်ရှိသော အားကစားသမား တည်းခိုဆောင်နှင့် ထမင်းစားဆောင်၊ မီးဖိုတို့ တည်ဆောက် နေမှုကိုလည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် အမျိုးသားအားကစား ပြိုင်ပွဲရုံ (၁)(သုဝဏ္ဏ) အကြီးစားပြုပြင်နေမှုများကိုလည်းကောင်း၊ ဧပြီ ၁၁ ရက်တွင် စစ်တွေမြို့ သို့သွားရောက်၍ အားကစားနှင့် ကာယပညာသိပ္ပံ(စစ်တွေ) တည်ဆောက်နေမှု များကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။ အားကစားနှင့်ကာယပညာသိပ္ပံ(စစ်တွေ)ကို ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဖွင့်လှစ်နိုင် ရန် လျာထား၍ (၃)ထပ်သင်တန်းသား/သင်တန်းသူအိပ်ဆောင်(၂)လုံး၊ ထမင်းစားဆောင်၊ အားကစားလေ့ကျင့်ရေးရုံ (၄)လုံး၊ ဘောလုံးအားကစားကွင်း(၂)ကွင်း၊ ကျောင်းအုပ်ချုပ်မှု (၂)ထပ်ရုံး၊ (၂)ထပ် စာသင်ဆောင်နှင့် ဝန်ထမ်းအိမ်ရာများပါဝင်ပြီး ငွေကျပ်သန်း (၃၀၀၀)ခန့် အကုန်အကျခံ တည်ဆောက်နေခြင်းဖြစ်ကာ ပြီးစီးပါက ရခိုင်ပြည်နယ်အတွင်းမှ အရည်အချင်း ကိုက်ညီသူ သင်တန်းသား /သင်တန်းသူ (၂၅၀)အထိ ရွေးချယ်လက်ခံ၍ နိုင်ငံတော်အထောက် အပံ့ဖြင့် အားကစားနည်း(၆)မျိုး သင်ကြားလေ့ကျင့်ပေးသွားမည့်အပြင် အခြေခံပညာအထက် တန်းအောင်မြင်သည်အထိ ပညာသင်ကြားပေးပြီး ထူးချွန်သူများကို B.Sc(Sports) ဘာသာရပ် ဖြင့် တက္ကသိုလ်ပညာဆက်လက် သင်ကြားပေးသွားမည်ဖြစ်သည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် စစ်တွေမြို့ရှိ ဓညဝတီအားကစားကွင်းအတွင်း ဘောလုံးကွင်း အဆင့်မြှင့်ပြင်ဆင်နေမှုနှင့် Synthetic ရာဘာပြေးလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် စစ်တွေမြို့ရှိ ပြည်နယ်/ခရိုင်/မြို့နယ် အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ ဝန်ထမ်းများကိုတွေ့ဆုံ၍ အားကစားကွင်း/ရုံများ ထိန်းသိမ်းရေး၊ အားကစားရုံပြင်ပ အားကစားပြိုင်ပွဲများကျင်းပရေး၊ COVID-19 ဆိုင်ရာ စည်းကမ်းသတ်မှတ် ချက်များနှင့်အညီ နွေရာသီအားကစားသင်တန်းများတွင် မြန်မာ့သိုင်း၊ ခြင်းလုံးနှင့် အခြား အားကစားနည်းများ သင်ကြားလေ့ကျင့် ပေးနိုင်ရေးတို့ကိုမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက် များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် စစ်တွေမြို့ ဓညဝတီအားကစားရုံရှေ့တွင် ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၏ အစီအစဉ်ဖြင့် လေးဝတီကရာတေးဒိုကလပ်မှ နွေရာသီ ကရာတေးဒိုသင်တန်း ဖွင့်လှစ်နေမှုအခြေအနေများနှင့် စစ်ကဲဘုန်းတော်ကြီး ကျောင်းတွင် ရခိုင်ပြည် နယ် ရှမ်းကြီးသိုင်းနှင့် ဗန်ဒို(ပင်မ)ကလပ်၏ နွေရာသီသိုင်းသင်တန်း ဖွင့်လှစ်နေမှုကို ကြည့်ရှုအားပေးပြီး လေ့ကျင့်ရေးအထောက်အကူပစ္စည်းများနှင့် အားကစား ဝတ်စုံများထောက်ပံ့ ပေးအပ်သည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် ရခိုင်ယူနိုက်တက်ကလပ်အသင်းကို ငှားရမ်းအသုံးပြု ခွင့် ပေးထားသော စစ်တွေမြို့ ဝေသာလီအားကစားကွင်းကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး အားကစား ကွင်း စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)